Asia
ကင်ဂျုံအန်းက တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ အာဇာနည်ဗိမာန်သို့ သွားရောက်ဂါရဝပြု
ပြုံယမ်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် ခုခံတော်လှန်ရေး ကိုရီးယားစစ်ပွဲတပ်ကူရန် တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ ပြည်ပစစ်ဆင်ရေး ၇၅ နှစ်ပြည့် အခါသမယတွင် ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် အောက်တိုဘာ ၂၄ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ South Phyongan ပြည်နယ် Hoechang ကောင်တီရှိ တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ အာဇာနည် ဂူဗိမာန်သို့ လာရောက်၍ အာဇာနည်များအား အလေးအမြတ်ထား ဂါရဝပြုခဲ့ကြောင်း KCNA သတင်းဌာန၏ အောက်တိုဘာ ၂၅ ရက် သတင်းများအရ သိရသည်။
မြောက်ကိုရီးယား ပြည်သူ့တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့သည် တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ အာဇာနည်စစ်သည်များ ဂူဗိမာန်ရှေ့တွင် တန်းစီကာ တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံ နိုင်ငံတော်သီချင်းအား တီးမှုတ်ခဲ့ကြကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကင်ဂျုံးအန်း အမည်ဖြင့်လည်းကောင်း၊ ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ရေးရာကော်မရှင်အမည်ဖြင့်လည်းကောင်း ပန်းခြင်းများဖြင့် ဂါရဝပြုခဲ့ကြကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ကင်ဂျုံအန်းသည် တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ အာဇာနည်များအား ဝမ်းနည်းအောက်မေ့ရန်အတွက် ဆိတ်ငြိမ်စွာ မတ်တတ်ရပ်ခဲ့ကြောင်း၊ ထို့နောက် မော်အန့်ရင်း အာဇာနည်ဂူဗိမာန်သို့ သွားရောက်၍ ပန်းချကာ ဂါရဝပြုခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
“တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ အာဇာနည်များသည် အသက်သွေးဖြင့် မိမိတို့၏နိုင်ငံ ပြည်သူများတော်လှန်ရေးစစ်ပွဲတွင် ကူညီပံ့ပိုးခဲ့ရာ နိုင်ငံတကာဝါဒစိတ်ဓာတ်နှင့် ညီအစ်ကိုရင်းချာ ချစ်ကြည်ရေးကို ပြသခဲ့ကြကြောင်း၊ ၎င်းတို့ မျက်နှာပုံရိပ်များသည် မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေး၏ အဖိုးတန်ပြယုဂ်အဖြစ် နှစ်နိုင်ငံပြည်သူများ၏စိတ်နှလုံးတွင် တန်ဖိုးထားကိန်းအောင်းလျက်ရှိကြောင်း” KCNA ၏ သတင်းတွင် ဖော်ပြထားသည်။
“အချိန်ကာလမည်မျှပင် ကုန်လွန်စေကာမူ၊ မျိုးဆက် အဆက်ဆက်ပြောင်းလဲစေကာမူ မြောက်ကိုရီးယား ပြည်သူများသည် ထူးချွန်ထက်မြက်သည့် တရုတ်ပြည်သူများ မြေခခဲ့သည့် ရဲရဲတောက်သွေးနှင့် ဖျောက်ဖျက်၍မရသော အကျိုးဆောင်မှုကို မမေ့မလျော့ စွဲမြဲစွာ မှတ်သားထားမည် ဖြစ်ကြောင်း၊ ရဲရဲတောက်သွေးများဖြင့် သွေးစည်းခဲ့သည့် မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေးသည် အစဉ်အမြဲ မပြောင်းလဲဘဲ တည်ရှိနေမည် ဖြစ်ပြီး အင်ပါယာဝါဒဆန့်ကျင်၍ ကိုယ်ပိုင်ရပ်တည်ရေး၊ ဆိုရှယ်လစ်ဝါဒလုပ်ငန်းဖော်ဆောင်ရေးဟူသည့် မြင့်မြတ်သော တိုက်ပွဲတွင် ၎င်း၏ထိုးဖောက်မရအောင် ခိုင်မာမြဲမြံသော ရှင်သန်စွမ်းအားကို ပြသခဲ့ကြောင်း” လည်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)


——————-
(Chinese Version)
金正恩参谒中国人民志愿军烈士陵园
新华社平壤10月25日电(记者王超 冯亚松)据朝中社25日报道,在中国人民志愿军抗美援朝出国作战75周年之际,朝鲜劳动党总书记、国务委员长金正恩24日参谒位于平安南道桧仓郡的中国人民志愿军烈士陵园,向烈士们表示崇高敬意。
据报道,朝鲜人民军仪仗队在中国人民志愿军烈士陵园前整齐列队,现场奏响中朝两国国歌。朝方以金正恩名义并分别以朝鲜劳动党中央委员会、朝鲜民主主义人民共和国国务委员会名义敬献花篮。 报道说,金正恩肃立默哀,悼念中国人民志愿军烈士。金正恩随后凭吊了毛岸英烈士墓并献花,表示敬意。
朝中社在报道中说,“中国人民志愿军烈士们用鲜血支援我国人民的革命战争,发挥国际主义精神和兄弟友谊。他们的面容作为朝中友谊的宝贵象征珍藏在两国人民的心中。”
报道还说:“不管岁月流逝、世代交替,朝鲜人民永世不忘中国人民优秀儿女挥洒的鲜血和不灭功绩。以鲜血凝成的朝中友谊将一如既往,在实现反帝自主、社会主义事业的神圣斗争中彰显其牢不可破的生命力。”(完)
