Connect with us

Asia

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဆက်မပြတ် တိုးတက် အင်အားတောင့်တင်းလာမှုက ဆွဲဆောင်မှုအားနှင့် ရှင်သန်စွမ်းအားကို ပေါ်လွင်စေဟု သီရိလင်္ကာ နိုင်ငံတကာရေးရာ ပညာရှင် Yasiru Ranaraja ဆို

တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံမှ လူငယ် ကျောင်းသား၊ ကျောင်းသူများက အကအစီအစဉ် အတူတကွ ဖျော်ဖြေတင်ဆက်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထူထောင်ခဲ့သည့် ၂၄ နှစ်အတွင်း အဆက်မပြတ် တိုးတက် အင်အားတောင့်တင်းလာရာ အားလုံးပါဝင်လက်ခံနိုင်မှုကို ထင်ဟပ်စေမည့်အပြင် ဆွဲဆောင်မှုအားနှင့် ရှင်သန်စွမ်းအားကို ပေါ်လွင်စေကြောင်း သီရိလင်္ကာနိုင်ငံ နာမည်ကျော် နိုင်ငံတကာရေးရာ ပညာရှင်၊ သီရိလင်္ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဖွဲ့အစည်း တည်ထောင်သူဒါရိုက်တာ Yasiru Ranaraja သည် မကြာသေးမီက ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။
SCO သည် ယနေ့ကမ္ဘာကြီးတွင် လွှမ်းခြုံမှုဧရိယာ အကျယ်ပြန့်ဆုံး၊ လူဦးရေ အများဆုံး ဒေသတွင်း နိုင်ငံတကာ အဖွဲ့အစည်းဖြစ်ကြောင်း၊ တန်းတူညီမျှ တွေ့ဆုံဆွေးနွေးမှုနှင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်းဖြင့် ဒေသတွင်းအရေးကိစ္စအား အတူတကွဖြေရှင်းရန် အားကိုးရသည့် ပလက်ဖောင်းအဖြစ် ပံ့ပိုးပေးလိုက်ကာ ဒေသတွင်းနိုင်ငံများ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် အကျိုးပြုသည့်အပြင် “ဒေသတွင်း လုံခြုံရေးကို မြှင့်တင်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေ” ကြောင်း Yasiru Ranaraja က ဆိုသည်။
“လက်ရှိမှာ နိုင်ငံတချို့က SCO မှာ ပါဝင်ဖို့ သို့မဟုတ် တွေ့ဆုံဆွေးနွေးမှုမိတ်ဖက်ဖြစ်လာဖို့ စိတ်ဝင်စားမှုတွေ ဖော်ပြလာပါတယ်။ ဒါကလည်း နိုင်ငံကတကာအသိုက်အဝန်းက SCO အပေါ် အသိအမှတ်ပြုမှုကို ပေါ်လွင်စေပါတယ်” ဟု Yasiru Ranaraja က ပြောကြားခဲ့သည်။
SCO သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် အဖိုးတန်သည့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအဖြစ် ပံ့ပိုးပေးလိုက်သည်ဟု Yasiru Ranaraja က ယူဆသည်။ လက်ရှိကမ္ဘာကြီးသည် ပထဝီနိုင်ငံရေး ပဋိပက္ခနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ စသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ SCO ကမူ “ပိုမို တရားမျှတပြီး ပိုမိုအားလုံးပါဝင်လက်ခံနိုင်တဲ့ ဒေသတွင်း စီမံခန့်ခွဲမှု မျှော်မှန်းချက်တစ်မျိုး” ကို ကိုယ်စားပြုနေကြောင်း ၎င်းက ဆိုသည်။
သီရိလင်္ကာနိုင်ငံသည် SCO တွေ့ဆုံဆွေးနွေးမှုမိတ်ဖက်ဖြစ်သည်။
သီရိလင်္ကာက ပိုမိုနက်ရှိုင်းသောအလွှာတွင် SCO နှင့် ပူးပေါင်းဆောင်ရွက်မှုအား ပါဝင် တက်ကြွစွာ ဖော်ဆောင်လျက်ရှိကြောင်း၊ အထူးသဖြင့် လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ထောက်ပံ့ရေးကွင်းဆက်နှင့် ဆိပ်ကမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့်ကဏ္ဍများတွင်ဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံသည် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်မှုကို များစွာအလေးထားကြောင်း၊ SCO နှင့်အတူ ဒေသတွင်း ကုန်သွယ်ရေး တစ်သားတည်း တည်ဆောက်ချိတ်ဆက်မှုကို တွန်းအားပေးကာ ဒေသတွင်း ဆိပ်ကမ်း ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းကို တည်ဆောက်ရန် မျှော်လင့်ကြောင်း၊ ယင်းသည် သီရိလင်္ကာနိုင်ငံ ဆိပ်ကမ်းများ လည်ပတ်မှုနှင့် တစ်ဆင့်ခံပို့ဆောင်မှု အရင်းအနှီးကို သိသိသာသာလျှော့ချပေးကာ ဒေသတွင်း ကုန်သွယ်ရေး ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း Yasiru Ranaraja က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ထျန်းကျင်းမြို့ ဟိုင်ဟယ်မြစ်ကမ်းနှစ်ဖက် ညရှုခင်းများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
专访|上合组织不断发展壮大彰显吸引力和生命力——访斯里兰卡国际问题专家拉纳拉贾
新华社科伦坡8月25日电  新华社记者陈冬书 伍岳
斯里兰卡知名国际问题专家、斯里兰卡“一带一路”组织创始董事亚西鲁·拉纳拉贾日前接受新华社记者专访时表示,上海合作组织成立24年来不断发展壮大,既体现出包容性,又彰显吸引力和生命力。
拉纳拉贾表示,上合组织是当今世界覆盖面积最广、人口最多的区域性国际组织,为推动通过平等对话和团结协作共同解决区域问题提供了可靠平台,有利于区域内国家打击恐怖主义、促进地区经济发展,“对加强区域安全大有裨益”。
“现在,一些国家表达了加入上合组织或成为对话伙伴的兴趣,这体现了国际社会对上合组织的认可。”拉纳拉贾说。
拉纳拉贾认为上合组织为全球南方国家提供了宝贵合作平台。他说,当今世界面临地缘冲突和保护主义等挑战,而上合组织代表了“一种更公正、更包容的区域治理愿景”。
斯里兰卡是上合组织对话伙伴。拉纳拉贾说,斯里兰卡正积极寻求更深层次参与上合组织合作,特别是在安全、反恐、供应链和港口合作等领域。斯里兰卡高度重视港口发展,希望能与上合组织推动的区域贸易一体化建设对接,建立区域性的港口合作平台。这将显著降低斯里兰卡港口运营和转运成本,提升区域贸易竞争力。(完)
1、8月6日,上合国家青年学生共同表演舞蹈节目。新华社记者 李然 摄
2、这是2025年8月1日拍摄的天津海河两岸夜景(无人机照片)。新华社记者 孙凡越 摄