Asia
အင်ဒိုနီးရှားနိုင်ငံ အေဇက်ပြည်နယ် အနီးတစ်ဝိုက် ပင်လယ်ပြင်၌ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်
ဂျကာတာ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အေဇက်ပြည်နယ် စီမူလူကျွန်းအနောက်တောင်ဘက် ၆၂ ကီလိုမီတာခန့်အကွာ ပင်လယ်ပြင်တွင် ပြင်းအား ၆.၃ အဆင့်ရှိငလျင်တစ်ခု ယနေ့ (နိုဝင်ဘာ ၂၇ ရက်) လှုပ်ခတ်ခဲ့ကြောင်း၊ လက်ရှိတွင် ထိခိုက်သေဆုံးမှုနှင့် ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးမှုများအား အစီရင်ခံတင်ပြမှုမရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ငလျင်သည် ဒေသစံတော်ချိန် နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီ ၅၆ မိနစ် (ပေကျင်းစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၆ မိနစ်) တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်အနက် ၁၀ ကီလိုမီတာဖြစ်ကြောင်း၊ ကနဦးသုံးသပ်ချက်အရ အဆိုပါငလျင်သည် ဆူနာမီဖြစ်ပွားစေမည်မဟုတ်ကြောင်း အဆိုပါဌာနက ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ် ငလျင်ရပ်ဝန်းတွင် တည်ရှိပြီး ငလျင်မကြာခဏလှုပ်လေ့ရှိသည်။ (Xinhua)
——————-
(Chinese Version)
印尼亚齐省附近海域发生6.3级地震
新华社雅加达11月27日电(记者陶方伟)印度尼西亚气象、气候和地球物理局27日发布消息说,该国亚齐省锡默卢岛西北约62公里处海域当天发生6.3级地震。目前尚无人员伤亡和财产损失报告。
该局表示,地震发生于当地时间27日11时56分(北京时间12时56分),震源深度10公里。根据初步分析,此次地震不会引发海啸。
印尼位于环太平洋火山地震带,地震活动频繁。(完)
