Connect with us

Africa & Middle East

အီရန်အနေဖြင့် အမေရိကန် အဆိုပြုသော “လိုက်နာရန် တောင်းဆိုချက်” အား ခိုင်မာစွာ ဆန့်ကျင်ကြောင်း အီရန်ထိပ်တန်းခေါင်းဆောင် ဆို

အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီသည် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် အီရန်-အစ္စရေး အပစ်ရပ်ပြီးနောက် ပထမဆုံးအကြိမ် ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ - Xinhua/AP)

တီဟီရန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
အမေရိကန်သည် အတိုက်အခံပြုလုပ်ခြင်းဖြင့် အီရန်အား လိုက်နာလာစေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြဿနာအားဖြေရှင်းရန် အဆိုပြုသူများသည် “သိမ်ဖျင်းလှ” ကြောင်း၊ အီရန်အနေဖြင့် အမေရိကန် အဆိုပြုသော “လိုက်နာရန် တောင်းဆိုချက်” အား ခိုင်မာစွာ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အီရန်ထိပ်တန်းခေါင်းဆောင် ခါမေနီက ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ခါမေနီသည် ထိုနေ့တွင် မြို့တော်တီဟီရန်၌ မိန့်ခွန်းပြောကြားတွင် “အမေရိကန်က အီရန်အနေနဲ့ သူ့အပေါ် လိုက်နာမှုကို မျှော်လင့်တယ်။ အီရန်လူမျိုးတွေက ဒီလိုမျိုး ဆိုးရွားစွာ စော်ကားမှုအပေါ် နက်နက်ရှိုင်းရှိုင်း ဒေါသထွက်ပြီး အလုံးစုံအင်အားနဲ့ ဒီလိုမျိုး မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်နေသူတွေကို အတိုက်အခံ ပြုလုပ်သွားမှာပါ” ဟု ပြောကြားခဲ့ကြောင်း IRNA သတင်းဌာနက ဩဂုတ် ၂၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြဿနာဖြေရှင်းရန် အဆိုပြုသူများသည် “သိမ်ဖျင်းလှ” ကြောင်း၊ ၁၉၇၉ ခုနှစ်တွင် အီရန်နိုင်ငံ အစ္စလာမ်မစ် တော်လှန်ရေး အောင်နိုင်သည်မှစ၍ အမေရိကန်အစိုးရ အဆက်ဆက်သည် အီရန်အပေါ် ရန်လိုမှု၊ ဒဏ်ခတ်အရေးယူမှုနှင့် ခြိမ်းခြောက်မှု ရပ်တည်ချက် အစဉ်အမြဲ ထားရှိထားကြောင်း၊ လက်ရှိ ထရမ့်အစိုးရကမူ ၎င်း၏ ရည်ရွယ်ချက်အစစ်အမှန်ကို အတိအလင်းဖြစ်စေခဲ့ပြီးဖြစ်ကြောင်း၊ ယင်းမှာ အီရန်ကို ကန့်ကွက်ခြင်းသည် ၎င်းတို့နိုင်ငံက အမေရိကန်၏ တောင်းဆိုချက်များကို လိုက်နာစေရန် မျှော်လင့်သောကြောင့် ဖြစ်သည်ဟု ခါမေနီက ဆိုသည်။
ပြိုင်ဘက်သည် အီရန်၏အတွင်းပိုင်းတွင် ပြိုကွဲမှု ဖန်တီးခြင်းဖြင့် ရည်ရွယ်ချက် အောင်မြင်ရန် လုပ်ဆောင်နေကြောင်း ခါမေနီက သတိပေးပြောကြားခဲ့သည်။ လက်ရှိစည်းလုံးညီညွတ်မှုအား အစွမ်းကုန် ကာကွယ်ထိန်းသိမ်း၍ ခိုင်မြဲအောင်လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းခဲ့ပြီး အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်အပေါ် ထောက်ခံအားပေးမှုကိုလည်း ဖော်ပြခဲ့သည်။
အိုမန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် အမေရိကန်နှင့် အီရန်သည် ယခုနှစ် ဧပြီလမှစ၍ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသူမှ ကြားနေတစ်ဆင့်ခံ ဆွေးနွေးညှိနှိုင်းမှု ၅ ကြိမ် ကျင်းပခဲ့ရာ နှစ်ဖက်က အဓိကအကြောင်းအရာ အများအပြားတွင် ကြီးမားသော သဘောထားကွဲလွဲမှုများ ရှိကြသည်။ ၆ ကြိမ်မြောက် ဆွေးနွေးညှိနှိုင်းမှုကို မူလက ဇွန် ၁၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အစ္စရေးက အီရန်ကို ရုတ်တရက် တိုက်ခိုက်မှုကြောင့် ပယ်ဖျက်ခဲ့ရသည်။
အစ္စရေး-အီရန် ပဋိပက္ခဖြစ်ပွားသည့် ၁၂ ရက်အတွင်း အမေရိကန်ကပင် “ပါဝင်၍” အီရန်နျူကလီးယား အဆောက်အဦအား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အီရန်က လက်တုံ့ပြန်သည့်အနေဖြင့် ကာတာအခြေစိုက် အမေရိကန် Al Udeid လေတပ်စခန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် အီရန်နှင့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နှင့် ဂျာမနီတို့သည် အီရန်နျူကလီးယား ဘက်စုံသဘောတူညီချက် ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်သည် အဆိုပါသဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီးနောက် အီရန်အပေါ် တစ်ဖက်သတ် ဒဏ်ခတ်အရေးယူမှုများ ပြန်လည်ဖော်ဆောင်၍ အဆက်မပြတ် အဆင့်မြှင့်တင်ခဲ့သည်။ (Xinhua)

——————-
(Chinese Version)
伊朗最高领袖:伊朗将坚决抵制美国提出的“服从要求”
新华社德黑兰8月24日电(记者陈霄 沙达提)伊朗最高领袖哈梅内伊24日表示,美国企图通过对抗迫使伊朗服从,那些主张与美直接谈判解决问题的人是“浅薄”的,伊朗将坚决抵制美国提出的“服从要求”。
据伊朗伊斯兰共和国通讯社24日报道,哈梅内伊当天在首都德黑兰发表公开讲话说,“美国希望伊朗对其服从。伊朗民族对这种严重侮辱深感愤怒,并将以全部力量对抗抱有这种虚妄期待的人”。
哈梅内伊说,主张与美国直接谈判解决问题的人是“浅薄”的。自1979年伊朗伊斯兰革命胜利以来,历届美国政府一直对伊朗保持敌对、制裁和威胁立场。而当前的特朗普政府已明确其真实目的,即反对伊朗是因为希望该国服从美国的要求。
哈梅内伊警告说,对手正通过在伊朗内部制造分裂来达成目标。他呼吁全力维护并巩固当前的团结,并表达对伊朗总统佩泽希齐扬的支持。
在阿曼斡旋下,美国和伊朗自今年4月以来举行五轮由斡旋方居中传话的间接谈判,双方在若干核心议题上分歧巨大。第六轮谈判原定于6月15日举行,因以色列突袭伊朗而取消。以伊冲突的12天内,美国一度“下场”轰炸伊朗核设施,伊朗出于报复向美军驻卡塔尔的乌代德空军基地发动导弹袭击。
2015年,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核全面协议。2018年,美国单方面退出该协议,随后恢复并不断升级对伊单边制裁。(完)
图说:这张6月26日的视频截图显示的是伊朗最高领袖哈梅内伊在伊以停火后首次发表电视讲话。新华社/美联

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.