North America
၂၀၂၅ ခုနှစ် တရုတ်ဆန်းသစ်တီထွင်မှု ကျန်းမာရေးဖြည့်စွက်စာ ကုန်အမှတ်တံဆိပ် ပြပွဲ အမေရိကန်နိုင်ငံတွင် ကျင်းပ
 
																								
												
												
											လာ့စ်ဗီးဂက်စ် (အမေရိကန်)၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် တရုတ်ဆန်းသစ်တီထွင်မှု ကျန်းမာရေးဖြည့်စွက်စာ အမှတ်တံဆိပ် ပြပွဲကို အောက်တိုဘာ ၂၉ ရက်တွင် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂက်စ်တွင် ဖွင့်လှစ်ကျင်းပခဲ့သည်။ တရုတ်ကုမ္ပဏီလုပ်ငန်းပေါင်း ၈၀ ခန့်သည် တရုတ်နိုင်ငံ၏ ကျန်းမာရေးထုတ်ကုန် ကုန်ကြမ်းပစ္စည်းများ၊ ဆန်းသစ်တီထွင်မှု သုတေသနလုပ်ငန်းများ၊ ထုတ်လုပ်မှုနည်းပညာများနှင့် ဒစ်ဂျစ်တယ်အသွင် ကုန်သွယ်ရေးပလက်ဖောင်းများ စသည့် ကဏ္ဍများ၏ နောက်ဆုံး အောင်မြင်မှုရလဒ်များကို စုစည်းပြသခဲ့ကြသည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းရှိ အကြီးဆုံး ဆေးဝါးနှင့် ဖြည့်စွက်စာ ကုန်ကြမ်းဈေးကွက်များအနက် တစ်ခုဖြစ်သလို တရုတ်နိုင်ငံ ကျန်းမာရေးထုတ်ကုန် ကုန်ကြမ်းပစ္စည်းများ၏ အဓိက တင်ပို့ရာနေရာလည်းဖြစ်သည်။ ယခုအကြိမ် အမေရိကန် နိုင်ငံတကာ သဘာဝ၊ ကျန်းမာရေးနှင့် ဆန်းသစ်တီထွင်မှု ကုန်ကြမ်းပစ္စည်း ပြပွဲတွင် စုစုပေါင်း ကုမ္ပဏီလုပ်ငန်းပေါင်း ၁,၆၀၀ ခန့် ပါဝင်ပြသခဲ့ပြီး ယင်းအနက် တရုတ်ကုမ္ပဏီလုပ်ငန်းမှာ ၅၀၀ ကျော်ရှိခဲ့ရာ အများဆုံး စံချိန်အသစ်တင်နိုင်ခဲ့ကာ ပါဝင်ပြသသော ကုမ္ပဏီလုပ်ငန်းစုစုပေါင်းအရေအတွက်၏ သုံးပုံတစ်ပုံခန့် ပါဝင်ခဲ့သောကြောင့် အရေအတွက်အားဖြင့် အမေရိကန် ပြည်တွင်းကုမ္ပဏီလုပ်ငန်းပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။ (Xinhua)




 ………………………
………………………
(Chinese Version)
2025年中国创新健康原料品牌展亮相美国
新华社照片,拉斯维加斯(美国),2025年10月30日
2025年中国创新健康原料品牌展29日在美国拉斯维加斯开幕。约80家中国企业集中亮相,展示中国在健康产品原料、创新研发、生产技术及数字化贸易平台等领域的最新成果。
美国是全球最大的药品和保健品原料市场之一,也是中国健康产品原料的重要出口目的地。本届美国国际天然、健康和创新原料展览会共有约1600家企业参展,其中中国企业超过500家,创历届新高,占参展企业总数约三分之一,数量仅次于美国本土企业。(完)
图说:10月29日,在美国拉斯维加斯,参会者在中国企业展台体验产品,洽谈交流。 新华社发(曾慧摄)
