Connect with us

Asia

ဆန်းသစ်တီထွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဖြင့် အာဆီယံဒေသ အနာဂတ်အား ဦးဆောင်ရန် မလေးရှား တိုက်တွန်း

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားနေသော မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စွမ်းအင်ကူးပြောင်းမှုနှင့် ရေအသွင်ပြောင်းမှု ဝန်ကြီး Fadillah Yusof အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အာဆီယံသည် အနာဂတ်အား အဆုံးအဖြတ်ပေးနိုင်သည့် အချက်အချာကျသည့် ၁၀ နှစ်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုဖြင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို မြှင့်တင်ကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်လိုအပ်ကြောင်း မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စွမ်းအင်ကူးပြောင်းမှုနှင့် ရေအသွင်ပြောင်းမှု ဝန်ကြီး Fadillah Yusof က နိုဝင်ဘာ ၂၅ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ပြောကြားခဲ့သည်။

Fadillah Yusof သည် ထိုနေ့တွင် ၂၀၂၅ ခုနှစ် အာဆီယံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ လက်ရှိတွင် တစ်ကမ္ဘာလုံးသိပ္ပံနည်းပညာများ လျင်မြန်စွာထိုးဖောက်မှု၊ စီးပွားရေးဖွဲ့စည်းပုံ နက်ရှိုင်းစွာ ပြင်ဆင်ထိန်းညှိမှုများ ဖြစ်ပေါ်လျက်ရှိရာ စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆန်းသစ်တီထွင်မှုရလဒ်အား အတူမျှဝေခြင်းသည် အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးသည့် မဖြစ်မနေလိုအပ်ချက်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

အာဆီယံနိုင်ငံအသီးသီးအနေဖြင့် မဟာဗျူဟာမြောက် သိပ္ပံသုတေသနလုပ်ငန်း၌ ရင်းနှီးထည့်ဝင်မှုကို တစ်ဆင့်တိုးမြှင့်တင်ကာ အချက်အချာနည်းပညာ၏ သုတေသနဖော်ဆောင်မှုနှင့် စီးပွားဖြစ်အသုံးပြုမှုအား အရှိန်မြှင့်တွန်းအားပေးပြီး တစ်ကမ္ဘာလုံး သိပ္ပံသုတေသနအဖွဲ့အစည်းများနှင့် အဆင့်မြင့်လူရည်ချွန်များ အာဆီယံသို့ လာရောက်ခြင်းအား ဆွဲဆောင်ရန်လည်း Fadillah Yusof က တိုက်တွန်းခဲ့သည်။
အာဆီယံအနေဖြင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ အတူမျှဝေမှုနှင့် အတူတကွတာဝန်ယူမှုရှိသော စိတ်ဓာတ်အား ဆက်လက်အရင်းခံကာ ဒေသတွင်းက သိပ္ပံနည်းပညာဖြင့် အားဖြည့်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်၍ ကြံ့ကြံ့ခံနိုင်ရည်ရှိသော အနာဂတ်ဆီသို့ လျှောက်လှမ်းခြင်းအား တွန်းအားပေးရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် အာဆီယံ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေးသည် ရှေ့ပြေးသိပ္ပံနည်းပညာ၊ ကုန်ထုတ်လုပ်ငန်းညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများကို အာရုံစိုက်ထားပြီး အာရှနှင့် တစ်ကမ္ဘာလုံး သိပ္ပံနည်းပညာ ဂေဟဖလှယ်မှုပလက်ဖောင်းအား တည်ဆောက်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တရုတ်၊ ကနေဒါ၊ ဩစတြေးလျနှင့် အာဆီယံနိုင်ငံ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————–
(Chinese Version)
马来西亚呼吁以创新协作引领东盟区域未来
新华社吉隆坡11月25日电(记者王嘉伟)马来西亚副总理兼能源及水务转型部部长法迪拉25日在吉隆坡表示,东盟正迈入决定未来走向的关键10年,区域国家需要以科技创新增强韧性、推动可持续发展。
法迪拉当天出席2025年东盟科技合作与发展峰会开幕式并发表致辞。他指出,当前全球科技迅速突破、经济结构深刻调整,团结协作与共享创新成果是推动东盟区域发展的必然要求。
法迪拉呼吁东盟各国进一步加强战略性科研投入,加快推动关键技术的研发和商业化应用,吸引全球科研机构与高端人才落户东盟。
他还说,期待东盟继续秉持团结协作、互利共享和共同责任精神,推动地区迈向科技赋能、可持续发展且具有韧性的未来。
2025年东盟科技合作与发展峰会聚焦前沿科技、产业协作与跨境投资,旨在搭建亚洲与全球科技生态交流平台。峰会吸引了来自中国、加拿大、澳大利亚以及东盟国家各界人士参会。(完)
图说:11月25日,马来西亚副总理兼能源及水务转型部部长法迪拉在吉隆坡举行的2025年东盟科技合作与发展峰会开幕式上发表致辞。新华社发(张纹综摄)