Asia
မလေးရှားအနေဖြင့် ကမ္ဘောဒီးယား-ထိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုအား ဆက်လက် ပံ့ပိုးပေးမည်ဟု မလေးရှား ဝန်ကြီးချုပ် ဆို
ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ၎င်းအနေဖြင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ အကြီးအကဲများနှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသ လတ်တလောကာလ အခြေအနေနှင့်စပ်လျဉ်း၍ ညှိနှိုင်းမှုများပြုလုပ်ကာ ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်သည့် လမ်းကြောင်းကို ရှာဖွေဆွေးနွေးခဲ့ကြောင်း၊ မလေးရှားဘက်အနေဖြင့် နှစ်ဖက်ဆွေးနွေးမှုအတွက် ဆက်လက်ပံ့ပိုးပေးပြီး အခြေအနေအရှိန်လျော့လာစေရန် တွန်းအားပေးသွားလိုကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
အန်ဝါ အီဘရာဟင်က ၎င်းအနေဖြင့် ထိုနေ့တွင် လူမှုမီဒီယာ၌ ဒီဇင်ဘာ ၉ ရက်တွင် ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံ နှစ်နိုင်ငံအကြီးအကဲများနှင့် ဖလှယ်ခဲ့ကြောင်း၊ နှစ်ဖက်လုံးက တံခါးဖွင့်လှစ်သော သဘောထားနှင့် ဆက်လက် ဆွေးနွေးညှိနှိုင်းလိုသည့် ဆန္ဒကို အရင်းခံကြကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် တင်းမာသော အခြေအနေ ပြေလျော့လာစေရန် လုပ်ဆောင်ပြီး အခြေအနေ တစ်ဆင့်တိုး အဆင့်မြင့်တက်သွားစေနိုင်သည့် အထင်လွဲမှုမှန်သမျှကို ရှောင်ကြဉ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အန်ဝါ အီဘရာဟင်က မလေးရှားအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအား ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာဥပဒေကို အခြေခံအဖြစ်ထား၍ အငြင်းပွားမှုအား ဖြေရှင်းရန် အခိုင်အမာ လက်ကိုင်ထားကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ ဒေသတွင်း တည်ငြိမ်မှုနှင့် လုံခြုံမှုကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲသည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသတွင် ဒီဇင်ဘာ ၇ ရက်မှစ၍ ပဋိပက္ခအပြင်းအထန် ဖြစ်ပွားခဲ့ရာ ဒေသများစွာ၌ လက်နက်ကျည်သံများ ခပ်စိတ်စိတ်ပေါ်ထွက်လာခဲ့သည်။ နှစ်ဖက်လုံးက တစ်ဖက်မှ “စတင်ပစ်ခတ်သည်” ဟု အပြန်အလှန် ပြစ်တင်ကြကြောင်း သိရသည်။ လွန်ခဲ့သည့် နှစ်လခန့်ကမှ ကမ္ဘောဒီးယား-ထိုင်းတို့သည် ငြိမ်းချမ်းရေးပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးထားပြီးခါစဖြစ်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ မလေးရှားနိုင်ငံအစိုးရအနေဖြင့် ဘက်အသီးသီးကို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား လိုက်နာစောင့်ထိန်း၍ ပဋိပက္ခဖြစ်ပွားချိန်တွင် အခြေအနေပြေလျော့သွားစေရန်အတွက် အစီအမံများ အချိန်မီလုပ်ဆောင်ရန် တိုက်တွန်းကြောင်း၊ အဆက်မပြတ်တွေ့ဆုံဆွေးနွေးမှု၊ အပြုသဘောဆောင်သော သံတမန်ဆက်ဆံရေး အစီအမံများနှင့် ရှိရင်းစွဲယန္တရားအား လေးစားခြင်းတို့ဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ထိန်းသိမ်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
马来西亚总理:马方将继续支持柬泰和平对话
新华社吉隆坡12月10日电(记者王嘉伟)马来西亚总理安瓦尔10日表示,他已与柬埔寨和泰国领导人通话,就柬泰边境地区近期局势进行沟通,探讨恢复和平的路径。马方愿继续为双方对话提供支持,推动局势降温。
安瓦尔当天在社交媒体上表示,他9日与柬、泰两国领导人进行了交流,双方均秉持开放态度和继续磋商的意愿,希望通过对话缓和紧张局势,避免任何可能导致局势进一步升级的误解。
安瓦尔表示,马来西亚将继续支持和平对话,坚持以国际法为基础解决争端,加强区域合作,共同维护地区稳定与安全。
从7日开始,柬埔寨和泰国在边境地区发生激烈冲突,多地炮火密集。双方均指责对方“先开火”。而不足两月前,柬泰刚刚签署和平联合声明。
马来西亚外交部8日发表声明说,马来西亚政府呼吁各方遵守停火协议,在发生冲突时及时采取措施缓和局势。相信通过持续对话、建设性外交举措以及尊重现有机制,能够维护地区和平与稳定。(完)
图说:10月28日,在马来西亚吉隆坡,马来西亚总理安瓦尔在第47届东盟峰会及系列会议闭幕式上讲话。新华社记者 程一恒 摄
