Connect with us

Asia

တောင်ကိုရီးယား “Kim Keon-hee အထူးစုံစမ်းစစ်ရေးအဖွဲ့” က သမ္မတဟောင်း ယွန်းဆက်ယိုအား ဖမ်းဆီးမှု မအောင်မြင်

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယို စစ်ဆေးမေးမြန်းမှုခံယူပြီးနောက် ဆိုးလ်ဗဟိုခရိုင်တရားရုံးမှ ထွက်လာသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက် ညပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/Newsis)

ဆိုးလ်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတကတော်ဟောင်း Kim Keon-hee သက်ဆိုင်ရာအမှုအား စုံစမ်းစစ်ဆေးရန် တာဝန်ယူရသည့် “Kim Keon-hee အထူးစုံစမ်းစစ်ရေးအဖွဲ့” သတင်းအရ အဆိုပါအဖွဲ့သည် ဩဂုတ် ၁ ရက် နံနက်ပိုင်းတွင် ဆိုးလ်အချုပ်စခန်းသို့သွားရောက်၍ သမ္မတဟောင်း ယွန်းဆက်ယိုအပေါ် ဖမ်းဝရမ်းအရ ဖမ်းဆီးရန် လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် ယွန်းဆက်ယို၏ “ခေါင်းမာစွာ ငြင်းဆန်မှု” ကြောင့် ဖမ်းဆီးမှုအား လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“Kim Keon-hee အထူးစုံစမ်းစစ်ရေးအဖွဲ့” သည် ယွန်းဆက်ယိုအား လာရောက်စုံစမ်းစစ်ဆေးမှုခံယူရန် ဆင့်ခေါ်ခဲ့သော်လည်း ယွန်းဆက်ယိုက အစဉ်အမြဲငြင်းပယ်ခဲ့သည်။ ဇူလိုင် ၃၁ ရက်တွင် တောင်ကိုရီးယား တရားရုံးက “Kim Keon-hee အထူးစုံစမ်းစစ်ရေးအဖွဲ့” ၏ ယွန်းဆက်ယိုအပေါ် ဖမ်းဝရမ်းလျှောက်ထားမှုကို ခွင့်ပြုခဲ့ပြီး ဖမ်းဆီးမိန့်ကာလမှာ ဩဂုတ် ၇ ရက်အထိဖြစ်သည်။

ထို့ပြင် Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ “Kim Keon-hee အထူးစုံစမ်းစစ်ရေးအဖွဲ့” သည် ဩဂုတ် ၁ ရက်တွင် ဖမ်းဝရမ်းအစီအစဉ်အား ထပ်မံလုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ယမန်နှစ် ဒီဇင်ဘာ ၃ ရက်တွင် ယင်းကာလ၌ တာဝန်ထမ်းဆောင်နေသော တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုက အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့သည်။ အဆိုပါလ ၁၄ ရက်တွင်ပင် တောင်ကိုရီးယားနိုင်ငံ အမျိုးသားလွှတ်တော်က ယွန်းဆက်ယိုအား စွဲချက်တင်သည့် အဆိုပြုချက်ကို အတည်ပြုခဲ့ရာ ယွန်းဆက်ယို၏ သမ္မတရာထူးအာဏာကို ချက်ချင်းဆိုင်းငံ့ခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ယွန်းဆက်ယို ပထမအကြိမ် ဖမ်းဆီးခံရကာ တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအစိုးရ သမိုင်းတွင် ပထမဆုံး ဖမ်းဆီးခံရသော တာဝန်ထမ်းဆောင်ဆဲသမ္မတ ဖြစ်လာသည်။
မတ် ၈ ရက်တွင် ယွန်းဆက်ယိုသည် ဆိုးလ်အချုပ်စခန်းမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဧပြီ ၄ ရက်တွင် တောင်ကိုရီးယား အခြေခံဥပဒေတရားရုံးက ယွန်းဆက်ယိုအပေါ် စွပ်စွဲချက်များကို အတည်ပြုခဲ့ပြီး ယွန်းဆက်ယိုအနေဖြင့် သမ္မတရာထူး ရုပ်သိမ်းခံခဲ့ရသည်။ ဇူလိုင် ၁၀ ရက်တွင် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်ဗဟိုခရိုင်တရားရုံးက ယွန်းဆက်ယိုအပေါ် ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ပြီး အရေးပေါ် စစ်အုပ်ချုပ်ရေး ကိစ္စရပ်အား တာဝန်ယူစုံစမ်းစစ်ဆေးသည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးမှုလုပ်ဆောင်ခဲ့ရာ ယွန်းဆက်ယိုမှာ ဆိုးလ်အချုပ်စခန်း၌ ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ (Xinhua)

———————–
(Chinese Version)
韩“金建希特检组”对前总统尹锡悦的逮捕失败
新华社首尔8月1日电(记者黄昕欣 陈怡)据韩国负责调查前总统尹锡悦夫人金建希相关案件的“金建希特检组”消息,特检组8月1日上午前往首尔拘留所,执行针对尹锡悦的逮捕令,但因尹锡悦的“顽强抗拒”,逮捕未能完成。
“金建希特检组”曾传唤尹锡悦到案接受调查,但尹锡悦一直拒绝。7月31日,韩国法院批准了“金建希特检组”针对尹锡悦提出的逮捕令申请,逮捕令期限至8月7日。
另据韩联社报道,“金建希特检组”1日没有再次执行逮捕令的计划。
去年12月3日,时任韩国总统尹锡悦发布紧急戒严令。同月14日,韩国国会通过对尹锡悦的弹劾动议案,尹锡悦总统职权随即停止。今年1月15日,尹锡悦首次被捕,成为韩国宪政史上第一个被逮捕的现任总统。3月8日,尹锡悦从首尔拘留所获释。4月4日,韩国宪法法院宣布通过对尹锡悦的弹劾,尹锡悦被罢免总统职务。7月10日,韩国首尔中央地方法院签发对尹锡悦的逮捕令,负责调查紧急戒严事件的特检组随后实施逮捕,尹锡悦被羁押在首尔拘留所。(完)
图说:7月9日晚,韩国前总统尹锡悦接受讯问后走出首尔中央地方法院。新华社/纽西斯通讯社