Connect with us

Europe

ပြင်သစ်နိုင်ငံ လူဗာပြတိုက် ရတနာလုယက်မှု၏ သံသယရှိသူ ၅ ဦးအား ပြင်သစ်ရဲတပ်ဖွဲ့ ထပ်မံဖမ်းဆီးရမိ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် လူဗာပြတိုက်၏ ဖန်သားပြင်ပိရမစ် ဝင်ပေါက်ရှေ့၌ ခရီးသွားဧည့်သည် အများအပြား စုဝေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၂၉ ရက်တွင် ပဲရစ်ဒေသအတွင်း ရှာဖွေဖမ်းဆီးရေး လှုပ်ရှားမှုကြီးအတွင်း လူဗာပြတိုက် လုယက်မှု၏ သံသယရှိသူ ၅ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ပြင်သစ်နိုင်ငံ ပဲရစ် အစိုးရရှေ့နေ Laure Beccuau က အောက်တိုဘာ ၃၀ ရက်တွင် ပြင်သစ် RTL ရေဒီယို၏ အင်တာဗျူးအတွင်း ပြောကြားခဲ့သည်။ ထိုမတိုင်မီ ဖမ်းဆီးရမိထားသော ၂ ဦးအပါအဝင် အဆိုပါအမှုအတွက် ဖမ်းဆီးရမိထားသည့် သံသယရှိသူမှာ စုစုပေါင်း ၇ ဦး ရှိလာပြီဖြစ်သည်။

အသစ်ဖမ်းဆီးရမိထားသည့် သံသယရှိသူ ၅ ဦး အနက် တစ်ဦးမှာ အဓိကစုံစမ်းစစ်ဆေးခံရသူဖြစ်ကြောင်း၊ “သူ့ရဲ့ DNA သက်သေကြောင့် သူ့ကို ဒီလုယက်မှုနဲ့ ချိတ်ဆက်မိနိုင်ခဲ့တာပါ” ၊ အခြား ၄ ဦးသည် ရဲတပ်ဖွဲ့ထံသို့ သက်ဆိုင်ရာ ကိစ္စရပ်ဖြစ်စဉ်၏ အချက်အလက်များကို ပံ့ပိုးပေးနိုင်ကြောင်း Laure Beccuau က ဆိုသည်။
ထို့ပြင် ပြင်သစ် BFM TV ၏ သတင်းဖော်ပြချက်အရ အဆိုပါ သံသယရှိသူ ၅ ဦးကို ပဲရစ်နှင့် အနီးတစ်ဝိုက်ဒေသရှိ နေရာအသီးသီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ အောက်တိုဘာ ၂၉ ရက် ညပိုင်း ရှာဖွေဖမ်းဖမ်းဆီးမှုအတွင်း ခိုးယူခံရသည့် ရတနာပစ္စည်း ၈ မျိုးအား ရှာဖွေတွေ့ရှိခြင်းမရှိကြောင်း Laure Beccuau က ဆိုသည်။ သို့သော် ရှာဖွေစစ်ဆေးမှုနှင့် သံသယရှိသူအား စစ်ဆေးမေးမြန်းမှုများ တိုးလာမှုအရ “စုံစမ်းစစ်ဆေးမှုက တိုးတက်မှုတွေ ရှိလာပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

Laure Beccuau က ထိုမတိုင်မီ အောက်တိုဘာ ၂၉ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြစ်မှုကျူးလွန်သူသည် ပြတိုက်အတွင်းပိုင်း “အတူကြံစည်သူ” ၏ အကူအညီ ရရှိထားသည်ဟု ဖော်ပြသော သက်သေမရှိသေးကြောင်း၊ သို့သော် ပြစ်မှုကျူးလွန်သည့်အဖွဲ့ပမာဏသည် စောင့်ကြည့်ရေးကင်မရာ၌ ရိုက်ကူးရရှိထားသည့် ကျူးလွန်သူ ၄ ဦးထက်ပိုနိုင်သည့် ဖြစ်နိုင်ခြေကိုလည်း ဖယ်ရှား၍မရကြောင်း ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၉ ရက်တွင် မျက်နှာဖုံးစွပ်ထားသူ ၄ ဦးသည် လူဗာပြတိုက်အပြင်ဘက်သို့ ရောက်ရှိလာပြီး အတက်အဆင်းစက်လှေကားကို တာဝန်ခွဲလုပ်ဆောင်ကာ အဆောက်အဦအပြင်ဘက်ရှိ ဝရန်တာမှ အတွင်းခန်းထဲသို့ လျှိုဝင်၍ မိနစ်အနည်းငယ်အတွင်း ရတနာပစ္စည်း ၉ ခုကို လုယူသွားခဲ့သည်။ ၎င်းအနက် Napoleon III ၏ မိဖုရားခေါင်ကြီး Eugénie ၏ သရဖူကိုမူ ရဲဘက်က ပြန်လည်ရှာတွေ့ခဲ့ကြောင်း သိရသည်။

လူဗာပြတိုက် လုယူခံရမှုကြောင့် စီးပွားရေး နစ်နာဆုံးရှုံးမှု မျှော်မှန်းချက်သည် ယူရို ၈၈ သန်း ရှိနိုင်ကြောင်း ပဲရစ် အစိုးရရှေ့နေရုံးက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၅ ရက် ညပိုင်း၌ ဖမ်းဆီးရမိခဲ့သည့် သံသယရှိသူ ၂ ဦးကလည်း လုယက်မှုတွင် ပါဝင်ခဲ့သည်ဟု “အချို့တဝက် ဝန်ခံပြီး” ဖြစ်ရာ ၎င်းတို့အနေဖြင့် တရားစွဲဆိုခံထားရပြီး စစ်ဆေးမှုခံယူရန် ဖမ်းဆီးခံထားရကြောင်း သိရသည်။ (Xinhua)

——————
(Chinese Version)
法国警方又逮捕5名卢浮宫抢劫案嫌疑人
新华社巴黎10月30日电(记者唐霁)法国巴黎检察官洛尔·贝屈奥30日接受法国RTL电台采访时透露,警方29日晚在巴黎地区的大搜捕行动中又逮捕了5名卢浮宫博物馆抢劫案的嫌疑人。加之此前逮捕的2人,该案被捕嫌疑人总数已达7人。
贝屈奥说,新逮捕的5人中一人是调查的主要目标,“其脱氧核糖核酸(DNA)证据将他与这起抢劫案联系起来”。其他4人能够向警方提供有关事件经过的信息。
另据法国商业调频电视台报道,这5名嫌疑人在巴黎及其周边地区的不同地点被捕。
贝屈奥表示,警方在29日晚的大搜捕行动中并未找到被盗的8件珠宝。不过她表示,随着每一次搜查和讯问嫌疑人,“调查正在取得进展”。
贝屈奥此前在29日举行的新闻发布会上说,还没有证据表明犯罪分子得到了来自博物馆内部“同谋者”的帮助,但不排除犯罪团伙规模远大于监控摄像头拍摄到的4名作案者的可能性。
19日,4名蒙面人来到卢浮宫外,分工配合操作升降装置,从建筑物外部阳台潜入室内,数分钟内抢走9件珠宝,其中一顶属于拿破仑三世的皇后欧仁妮的皇冠已被警方找到。巴黎检方21日表示,卢浮宫博物馆遭抢所致经济损失预估可达8800万欧元。警方25日晚逮捕的两名嫌疑人已经“部分承认”参与抢劫,他们已被起诉并被羁押候审。(完)
图说:10月22日,在法国巴黎,大量游客聚集在卢浮宫博物馆的玻璃金字塔入口前。新华社记者张百慧摄