Europe
အမေရိကန် Metaverse ပလက်ဖောင်း၏ ကန့်သတ်ချက်မူဝါဒအသစ်များနှင့်စပ်လျဉ်း၍ လက်ဝါးကြီးအုပ်မှု စုံစမ်းစစ်ဆေးရေး ဥရောပသမဂ္ဂ စတင်
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
အမေရိကန် Metaverse ပလက်ဖောင်းက ဉာဏ်ရည်တု AI ဝန်ဆောင်မှုပေးသူများ WhatsApp ဆက်သွယ်ရေး အပလီကေးရှင်းသို့ ချိတ်ဆက်မှုအပေါ် ကန့်သတ်ချက်မူဝါဒအသစ်များ ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ လက်ဝါးကြီးအုပ်မှု စုံစမ်းစစ်ဆေးရေးများ တရားဝင်စတင်လိုက်ကြောင်း၊ ယင်းမူဝါဒသည် ဥရောပသမဂ္ဂ၏ ယှဉ်ပြိုင်မှုစည်းမျဉ်းများကို ချိုးဖောက်ခြင်းရှိမရှိကို အကဲဖြတ်ရန်ဖြစ်ကြောင်း ဥရောပကော်မရှင်သည် ဒီဇင်ဘာ ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
WhatsApp သည် Metaverse ပလက်ဖောင်း၏ လက်အောက်ခံ WhatsApp ကုမ္ပဏီမှ ထုတ်ထားသော အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ရေး အပလီကေးရှင်းတစ်ခုဖြစ်ပြီး Metaverse ပလက်ဖောင်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှစတင်၍ “WhatsApp စီးပွားရေးဆိုင်ရာ ဖြေရှင်းရေးနည်းလမ်း” အပေါ် ကန့်သတ်ချက်အသစ်များ ချမှတ်ထားသည်။ ဤမူဝါဒအသစ်များသည် တတိယ AI ဝန်ဆောင်မှုပေးသူများအား WhatsApp မှတစ်ဆင့် ဥရောပစီးပွားရေးဇုန်ရှိ အသုံးပြုသူများထံ ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို အဟန့်အတားဖြစ်မည်ဟု ဥရောပကော်မရှင်က စိုးရိမ်သော်လည်း Metaverse ပလက်ဖောင်းကုမ္ပဏီ ကိုယ်ပိုင်တီထွင်ထားသော “Meta AI” ဉာဏ်ရည်တု ဝန်ဆောင်မှုသည် WhatsApp တွင် အသုံးပြုသူများထံ ဆက်လက်ဖွင့်လှစ်ထားနိုင်မည်ဖြစ်သည်။
အထက်ဖော်ပြပါ လုပ်ဆောင်ချက်များကို စုံစမ်းစစ်ဆေးမှုအတွင်း မှန်ကန်ကြောင်း တွေ့ရှိပါက ယင်းသည် ဥရောပသမဂ္ဂက ကုမ္ပဏီများအား တားမြစ်ထားသော ဈေးကွက်ဦးဆောင်မှုအနေအထားကို အလွဲသုံးစားပြုခြင်းဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်နိုင်သည်။ လက်ဝါးကြီးအုပ်မှု စုံစမ်းစစ်ဆေးရေးအတွက် ဥပဒေပြဋ္ဌာန်းထားသော နောက်ဆုံးကာလ မရှိကြောင်း၊ ကြာချိန်သည် အမှု၏ ရှုပ်ထွေးမှုအခြေအနေ၊ သက်ဆိုင်ရာကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှုအတိုင်းအတာနှင့် ဘက်အသီးသီး၏ အခွင့်အရေးများကို ကျင့်သုံးမှုအခြေအနေ စသည့် အချက်များပေါ်တွင် မူတည်ကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
欧盟就美国元宇宙平台公司限制性新政启动反垄断调查
新华社布鲁塞尔12月4日电(记者张兆卿 丁英华)欧盟委员会4日发布公报说,已就美国元宇宙平台公司对人工智能服务提供商接入WhatsApp通讯应用程序的新限制政策启动正式反垄断调查,以评估该政策是否违反欧盟竞争规定。
WhatsApp是由元宇宙平台公司下属沃茨阿普公司推出的即时通讯应用程序,元宇宙平台公司自2025年10月起对“WhatsApp商业解决方案”作出新的限制。欧盟委员会担心,这项新政策将阻止第三方人工智能服务提供商在欧洲经济区通过WhatsApp向用户提供服务,但元宇宙平台公司自己开发的人工智能服务“Meta AI”则仍可在WhatsApp上向用户开放。
如果上述做法被调查属实,可能违反了欧盟禁止企业滥用市场主导地位的相关规定。欧盟委员会表示,反垄断调查没有法定的最后期限,持续时间取决于案件复杂程度、相关企业配合程度以及各方行使权利情况等因素。(完)
图说:5月23日,在比利时布鲁塞尔,一名男子从欧盟总部大楼外经过。新华社记者赵丁喆摄
