Africa & Middle East
အမေရိကန်က နိုင်ငံတကာလုံခြုံရေး၏ “အကြီးမားဆုံး ခြိမ်းခြောက်မှု” ဖြစ်လာသည်ဟု အီရန် ဆို
တီဟီရန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
အမေရိကန်၏ အကျပ်ကိုင် အပြုအမူများနှင့် ကမ္ဘာလုံးဆိုင်ရာ စွက်ဖက်မှုများက ၎င်းအား နိုင်ငံတကာလုံခြုံရေး၏ “အကြီးမားဆုံး ခြိမ်းခြောက်မှု” ဖြစ်စေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပသော အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု အီရန် Mehr သတင်းဌာန အဆိုပါနေ့ သတင်းဖော်ပြချက်အရ သိရသည်။
Baghaei က ဗင်နီဇွဲလား၊ ကျူးဘား၊ နီကာရာဂွါ၊ ဘရာဇီးနှင့် မက္ကဆီကိုနိုင်ငံများအပေါ် ခြိမ်းခြောက်မှုများအပါအဝင် အမေရိကန်၏ ကမ္ဘာတစ်ဝန်းတွင် အတင်းအကျပ်လုပ်ဆောင်မှုများကို ဥပမာပေး ဖော်ပြခဲ့သည်။ အခြားနိုင်ငံတစ်ခု၏ လေပိုင်နက်ကို ပိတ်ရန် အမေရိကန် ကြေညာခြင်းသည် မကြုံစဖူးဖြစ်ပြီး လေကြောင်းလုံခြုံရေး စည်းမျဉ်းများအပါအဝင်ဖြစ်သော နိုင်ငံတကာစံနှုန်းအားလုံးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တောင်အာဖရိကကို G20 ထိပ်သီးအစည်းအဝေးတွင် မပါဝင်သင့်ဟူသော ပြောဆိုချက်များအပါအဝင် အာဖရိကနိုင်ငံများအပေါ် အမေရိကန်၏ ဖိအားပေးမှုများကို Baghaei က ဖော်ပြခဲ့သည်။
အစ္စရေးအစိုးရအပေါ် အမေရိကန်၏ အပြည့်အဝထောက်ခံမှုသည် လက်တွေ့တွင် အမေရိကန်အား ယင်းလုပ်ရပ်များ၏ ကြံရာပါတစ်ဦးဖြစ်လာစေကြောင်း Baghaei က ပြောကြားခဲ့သည်။ ပုံမှန်အခြေအနေများတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အမေရိကန်၏ ဤလုပ်ရပ်များကို နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပြောင်ပြောင်တင်းတင်းထိပါးမှုများအဖြစ် သတ်မှတ်သင့်သည်ဟု Baghaei က ယူဆသည်။ (Xinhua)
……………………..
(Chinese Version)
伊朗称美国成为国际安全“最大威胁”
新华社德黑兰12月1日电(记者沙达提)据伊朗迈赫尔通讯社1日报道,伊朗外交部发言人巴加埃在当日举行的每周例行新闻发布会上说,美国的胁迫行为和全球干预使其成为国际安全的“最大威胁”。
巴加埃列举了美国在世界范围内采取强制行动的例子,包括对委内瑞拉、古巴、尼加拉瓜、巴西和墨西哥的威胁。他说,美国宣布关闭另一个国家的领空是史无前例的,违反了包括航空安全规定在内的所有国际准则。巴加埃还提到了美国对非洲国家的压力,包括声称南非不应该参加二十国集团峰会。
巴加埃说,美国对以色列政权的全力支持实际上使美国成为其行动的同谋。巴加埃认为,在正常情况下,联合国安理会应将美国的这些行为视为公然侵犯国际和平与安全。(完)
图说:11月23日,伊朗外交部发言人伊斯梅尔·巴加埃在德黑兰出席新闻发布会。新华社记者 沙达提 摄
