Connect with us

Africa & Middle East

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့က တရုတ်-ယူအေအီး ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းအသစ်များ သယ်ဆောင်လာဟု ယူအေအီး စီးပွားရေးပညာရှင် ဆို

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စက်မှုနှင့်ကုန်သွယ်ရေးလုပ်ငန်းဖိုရမ်ကို ဇူလိုင် ၁၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖွင့်လှစ်ကျင်းပခဲ့ရာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အထွေထွေအတွင်းရေးမှူးချုပ် Nurlan Yermekbayev က ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) က အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက် ခိုင်မြဲသောတွန်းကန်အား ပံ့ပိုးပေးလိုက်ပြီး နှစ်ဖက်က ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်အတွက် ကူညီပေးကြောင်း ယူအေအီး စီးပွားရေးပညာရှင် Nasser Saidi က လတ်တလောရက်ပိုင်းတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ယူအေအီးနှင့် အခြားသော ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) နိုင်ငံများ၏ ကုန်သွယ်ရေး အားထားမှုသည် အာရှတိုက်သို့ ရွှေ့ပြောင်းလာပြီဖြစ်ရာ တရုတ်နိုင်ငံသည် ယူအေအီး၏ အရေးကြီးဆုံး စီးပွားကုန်သွယ်ရေး မိတ်ဖက်များအနက် တစ်နိုင်ငံဖြစ်လာပြီဖြစ်ကြောင်း Nasser Saidi Associates ကုမ္ပဏီ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည့် Nasser Saidi က ဆင်ဟွာသတင်းထောက်၏ အွန်လိုင်းမေးမြန်းမှုကို ဖြေကြားရာ၌ ထောက်ပြ ပြောကြားခဲ့သည်။
စွမ်းအင်သည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သည့် အရေးကြီးကဏ္ဍဖြစ်ကြောင်း၊ ဉာဏ်ရည်တု (AI) နှင့် ဘဏ္ဍာရေး သိပ္ပံနည်းပညာ စသည့် ထွန်းသစ်စကဏ္ဍများတွင်လည်း ကြီးမားသည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများ တည်ရှိနေကြောင်း Nasser Saidi က ယူဆသည်။
ယူအေအီးသည် ၂၀၂၃ ခုနှစ် မေလတွင် SCO တွေ့ဆုံဆွေးနွေးမှု မိတ်ဖက်ဖြစ်လာခဲ့သည်။ ယခုနှစ်တွင် SCO ထိပ်သီးအစည်းအဝေးကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ထိုအချိန်တွင် SCO အဖွဲ့ဝင်နိုင်ငံအားလုံးအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ အကြီးအကဲများနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုမှ တာဝန်ရှိပုဂ္ဂိုလ်များက ထိပ်သီးအစည်းအဝေးနှင့် သက်ဆိုင်ရာအစီအစဉ်လှုပ်ရှားမှုများကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————-
(Chinese Version)
阿联酋经济学家:上合组织为中阿经贸合作带来新机遇
新华社迪拜8月13日电(记者温新年)阿联酋经济学家纳赛尔·赛义迪近日表示,上海合作组织为深化阿联酋与中国的经贸关系提供了坚实支撑,助力双方在多领域拓展合作。
作为纳赛尔·赛义迪联合公司创始人兼总裁,赛义迪在接受新华社记者线上采访时指出,目前阿联酋及其他海湾阿拉伯国家合作委员会(海合会)国家的贸易重心已转向亚洲,中国已成为阿联酋最重要的经济贸易伙伴之一。
赛义迪认为,能源是双方合作的重要领域,人工智能和金融科技等新兴领域也蕴藏巨大合作潜力。
阿联酋于2023年5月正式成为上合组织对话伙伴。今年,上合组织峰会将于8月31日至9月1日在中国天津举行,届时包括上合组织所有成员国在内20多个国家的领导人和10个国际组织的负责人将出席峰会相关活动。(完)
图说:7月17日,上海合作组织工商论坛在北京开幕。这是上合组织秘书长叶尔梅克巴耶夫在开幕式上致辞。