Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဆီမီးရူ (Semeru) မီးတောင်ပေါက်ကွဲ၊ သတိပေးချက် အမြင့်ဆုံးအဆင့်အထိ ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဆီမီးရူ (Semeru) မီးတောင် ပေါက်ကွဲနေသည်ကို နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဆီမီးရူ (Semeru) မီးတောင်သည် နိုဝင်ဘာ ၁၉ ရက်တွင် ပေါက်ကွဲခဲ့ပြီး မီးတောင်သတိပေးချက်ကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ခဲ့ကြောင်း အင်ဒိုနီးရှား ဘူမိဗေဒအေဂျင်စီက အဆိုပါနေ့တွင် ပြောကြားခဲ့သည်။
မီးတောင်ဝမှ ချော်ရည်ခဲများ ပေါက်ကွဲထွက်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် မီးတောင်ဝနှင့် အနည်းဆုံး ၈ ကီလိုမီတာကွာသော ဘေးကင်းအကွာအဝေးကို ထားရှိသင့်ကြောင်း အင်ဒိုနီးရှား ဘူမိဗေဒအေဂျင်စီအကြီးအကဲ Muhammad Wafid က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

မီးတောင်ဝမှ အရှေ့တောင်ဘက် ၂၀ ကီလိုမီတာအတွင်း မြစ်ချောင်းအနီးတွင် မည်သူမျှ သွားလာလှုပ်ရှားခြင်းမပြုရန် ကြေညာချက်တွင် တားမြစ်ထားသည်။
အင်ဒိုနီးရှားနိုင်ငံအတွင်းတွင် မီးတောင်အရှင် ၁၃၀ လုံးနီးပါးရှိပြီး ပင်လယ်ရေမျက်နှာပြင် ၃,၆၇၆ မီတာတွင် ရှိသော ဆီမီးရူ (Semeru) မီးတောင်သည် ယင်းတို့အနက် တစ်ခုဖြစ်သည်။ ၎င်းသည် ဂျာဗားကျွန်းအတွင်း အမြင့်ဆုံးတောင်လည်းဖြစ်သည်။ (Xinhua)


…………………..
(Chinese Version)
印尼塞梅鲁火山喷发 警戒级别提至最高
新华社雅加达11月19日电(记者李斯博)印尼地质局19日说,位于该国东爪哇省的塞梅鲁火山当天喷发,火山警戒级别已被提升至最高级。
印尼地质局局长穆罕默德·瓦菲德在一份声明中说,由于火山口可能喷射炽热岩块,民众应与火山口至少保持8公里安全距离。
声明还禁止一切人员在火山口东南方向20公里内的河道附近活动。
印尼境内有活火山接近130座,海拔3676米的塞梅鲁火山是其中之一。它也是爪哇岛最高的火山。(完)
图说:11月19日,位于印度尼西亚东爪哇省的塞梅鲁火山喷发(手机照片)。新华社发(德维·萨松科摄)