Connect with us

North America

အမေရိကန်က ရုရှားအပေါ် အဆက်မပြတ်ဖိအားပေး၊ နျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်း ဖြန့်ကြက်နေရာချထားမည်ဟု ထရမ့် ဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့်က သတင်းထောက်များ မေးမြန်းမှုအား ဖြေကြားရန် လျှောက်လှမ်းလာသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၁ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ရုရှားဖက်ဒရယ်လုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Dmitry Medvedev ၏ “အလွန်အမင်း ရန်စမှု” ပြောဆိုချက်ကြောင့် ၎င်းသည် “နျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်းကို သင့်လျော်သည့်ဒေသမှာ ဖြန့်ကြက်နေရာချထားရန် အမိန့်ချပြီး” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ထရမ့်က အဆိုပါနျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်းသည် နျူကလီးယားလက်နက်များ တပ်ဆင်ထားသော မဟာဗျူဟာမြောက် နျူကလီးယား ရေငုပ်သင်္ဘော ဖြစ်သည်လော သို့မဟုတ် ပုံမှန်လက်နက်များ တပ်ဆင်ထားသည့် တိုက်ခိုက်ရေး နျူကလီးယား ရေငုပ်သင်္ဘော ဖြစ်သည်လောကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ထို့အပြင် ၎င်းအနေဖြင့် ဖြန့်ကြက်နေရာချထားသည့် အသေးစိတ်ဒေသကိုလည်း အတည်ပြုထားခြင်းမရှိပေ။

ထိုမတိုင်မီ ထရမ့်က ရုရှားနှင့် ယူကရိန်းတို့သည် ရက်ပေါင်း ၅၀ အတွင်း ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိပါက အမေရိကန်သည် ရုရှားအပေါ် “အလွန်ပြင်းထန်သည့်” စည်းကြပ်ခွန်များ ကောက်ခံသွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထို့နောက် ၎င်းက အဆိုပါကာလအား ရက်ပေါင်း ၁၀ ရက်မှ ၁၂ ရက်အထိ လျှော့ချခဲ့သည်။

ယင်းအပေါ် Dmitry Medvedev က လူမှုမီဒီယာတွင် ထရမ့်၏ ရုရှားအပေါ် ပေးသည့်ရာဇသံတိုင်းသည် ခြိမ်းခြောက်မှုတစ်မျိုးဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ရုရှားက မည်သည့်အချိန်တွင် ဆွေးနွေးညှိနှိုင်းရေးစားပွဲ၌ ဝင်ထိုင်မည်ကို ထရမ့်က မဆုံးဖြတ်သင့်ကြောင်းလည်း ၎င်းက ဆိုခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က ဩဂုတ် ၁ ရက်တွင် သတင်းထောက်မေးမြန်းမှုကို ဖြေကြားရာ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၏ မကြာသေးမီက ပြောကြားခဲ့သော အမေရိကန်နှင့် ရုရှားအကြား တိုက်ရိုက်စစ်ရေးအတိုက်အခံဖြစ်မှုအား လုံးဝခွင့်မပြုကြောင်း ပြောကြားချက်ကို ထည့်သွင်းပြောကြားခဲ့သည်။ “ကျွန်တော်တို့က ဒီအချက်ကို လုံးဝသဘောတူပါတယ်” ဟု Sergey Lavrov က ဆိုသည်။ (Xinhua)

——————–
(Chinese Version)
美持续对俄施压 特朗普称将部署两艘核潜艇
新华社旧金山8月1日电(记者吴晓凌)美国总统特朗普1日在社交媒体发文称,鉴于俄罗斯联邦安全会议副主席梅德韦杰夫“极具挑衅性”的言论,他已“下令将两艘核潜艇部署到适当区域”。
不过,特朗普并未透露这两艘核潜艇是装备有核武器的战略核潜艇还是装备有常规武器的攻击核潜艇。此外,他也没有明确部署的具体区域。
此前,特朗普威胁称,如果俄罗斯和乌克兰50天内没有达成和平协议,美国将对俄罗斯征收“非常严厉”的关税。之后他又将这一期限缩短到10至12天。对此,梅德韦杰夫在社交媒体上回应道,特朗普对俄罗斯的每一次通牒都是一种威胁。他还说,俄罗斯何时坐到谈判桌前不应由特朗普来决定。
俄罗斯外长拉夫罗夫1日在回答记者提问时,提及美国务卿鲁比奥日前作出的有关绝不允许美俄之间发生直接军事对抗的表态。拉夫罗夫说:“我们完全同意这一点。”(完)
图说:8月1日,在美国首都华盛顿白宫,美国总统特朗普走向记者准备回答提问。新华社记者 胡友松 摄