Latin America
ရာသီဥတုအကျပ်အတည်းအား ကိုင်တွယ်စီမံရေးလှုပ်ရှားမှုကို အရှိန်မြှင့်ရန် နိုင်ငံ့ခေါင်းဆောင်များ တိုက်တွန်း
ဘယ်လမ် (ဘရာဇီး)၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
နိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်စွာ ရာသီဥတုအကျပ်အတည်းအား ကိုင်တွယ်စီမံရေးလှုပ်ရှားမှုကို အရှိန်မြှင့်သင့်ကြောင်း နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ခေါင်းဆောင်များစွာက နိုဝင်ဘာ ၆ ရက်တွင် ဖွင့်လှစ်ကျင်းပခဲ့သည့် ဘယ်လမ် ရာသီဥတု ထိပ်သီးအစည်းအဝေးအတွင်း တိုက်တွန်းပြောကြားခဲ့သည်။
၂ ရက်ကြာကျင်းပမည့် ဘယ်လမ် ရာသီဥတု ထိပ်သီးအစည်းအဝေးကို ၃၀ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း” အဖွဲ့ဝင် ညီလာခံ (COP30) အိမ်ရှင်နိုင်ငံ ဘရာဇီးမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မကြာမီကျင်းပတော့မည့် COP30 ညှိနှိုင်းဆွေးနွေးမှုအတွက် “နိုင်ငံရေးဦးတည်ချက်” ပံ့ပိုးပေးရန် ရည်ရွယ်သည်။ ထိပ်သီးအစည်းအဝေး၏ အဓိကအကြောင်းအရာများတွင် ရာသီဥတုနှင့် သဘာဝ၊ စွမ်းအင်အသွင်ကူးပြောင်းမှု၊ “ပဲရစ်သဘောတူညီချက်” ၁၀ နှစ်ပြည့် အကဲဖြတ်မှု၊ နိုင်ငံမှ ကိုယ်တိုင်အကျိုးထမ်းဆောင်မှုနှင့် ရာသီဥတုဆိုင်ရာ အရင်းအနှီးထည့်ဝင်မှု စသည်တို့ ပါဝင်ကြောင်း သိရသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ထိပ်သီးအစည်းအဝေး တက်ရောက်သည့် ကာလအတွင်း COP30 သည် ရာသီဥတုအကျပ်အတည်းအား ကိုင်တွယ်စီမံရာ၌ ပိုမိုထိရောက်စွာ ရုန်းကန်နိုင်မှု၏ အချိုးအကွေ့ ဖြစ်လာရန် မျှော်လင့်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ ပိုမိုမြန်ဆန်သော၊ ပိုမိုထိရောက်သော လှုပ်ရှားမှု၊ အထူးသဖြင့် အတန်အသင့်ကြွယ်ဝသောနိုင်ငံများက လှုပ်ရှားမှုကို လုပ်ဆောင်မှသာ လက်ရှိအခြေအနေကို ပြောင်းလဲသွားစေနိုင်မည်ဟု ၎င်းက ဆိုသည်။
ဘရာဇီးနိုင်ငံ သမ္မတ လူလာက စွမ်းအင်အသွင်ကူးပြောင်းမှုအား အရှိန်မြှင့်တင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်အား ကာကွယ်ထိန်းသိမ်းခြင်းသည် တစ်ကမ္ဘာလုံးပူနွေးလာမှုအား တားဆီးသည့် ထိရောက်မှုအရှိဆုံး နည်းလမ်းကြီးနှစ်ရပ်ဖြစ်ပြီး သိပ္ပံပညာသည် ဆုံးဖြတ်ချက်ချမှတ်ရာ၌ အဓိကလမ်းညွှန်သည့် အခြေခံမူဖြစ်ရမည်ဟု ပြောကြားခဲ့သည်။ နိုင်ငံတကာစင်မြင့် အလွှာအသီးသီး၏ ဆွေးနွေးမှုတွင် ရာသီဥတုဆိုင်ရာအကြောင်းအရာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သင့်ပြီး “အစိုးရတိုင်း၊ လုပ်ငန်းကုမ္ပဏီတိုင်း၊ လူတိုင်း ဆုံးဖြတ်ချက်ရဲ့ အဓိကနေရာ” မှပါဝင်သင့်ကြောင်း ၎င်းက ယူဆသည်။
ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က ရာသီဥတုအရေးကိစ္စတွင် သိပ္ပံပညာအား လေးစားသင့်ကြောင်း၊ “ကျွန်တော်တို့က ဆက်လက်ပြီး လက်တွဲပူးပေါင်းကာ “ပဲရစ်သဘောတူညီချက်” တွင် ပါဝင်သော နိုင်ငံတကာ ကတိကဝတ်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ၎င်းက တစ်ချိန်တည်းတွင် သန့်ရှင်းစွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းသောနိုင်ငံများအတွက် အရင်းအနှီးထည့်ဝင်မှုယန္တရား၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ပြီး COP30 သည် အောင်မြင်မှုရရှိမည်ဟု အခိုင်အမာယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ချီလီနိုင်ငံ သမ္မတ ဂါဘရီယယ်ဘောရစ်က လက်ရှိတွင် နိုင်ငံအသီးသီးက ယနေ့တိုင် သတ်မှတ်ထားပြီးသော ရည်မှန်းချက်များအား မည်ကဲ့သို့ ထမ်းဆောင်ရမည်နည်းကို မဖြစ်မနေအတည်ပြုပြီး လျင်မြန်၍ တရားမျှတသော ရာသီဥတုအကျပ်အတည်း ဖြေရှင်းရေးနည်းလမ်းတစ်ခုကို ရှာဖွေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဦးဆောင်မှုအားကို အသုံးပြုကာ သိပ္ပံပညာနှင့် ဖြစ်ရပ်မှန်ကို အခြေခံ၍ ရာသီဥတုအကျပ်အတည်းအား ကိုင်တွယ်စီမံရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
多国领导人呼吁加速应对气候危机行动
新华社巴西贝伦11月6日电(记者赵焱 吴昊)多个国家及国际组织领导人在6日开幕的贝伦气候峰会期间呼吁,各国应团结一致,加速应对气候危机的行动。
为期两天的贝伦气候峰会由《联合国气候变化框架公约》第三十次缔约方大会(COP30)东道主巴西召集,旨在为即将到来的COP30谈判提供“政治方向”。峰会的主要议题包括气候与自然、能源转型、《巴黎协定》十周年评估、国家自主贡献与气候融资等。
联合国秘书长古特雷斯在峰会期间指出,希望COP30成为应对气候危机更有效斗争的转折点。他表示,只有采取更快、更有效的行动,尤其是来自较富裕国家的行动,才能开始扭转当前的局面。
巴西总统卢拉表示,加速能源转型和保护自然是遏制全球变暖的两大最有效途径,科学必须是决策的主要指导原则。他认为,气候议程应在国际舞台各层面的讨论中占据核心地位,成为“每个政府、每个企业、每个人决策的核心”。
法国总统马克龙说,气候问题应尊重科学,“我们必须继续携手合作,履行《巴黎协定》中作出的国际承诺”。他同时强调扩大清洁能源投资和为欠发达国家提供融资机制的重要性,表示坚信COP30能够取得成功。
智利总统博里奇表示,当前各国必须明确如何履行迄今为止已经制定的目标,并找到一个既迅速又公平的气候危机解决方案。他呼吁国际社会发挥领导力,以科学与事实为基础应对气候危机。(完)
图说:11月4日,巴西总统卢拉在帕拉州首府贝伦接受媒体采访。新华社发(卢西奥·塔沃拉摄)
