Europe
ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းမှုများတွင် ပိုမိုတင်းမာသော ရပ်တည်ချက် ချမှတ်လုပ်ဆောင်သွားမည်ဟု ရုရှားဆို
မော်စကို/ ကိဗ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Novgorod ပြည်နယ်ရှိ ရုရှားသမ္မတ ဗလာတီမာ ပူတင် အိမ်တော်ကို ယူကရိန်းတိုက်ခိုက်ပြီးနောက် ရုရှားနိုင်ငံသည် ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းမှုများတွင် ပိုမိုတင်းမာသော ရပ်တည်ချက် ချမှတ်လုပ်ဆောင်သွားမည်ဟု ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့ သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားရာတွင် Peskov က ယင်းတိုက်ခိုက်မှုသည် စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို ဖျက်ဆီးရန် ရည်ရွယ်သည့် “အကြမ်းဖက်မှု” လုပ်ရပ်တစ်ခုဖြစ်ပြီး ၎င်းမှာ ပူတင်ကို ပစ်မှတ်ထားရုံသာမက ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းမှုများ မြှင့်တင်ရန် အမေရိကန်သမ္မတ ထရမ့်၏ ကြိုးပမ်းမှုများကိုပါ ဖျက်ဆီးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းလုပ်ရပ်များကြောင့် ရုရှားနိုင်ငံအား ၎င်း၏ညှိနှိုင်းမှုရပ်တည်ချက်ကို ပြန်လည်သုံးသပ်စေခဲ့သော်လည်း ရုရှားအနေဖြင့် ရပ်တည်ချက်ကို မည်သို့တင်းကျပ်မည်ကို လူသိရှင်ကြား ရှင်းရှင်းလင်းလင်း ရှင်းပြရန် မလိုအပ်ဟု ယူဆထားကြောင်း သိရသည်။
ပူတင်နှင့် ထရမ့်တို့အကြား အပြန်အလှန်ယုံကြည်မှု ဆက်လက်ရှိနေကြောင်း၊ ယူကရိန်း၏ ရန်စသောလုပ်ရပ်များသည် နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား အပြန်အလှန်ယုံကြည်မှုနှင့် ဆွေးနွေးမှုကို ထိခိုက်စေမည်မဟုတ်ကြောင်းလည်း Peskov က ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andriy Sybiga က ရုရှားသမ္မတအိမ်တော်ကို ယူကရိန်း တိုက်ခိုက်ခဲ့သည်ဆိုသည့် “ခိုင်လုံတဲ့ သက်သေအထောက်အထား” ယနေ့အထိ ရုရှားဘက်က ဖော်ပြခြင်းမရှိသေးကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ ရုရှားဘက်က သက်ဆိုင်ရာ အထောက်အထားများကို ဖော်ပြမည်မဟုတ်ကြောင်း၊ “ဘာလို့လဲဆိုတော့ အဲဒီလိုတိုက်ခိုက်မှုတွေ မဖြစ်ပွားခဲ့လို့ပါ” ရုရှားဘက်က “အတုအယောင်” သတင်းအချက်အလက်များကို ဖြန့်ဝေနေသည်ဟု ၎င်းက ယူဆသည်။
ယူကရိန်းသည် ဒီဇင်ဘာ ၂၈ ရက် ညသန်းခေါင်မှ ၂၉ ရက်အထိ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း Novgorod ပြည်နယ်ရှိ ပူတင်၏ အိမ်တော်ကို ဒရုန်း ၉၁ စင်းဖြင့် အဝေးမှ တိုက်ခိုက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးကမူ ရုရှား၏ ပြောဆိုချက်များသည် “လုပ်ကြံပြောဆိုမှုသက်သက်” ဖြစ်သည်ဟု ဆိုခဲ့သည်။ (Xinhua)
…………………
(Chinese Version)
俄方:将在乌克兰问题谈判中采取更强硬立场
新华社莫斯科/基辅12月30日电(记者包诺敏 李东旭)俄罗斯总统新闻秘书佩斯科夫30日表示,在乌克兰袭击位于诺夫哥罗德州的俄总统普京官邸后,俄方将在乌克兰问题谈判中采取更强硬立场。
佩斯科夫当天回答记者提问时表示,这是一起旨在破坏谈判进程的“恐怖主义”行为,它不仅针对普京,还要破坏美国总统特朗普为促成乌克兰问题谈判所作出的努力。乌方行径导致俄罗斯重新评估自身谈判立场,但俄方认为没有必要公开明确说明如何收紧立场。
佩斯科夫还说,普京与特朗普之间依然互信,乌方挑衅行为无法破坏两国元首互信对话。
乌外交部长安德烈·瑟比加30日在社交媒体发文称,迄今为止,俄方尚未提供所谓乌袭击俄总统官邸的“可靠证据”。他认为,俄方不会提供相关证据,“因为根本没有发生这样的袭击”,俄方在散布“虚假”信息。
俄外交部长拉夫罗夫29日说,乌克兰28日深夜至29日用91架远程攻击无人机袭击普京位于俄西北部诺夫哥罗德州的官邸。乌总统泽连斯基则称俄方说法“纯属捏造”。(完)
图说:12月19日,在俄罗斯首都莫斯科,俄罗斯总统普京(右)出席“年度盘点”活动。新华社记者 郝建伟 摄
