Connect with us

North America

တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း၏ မြေယာပိုင်ဆိုင်ခွင့်ကို ထရမ့် မျက်စိကျနေ

အမေရိကန် သမ္မတ ထရမ့် (ဝဲ၊ ဒုတိယ) က ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် တောင်ကိုရီးယား သမ္မတ လီဂျေမြောင် (ယာ၊ တတိယ) အား ကြိုဆိုနေသည်ကို ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်သည် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် ခရီးစဉ်ရောက်ရှိနေသော တောင်ကိုရီးယား သမ္မတ လီဂျေမြောင်နှင့် ဩဂုတ် ၂၅ ရက်က တွေ့ဆုံ၍ အမေရိကန်-တောင်ကိုရီးယား မဟာမိတ်၊ ကိုရီးယားကျွန်းဆွယ်အခြေအနေ၊ အမေရိကန်-တောင်ကိုရီးယား ထုတ်လုပ်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုစသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး တောင်ကိုရီးယားအနေဖြင့် ၎င်းတို့နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း၏ မြေယာပိုင်ဆိုင်ခွင့်ကို အမေရိကန်ထံ ပေးအပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်-တောင်ကိုရီးယား ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုအစပိုင်းတွင် မီဒီယာသတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထရမ့်က ၎င်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်တပ်၏ “အကြီးစား စစ်အခြေစိုက်စခန်း” မြေပိုင်ဆိုင်ခွင့် အချို့ကို အမေရိကန်အား ပေးအပ်ရန် တောင်းဆိုဖို့ စီစဉ်ထားပြီး ယင်းမှာ “ငှားရမ်းခြင်း” ကိစ္စရပ်များမှ ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အမှန်စင်စစ်မှာ အမေရိကန်-တောင်ကိုရီးယား၏ တောင်ကိုရီးယားနိုင်ငံအခြေစိုက် အမေရိကန်စစ်တပ်နှင့် စပ်လျဉ်းသည့် သဘောတူညီချက်အရ တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်စစ်အခြေစိုက်စခန်းအဖြစ်သုံးရန် မြေနေရာအား အမေရိကန်ထံ အခမဲ့ ပေးရရုံသာမက စစ်အခြေစိုက်စခန်းများ ထိန်းသိမ်းထားရန် ကြီးမားသော အသုံးစရိတ်ကိုပါ မျှဝေထမ်းဆောင်ရကြောင်း ၎င်းက ဆိုသည်။
အမေရိကန်အစိုးရအနေဖြင့် တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်တပ်လူဦးရေကို လျှော့ချမည်လောနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ထရမ့်က “ကျွန်တော်တို့က အမြဲတမ်းသူငယ်ချင်းတွေ ဖြစ်တာကြောင့်” ၎င်းအနေဖြင့် ဤကိစ္စရပ်ကို “အခု” မဆွေးနွေးချင်ကြောင်း ပြောကြားခဲ့သည်။
တစ်နေ့နေ့တွင် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးမှု ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း ထရမ့်က အဆိုပါနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။ လီဂျေမြောင်နှင့် တွေ့ဆုံစဉ်တွင် သတင်းထောက်က ကင်ဂျုံအန်းနှင့် ယခုနှစ် သို့မဟုတ် လာမည့်နှစ်တွင် တွေ့ဆုံရန် စီစဉ်ထားပါသလောဟု ထရမ့်အား မေးမြန်းခဲ့ရာ ၎င်းက “ကျွန်တော် သူနဲ့ ဒီနှစ်မှာ တွေ့ချင်တယ်” ဟု ဖြေကြားခဲ့သည်။
“ကျွန်တော်နဲ့ သူ (ကင်ဂျုံအန်း) ကတော့ ဆက်ဆံရေးအတော် ကောင်းတယ်။ သူ ခေါင်းဆောင်တဲ့ နိုင်ငံရဲ့ အလားအလာက အလွန်ကြီးမားပြီး တောက်ပတဲ့ အနာဂတ် ရှိတယ်လို့ ကျွန်တော်ထင်တယ်” ဟုလည်း ပြောကြားခဲ့သည်။ ထရမ့်အနေဖြင့် ကိုရီးယားကျွန်းဆွယ်၏ “ငြိမ်းချမ်းရေးလမ်းကြောင်းသစ်” ကို ဖွင့်လှစ်ပေးရန် မျှော်လင့်ကြောင်း လီဂျေမြောင်က ပြောကြားခဲ့သည်။ ထရမ့်က လီဂျေမြောင်နှင့်အတူ မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးတွင် “ကြီးမားသောတိုးတက်မှု” ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်-တောင်ကိုရီးယား စီးပွားရေး ဆက်ဆံမှုနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ထရမ့်က တောင်ကိုရီးယားဘက်က ဇူလိုင်လတွင် ရရှိခဲ့သော အမေရိကန်-တောင်ကိုရီးယား ကုန်သွယ်ရေး သဘောတူညီချက်နှင့်စပ်လျဉ်း၍ “အသစ်ပြန်လည် စေ့စပ်ညှိနှိုင်း” ချင်ကြောင်း၊ “ကျွန်တော်ကတော့ စိတ်ထဲမထားပါဘူး၊ အဲဒါကနေ သူတို့ဘာတွေရနိုင်လိမ့်မယ်လို့လဲ မဆိုလိုဘူး” ဟု ပြောကြားခဲ့သည်။ လီဂျေမြောင်က တောင်ကိုရီးယားအနေဖြင့် အမေရိကန် မြှင့်တင်ဆောင်ရွက်လျက်ရှိသော သင်္ဘောကျင်းလုပ်ငန်း စသည့် ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်ရှင်သန်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့သည်။ ထရမ့်က အမေရိကန်အနေဖြင့် တောင်ကိုရီးယားမှ သင်္ဘောအချို့ ဝယ်ယူရန် စီစဉ်နေပြီး တောင်ကိုရီးယား သင်္ဘောကျင်း ကုမ္ပဏီလုပ်ငန်းများက အမေရိကန်တွင် ဒေသတွင်းလုပ်သားများဖြင့် ထုတ်လုပ်မှု ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်သည် တောင်ကိုရီးယား-ဂျပန် ဆက်ဆံရေးနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြသည်။ အမေရိကန်သည် တောင်ကိုရီးယား၊ ဂျပန်တို့နှင့် အတူ အလက်စကာပြည်နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း တောင်ကိုရီးယားနှင့် ဂျပန်ကြားတွင် ထိလွယ်ရှလွယ် သမိုင်းကြောင်း တည်ရှိနေရာ ယင်းကြောင့် တောင်ကိုရီးယားနှင့် ဂျပန် ဆက်ဆံရန် လွယ်ကူနိုင်မည်လားဟု ၎င်းက သံသယရှိသည်။ လီဂျေမြောင်က တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်းနှင့် တောင်ကိုရီးယား-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တွန်းအားပေးသွားမည်ဖြစ်သလို တောင်ကိုရီးယား-ဂျပန် ဆက်ဆံရေးကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်စေရမည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် ထရမ့်က ၎င်းသည် မကြာမီတွင် တောင်ကိုရီးယားဘက်က ကြီးမှူးကျင်းပသော ကုန်သွယ်စီးပွားရေး အစည်းအဝေးတစ်ခု တက်ရောက်ရန် တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းမှာ ယခုနှစ် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးဖြစ်နိုင်ကြောင်း Yonhap သတင်းဌာနက အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ (Xinhua)


…………………………
(Chinese Version)
特朗普盯上驻韩美军基地土地所有权
新华社纽约8月25日电 美国总统特朗普25日在白宫会晤到访的韩国总统李在明,讨论美韩同盟、朝鲜半岛局势、美韩制造业合作等议题,并表示希望韩方把驻韩美军基地土地所有权交给美方。
特朗普在美韩领导人会晤开场环节接受媒体记者提问时说,他打算要求韩方把一些驻韩美军“大型军事基地”的土地所有权交给美方,这样可以摆脱“租借”事宜。而事实上,根据美韩关于驻韩美军的协定,韩国不仅免费向美方提供土地用作美军基地,还分担维持驻军的大量费用。
被问及美国政府是否会削减驻韩美军人数,特朗普称,他“现在”不想讨论这件事,“因为我们一直是朋友”。
特朗普当天早些时候表示有朝一日将再次会晤朝鲜最高领导人金正恩。与李在明会晤时,被在场记者问及打算今年还是明年见金正恩,特朗普回答说“我想要今年见他”。特朗普还说:“我和他(金正恩)相处得很好。我认为他领导的国家潜力巨大,前景光明。”李在明称,希望特朗普开启朝鲜半岛“和平新路径”。特朗普说,期待与李在明一道在对朝关系上取得“大进展”。
谈及美韩经济关系,特朗普说,韩方想就7月达成的美韩贸易协议“重新谈判”,“我不介意。那不意味着他们能得到任何东西”。李在明表示,韩方愿参与美国正在推动的造船业等制造业复兴。特朗普说,美方打算从韩国采购一些船舶,同时希望韩国造船企业在美国用本地劳动力进行生产。
双方还谈及韩日关系。特朗普表示,美方将同韩日一同开发美国阿拉斯加州油气资源,但韩日之间存在历史敏感问题,他对韩日是否会因此难以相处有疑问。李在明称,韩美日合作非常重要,为推动韩美关系发展,韩日关系也要在一定程度上得到改善。
另外,特朗普表示,他不久将访问韩国,参加一场韩方主办的经贸会议。韩联社解读,这很可能是指定于今年10月31日至11月1日在韩国举行的亚太经济合作组织领导人非正式会议。(完)
图说:8月25日,美国总统特朗普(左二)在华盛顿白宫欢迎韩国总统李在明(左三)。新华社记者 胡友松 摄