Connect with us

Africa & Middle East

ဟားမက်စ်နှင့် အီဂျစ်အရာရှိများက ဂါဇာဒေသအပစ်ရပ်မှု တိုးတက်မှုအခြေအနေ ဆွေးနွေး

ဂါဇာဒေသ ဂါဇာမြို့ အနောက်ပိုင်းတွင် ဂါဇာဒေသခံများက အစ္စရေးဒရုန်းကြောင့် ပေါက်ကွဲပျက်စီးသွားသော ကားအား စစ်ဆေးကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) အဖွဲ့ အကြီးအကဲအလွှာ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက်တွင် အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ အီဂျစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ ဂါဇာကမ်းမြောင်ဒေသအခြေအနေ၊ အပစ်ရပ်မှု တိုးတက်မှုအခြေအနေနှင့် အပစ်ရပ်မှု ဒုတိယအဆင့်စီစဉ်မှု စသည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း ဟားမက်စ်က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။
ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့ကို ဟားမက်စ်ရှုရာကောင်စီ ဥက္ကဋ္ဌ Muhammad Darwish က ဦးဆောင်ခြင်းဖြစ်ပြီး Khaled Meshaal ၊ Khalil al-Hayya စသည့် ဟားမက်စ်အဆင့်မြင့်အဖွဲ့ဝင်များစွာ ပါဝင်ကြောင်း၊ အီဂျစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကမူ အီဂျစ်နိုင်ငံထောက်လှမ်းရေးအဖွဲ့ (GIS) အကြီးအကဲ Hassan Rashad မှ ဦးဆောင်ထားကြောင်း ကြေညာချက်တွင် ဆိုထားသည်။
ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့က ဟားမက်စ်အနေဖြင့် ဂါဇာဒေသ အပစ်ရပ်မှု ပထမအဆင့် သ‌ဘောတူညီချက်အား ထမ်းဆောင်မည့်ကတိပြုချက်အား ထပ်မံပြောကြားခဲ့ပြီး သဘောတူညီချက်အား အစ္စရေး ဆက်လက်ချိုးဖောက်နေမှုကို မဖြစ်မနေ တားဆီးရမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရန် ကြားဝင်စေ့စပ်သည့်ဘက်အနေဖြင့် တိကျ၍ အသေးစိတ်ကျသော ယန္တရားတစ်ခုကို ဦးဆောင်တည်ထောင်၍ ကြားဝင်စေ့စပ်သည့်ဘက်သို့ သဘောတူညီချက်အား ချိုးဖောက်သည့် လုပ်ဆောင်ချက်မှန်သမျှအား အသိပေးခွင့်ပြုခြင်းဖြင့် ကြားဝင်စေ့စပ်သည့်ဘက်က မဖြစ်မနေလိုအပ်သော အစီအမံများ လုပ်ဆောင်၍ တစ်ဖက်သက်လှုပ်ရှားမှုကြောင့် အခြေအနေအဆင့်မြင့်တက်မှု၊ သဘောတူညီချက်ဖျက်စီးမှုတို့ကို ကာကွယ်သင့်ကြောင်း ဟားမက်စ်က အဆိုပြုခဲ့သည်။
ဂါဇာဒေသ အပစ်ရပ်မှု ပထမအဆင့်သဘောတူညီချက်သည် အောက်တိုဘာ ၁၀ ရက်တွင် စတင်အသက်ဝင်လာသည့်အချိန်မှစ၍ အစ္စရေးသည် ဟားမက်စ်ဘက်က အပစ်ရပ်သဘောတူညီချက်အား ချိုးဖောက်သည်ဟူသော အကြောင်းပြချက်ဖြင့် အကြိမ်များစွာ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပြီး ဟားမက်စ်ဘက်ကမူ အပစ်ရပ်မှုသဘောတူညီချက် ချိုးဖောက်ခြင်းအား ငြင်းဆိုထားသည်။ အစ္စရေးသည် နိုဝင်ဘာ ၂၂ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားသို့ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ လူတစ်ရာကျော်ထိခိုက်သေဆုံးခဲ့သည်။ ဟားမက်စ်ဘက်က ပြစ်တင်ရှုတ်ချ၍ အစ္စရေးသည် အပစ်ရပ်မှု သဘောတူညီချက်အား “အစီအစဉ်ရှိရှိ” ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။
ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့သည် အီဂျစ်ဘက်နှင့်အတူ ကြားဝင်စေ့စပ်သည့်ဘက်နှင့် သက်ဆိုင်ရာဘက်တို့မှတစ်ဆင့် ရာဖာတွင်ကျန်ရှိသော ဟားမက်စ်တပ်ဖွဲ့အား ဖယ်ရှားရေး သက်ဆိုင်အရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ ဟားမက်စ်ဘက်က ၎င်းတို့အနေဖြင့် အဆိုပါ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့ မြေအောက်လမ်းကြောင်းအတွင်းရှိ လက်နက်ကိုင်များနှင့် အဆက်အသွယ်ပြတ်တောက်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ရာဖာတွင်ကျန်ရှိသော ဟားမက်စ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် အီဂျစ်ဘက်သို့ လက်နက်ချရန်၊ လက်နက်ဖြုတ်သိမ်းဖျက်ဆီးမှုများ လုပ်ဆောင်ရန် အသေးစိတ်နေရာအား အသိပေးရန် အီဂျစ်ဘက်က အဆိုပြုခဲ့ကြောင်း၊ အလဲအလှယ်အနေဖြင့် အစ္စရေးက ၎င်းတို့ ဘေးကင်းလုံခြုံစွာ ထွက်ခွာရန် ခွင့်ပြုမည်ဖြစ်ကြောင်း အီဂျစ်မီဒီယာများက ထိုမတိုင်မီ သတင်းဖော်ပြကြသည်။ သို့သော် အစ္စရေးဘက်က ထွက်ခွာမှုအားခွင့်ပြုရန် ငြင်းပယ်ခဲ့သည်။
ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၇ ဦးသည် နိုဝင်ဘာ ၂၁ ရက်တွင် ရာဖာမြို့ အရှေ့ပိုင်း အစ္စရေးထိန်းချုပ်သည့်ဒေသရှိ မြေအောက်လမ်းကြောင်းတစ်ခုအတွင်းမှ ပေါ်ထွက်လာပြီး ပါလက်စတိုင်း ထိန်းချုပ်သည့်ဒေသသို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်း၊ အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ရာ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး လူ ၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုထားသည်။ (Xinhua)

ဂါဇာဒေသ ဂါဇာမြို့တစ်နေရာ၌ အစ္စရေးစစ်တပ်လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများဘေးတွင် ပါလက်စတိုင်းကလေးငယ်တစ်ဦးအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
哈马斯与埃及官员讨论加沙停火进展
新华社加沙11月23日电(记者黄泽民 赵伟宏)巴勒斯坦伊斯兰抵抗运动(哈马斯)23日发表声明说,哈马斯领导层代表团当天在埃及首都开罗与埃方代表团举行会谈,讨论加沙地带局势、停火进展以及停火第二阶段安排等内容。
声明说,哈马斯代表团由哈马斯协商会议主席穆罕默德·达尔维什率领,哈立德·迈沙阿勒、哈利勒·哈亚等多名哈马斯高级成员参加。埃方代表团由埃及情报总局局长哈桑·拉沙德率领。
哈马斯代表团重申哈马斯承诺履行加沙停火第一阶段协议,强调必须阻止以色列持续违反协议。哈马斯主张,停火斡旋方应主导建立一个明确且具体的机制,允许向斡旋方通报任何违反行为,以便斡旋方采取必要举措立即阻止,并防止单方面行动造成局势升级、破坏协议。
加沙停火第一阶段协议10月10日生效以来,以色列多次以哈马斯违反停火协议为由发动袭击,哈马斯则否认违反停火协议。以色列11月22日再次对加沙地带多地发动空袭,造成上百人死伤。哈马斯予以谴责,并称以色列“有计划”地违反停火协议。
声明还说,哈马斯代表团同埃方讨论了通过斡旋方及相关方尽快解决哈马斯拉法余部相关问题。哈马斯表示,已经与这些留在加沙地带南部拉法市地道中的武装人员失去了联系。
据埃及媒体先前报道,埃及提议,哈马斯在拉法的剩余武装人员向埃方缴械、告知地道具体位置以便拆毁,作为交换,以色列允许他们安全离开。但以色列拒绝放行。以军称,17名巴勒斯坦武装人员21日从拉法市东部以方控制区的一处地道中现身,试图逃到巴方控制区。以军发动空袭和抓捕行动,先后打死11人、抓获6人。(完)
图说1:11月22日,在加沙城西部,加沙居民查看被以色列无人机炸毁的汽车。新华社发(里泽克·阿卜杜勒贾瓦德摄)
图说2:这是10月29日在加沙城一处遭以色列军队空袭后的废墟旁拍摄的巴勒斯坦儿童。 新华社发(里泽克·阿卜杜勒贾瓦德摄)