Connect with us

Europe

ဥရောပသမဂ္ဂ (EU) က ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ခြောက်လ သက်တမ်းတိုး

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ ရုံးချုပ်အဆောက်အဦအပြင်မှ အမျိုးသားတစ်ဦး ဖြတ်လျှောက်သွားသည်ကို ၂၀၂၅ ခုနှစ် မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) က ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ နောက်ထပ် ခြောက်လ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း ဥရောပကောင်စီက ဒီဇင်ဘာ ၂၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

EU ၏ အရေးယူပိတ်ဆို့မှုများတွင် ရုရှားမှ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်လာသော ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းအချို့ကို တင်သွင်းခြင်း သို့မဟုတ် ကူးပြောင်းသယ်ဆောင်ခြင်းကို တားမြစ်ခြင်း၊ SWIFT စနစ်မှ ရုရှားဘဏ်အများအပြားကို ဖယ်ထုတ်ခြင်း၊ EU က “ကရင်မလင်နန်းတော်ရဲ့ ထောက်ပံ့မှုရယူပြီး သတင်းအမှားတွေပံ့ပိုးနေတယ်ဟု ယူဆရတဲ့ မီဒီယာတွေ”ကို EU နိုင်ငံများအတွင်း သတင်းထုတ်လွှင့်ခွင့်လိုင်စင်များကို ဆိုင်းငံ့ခြင်းတို့ ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် EU သည် ပိတ်ဆို့မှုများကို ရှောင်တိမ်းခြင်းနှင့်စပ်လျဉ်းပြီး အထူးတန်ပြန်အစီအမံများကို ချမှတ်ခဲ့သည်။

အထက်ပါ ပိတ်ဆို့မှုအစီအမံများတွင် ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်၊ နည်းပညာနှင့် စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ၊ စက်မှုလုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစသည့် ကဏ္ဍအများအပြား ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

EU သည် ယူကရိန်းနိုင်ငံအား နိုင်ငံရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ လူသားချင်းစာနာထောက်ထားမှု၊ စစ်ရေးနှင့် သံတမန်ရေးဆိုင်ရာ အထောက်အပံ့များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး လိုအပ်ချိန်တွင် နောက်ထပ်ပိတ်ဆို့မှုအစီအမံများ ထည့်သွင်းရန် အပါအဝင် ရုရှားအပေါ် ဖိအားများ တစ်ဆင့်တိုးမြှင့်တင်ရန် EU က အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ရုရှားအပေါ် EU ၏ ယခုအကြိမ် စီးပွားရေးပိတ်ဆို့မှုများသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သည်။ (Xinhua)

…………………
(Chinese Version)
欧盟延长对俄经济制裁6个月
新华社布鲁塞尔12月22日电(记者张兆卿 丁英华)欧盟理事会22日发布声明说,欧盟决定将针对俄罗斯的经济制裁再延长6个月,至2026年7月31日。
声明说,欧盟制裁措施包括禁止欧盟从俄罗斯进口或转运海运原油及部分石油产品;将多家俄罗斯银行排除在环球银行间金融通信协会(SWIFT)系统之外;暂停多家被欧方认定为“受克里姆林宫支持的提供虚假信息的媒体”在欧盟境内的传播许可。此外,欧盟推出针对规避制裁行为的专项反制措施。
声明说,上述制裁措施覆盖贸易、金融、能源、技术及军民两用物项、工业、交通运输等多领域。
声明说,欧盟将继续向乌克兰提供政治、财政、经济、人道主义、军事和外交支持,并表示欧盟仍准备进一步加大对俄施压,包括在必要时追加制裁措施。
欧盟针对俄罗斯的本轮经济制裁将于2026年1月31日到期。(完)
图说:5月23日,在比利时布鲁塞尔,一名男子从欧盟总部大楼外经过。新华社记者赵丁喆摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.