Asia
တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယို၏ဇနီး ဂင်မ်ဂွန်ဟီး (Kim Keon-hee) အား ထောင်ဒဏ် ၁၅ နှစ် ချမှတ်ရန် တောင်းဆို
ဆိုးလ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ “ဂင်မ်ဂွန်ဟီးအထူးရှေ့နေအဖွဲ့” က ဒီဇင်ဘာ ၃ ရက်တွင် ရှယ်ယာဈေးနှုန်းကြိုးကိုင်မှုနှင့် လာဘ်ပေးလာဘ်ယူမှု စသည့် စွဲချက်များဖြင့် တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယို၏ဇနီး ဂင်မ်ဂွန်ဟီးအား ထောင်ဒဏ် ၁၅ နှစ်နှင့် ဒဏ်ငွေ ဝမ် ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၃၇ သန်းခန့်) ချမှတ်ရန် တရားရုံးသို့ တောင်းဆိုခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ အထူးရှေ့နေအဖွဲ့သည် ဒီဇင်ဘာ ၃ ရက်တွင် ဆိုးလ်ဗဟိုခရိုင်တရားရုံး၌ ဂင်မ်ဂွန်ဟီးနှင့် သက်ဆိုင်သော အမှု၏ နောက်ဆုံးအကြိမ် တံခါးဖွင့် စိစစ်ကြားနာမှုတွင် တောင်ကိုရီးယား “အရင်းအနှီးဈေးကွက်ဥပဒေ”၊ “နိုင်ငံရေးရန်ပုံငွေဥပဒေ” နှင့် “သီးခြားရာဇဝတ်မှုများအတွက် ပြစ်ဒဏ် ထပ်မံချမှတ်ခြင်းဆိုင်ရာဥပဒေ” တို့ကို ၎င်း ချိုးဖောက်ခဲ့သည့် သံသယများနှင့် စပ်လျဉ်း၍ အထက်ဖော်ပြပါ ပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုချက်ကို တရားရုံးသို့ တင်သွင်းခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ အထူးရှေ့နေအဖွဲ့သည် “အရင်းအနှီးဈေးကွက်ဥပဒေ” ချိုးဖောက်ခြင်း စွဲချက်ဖြင့် ဂင်မ်ဂွန်ဟီးအား ထောင်ဒဏ် ၁၁ နှစ်နှင့် ဒဏ်ငွေ ဝမ် ၂ ဘီလီယံ ချမှတ်ရန်၊ ထို့အပြင် တရားမဝင်ရရှိထားသော ဝမ် သန်း ၈၁၀ (အမေရိကန်ဒေါ်လာ ၅.၅ သိန်းခန့်) ကို ပြန်လည်သိမ်းယူရန် တောင်းဆိုခဲ့သည်။ လာဘ်ပေးလာဘ်ယူမှုနှင့်စပ်လျဉ်း၍ ထောင်ဒဏ်လေးနှစ်နှင့် ဝမ် သန်း ၁၄၀ (အမေရိကန်ဒေါ်လာ ၉၅,၀၀၀ ခန့်) ပြန်လည်သိမ်းယူရန် တောင်းဆိုခဲ့သည်။
ပြစ်ဒဏ်ချမှတ်ချက်ဆိုင်ရာ အထောက်အထားကို ရှင်းပြရာတွင် တောင်ကိုရီးယား အထူးရှေ့နေအဖွဲ့က ဂင်မ်ဂွန်ဟီးသည် တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တန်ဖိုးများကို ချိုးဖောက်ခဲ့ပြီး၊ ပြစ်မှုကျူးလွန်သည့်အချက်အလက်များကို အလုံးစုံ ငြင်းဆိုခဲ့ကာ နောင်တရခြင်း လုံးဝမရှိဘဲ ပြစ်မှု ကျူးလွန်မှုမှာ ဆိုးရွားလှကြောင်း၊ အထူးရှေ့နေအဖွဲ့သည် ဤအချက်များကို အလုံးစုံ ထည့်သွင်းစဉ်းစားပြီးနောက် ၎င်းအပေါ် ပြစ်ဒဏ်ချမှတ်ရန် အကြံပြုချက် တင်သွင်းခဲ့ကြောင်း ပြောကြားခဲ့သည်။
ဂင်မ်ဂွန်ဟီးက “ကျွန်မကြောင့် ပြည်သူတွေကို စိုးရိမ်မှုတွေ အကြီးအကျယ်ဖြစ်စေခဲ့အတွက် အလွန်ပဲစိတ်မကောင်းဖြစ်ရပါတယ်” ဟု နောက်ဆုံးပြောကြားချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအမှုကို လာမည့်နှစ် ဇန်နဝါရီလ ၂၈ ရက်တွင် တရားစီရင်ချက်ချမှတ်ရန် စီစဉ်ထားကြောင်း သတင်းများအရ သိရသည်။ (Xinhua)
……………………….
(Chinses Version)
韩国前总统尹锡悦妻子金建希被求刑15年
新华社首尔12月3日电(记者黄昕欣 朱辉)据韩联社报道,韩国“金建希特检组”3日以涉嫌操纵股价、收受贿赂等罪名,请求法院判处前总统尹锡悦妻子金建希有期徒刑15年,并处罚金20亿韩元(约合137万美元)。
据报道,韩国特检组3日在首尔中央地方法院对金建希相关案件的最后一次公开审理上,就其涉嫌违反韩国《资本市场法》《政治资金法》《特定犯罪加重处罚法》向法庭提出上述量刑请求。
韩国特检组就违反《资本市场法》罪名请求判处金建希有期徒刑11年、罚金20亿韩元,并追缴非法所得8.1亿韩元(约合55万美元);就受贿罪求处有期徒刑4年,并追缴1.4亿韩元(约合9.5万美元)。
韩国特检组在说明量刑依据时表示,金建希侵害了韩国宪法价值,全盘否认犯罪事实,毫无悔意,犯罪性质恶劣,特检组综合考虑了这些因素后对其提出量刑建议。
金建希在最终陈述中说:“我给国民带来了巨大的忧虑,深感抱歉。”
据报道,该案定于明年1月28日宣判。(完)
图说:这是8月12日在韩国首尔中央地方法院拍摄的韩国前总统尹锡悦妻子金建希(中)。新华社/纽西斯通讯社
