International Organizations
မြင့်မားသော စည်းကြပ်ခွန်က ကမ္ဘာ့ကုန်သွယ်ရေးကို နှောင့်နှေးစေ၊ WTO က လာမည့်နှစ်အတွက် ကုန်စည်ကုန်သွယ်မှုတိုးတက်နှုန်း ခန့်မှန်းချက်ကို လျှော့ချ

ဂျီနီဗာ၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ကုန်သွယ်မှုတိုးတက်နှုန်း ခန့်မှန်းချက်ကို ဧပြီလတွင် ခန့်မှန်းထားသော ၂.၅ ရာခိုင်နှုန်းမှ ၁.၈ ရာခိုင်နှုန်းသို့ လျှော့ချမည်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ဩဂုတ် ၈ ရက်က နောက်ဆုံးထုတ်ပြန်ထားသော ကုန်သွယ်ရေးကြိုတင်ခန့်မှန်းချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
လတ်တလော စည်းကြပ်ခွန်ပြောင်းလဲပြင်ဆင်မှုက ကမ္ဘာ့ကုန်သွယ်ရေးအလားအလာကို အပျက်သဘောဆောင်သော သက်ရောက်မှုများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ အမေရိကန်၏ ဩဂုတ် ၇ ရက်တွင် အသက်ဝင်ခဲ့သော မြင့်မားသည့် “အလားတူစည်းကြပ်ခွန်” သည် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်နှင့် ၂၀၂၆ ခုနှစ်တွင် အမေရိကန် သွင်းကုန်များကို နှောင့်နှေးစေပြီး အမေရိကန်ကုန်သွယ်ရေးမိတ်ဖက်များ ပို့ကုန်မှုကို အဟန့်အတားဖြစ်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် သတိပေးထားသည်။
၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ကုန်စည်ကုန်သွယ်ရေး ၀.၉ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး ဧပြီလက ခန့်မှန်းထားသော အနုတ် ၀.၂ ရာခိုင်နှုန်းထက် မြင့်သော်လည်း ယင်းမတိုင်မီ အစောပိုင်းတွင် နိမ့်သော စည်းကြပ်ခွန်အဆင့်ကို အခြေခံ၍ ခန့်မှန်းထားသော ၂.၇ ရာခိုင်နှုန်းထက် နိမ့်နေဆဲဖြစ်ကြောင်း အစီရင်ခံစာက ခန့်မှန်းထားသည်။
ဧပြီလ ခန့်မှန်းချက်ထက် မြှင့်တင်ရသည့်အဓိကအကြောင်းရင်းမှာ အမေရိကန် သွင်းကုန်လုပ်ငန်းရှင်များက စည်းကြပ်ခွန် မမြင့်တက်မီ ကုန်ပစ္စည်းများကို ဆောလျင်စွာ စုဆောင်းခြင်းကြောင့် ယင်းနိုင်ငံ ယခုနှစ် ပထမနှစ်ဝက် သွင်းကုန်ပမာဏသည် ယခင်ကာလနှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ မက်ခရိုစီးပွားရေးအလားအလာနှင့် ဧပြီလ ခန့်မှန်းချက်နှိုင်းယှဉ်ပါက အနည်းငယ်တိုးတက်ကောင်းမွန်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒေသအလိုက်ကြည့်လျှင် အာရှစီးပွားရေးအစုအဖွဲ့သည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့ကုန်စည်ကုန်သွယ်ရေးတိုးတက်မှု၏ အကြီးမားဆုံးမောင်းနှင်အားအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး မြောက်အမေရိကဒေသသည် ယခုနှစ်နှင့် လာမည့်နှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှုကို စဉ်ဆက်မပြတ်နှောင့်နှေးစေမည်ဖြစ်သလို ဥရောပ၏ ယခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှုသည်လည်း အနည်းငယ် အပျက်သဘောသက်ရောက်မှု ဖြစ်ပေါ်စေမည်ဖြစ်သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က လတ်တလော စည်းကြပ်ခွန်အစီအမံများ၏ ဘက်စုံသက်ရောက်မှုများ စဉ်ဆက်မပြတ်ပေါ်ထွက်လျက်ရှိပြီး စည်းကြပ်ခွန်မတည်ငြိမ်မှုသည် ကုမ္ပဏီလုပ်ငန်းများ၏ ယုံကြည်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ထောက်ပံ့ရေးကွင်းဆက်များအပေါ် စဉ်ဆက်မပြတ်ဖိအားပေးလျက်ရှိရာ ကမ္ဘာ့ကုန်သွယ်ရေးပတ်ဝန်းကျင်အတွက် ဖျက်ဆီးမှုအားအကောင်းဆုံးများအနက် တစ်ခုဖြစ်ကြောင်း ထောက်ပြခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
高关税拖累全球 世贸组织下调明年货物贸易增长预期
新华社日内瓦8月8日电(记者焦倩)世界贸易组织8日发布最新一期贸易预测报告,将2026年全球货物贸易增长预期从4月预测的2.5%下调至1.8%。
报告警告,近期关税调整将对全球贸易前景产生负面影响。美国7日生效的高额“对等关税”将在2025年下半年及2026年拖累美国进口、抑制美国贸易伙伴出口。
报告预计,2025年全球货物贸易将增长0.9%,高于4月预测的负0.2%,但仍低于更早前基于低关税水平预测的2.7%。报告说,较4月预测上调的主要原因是美国进口商抢在关税上升前囤货,导致该国今年上半年进口量同比大增11%。此外,全球宏观经济前景与4月相比有所改善。
从地区来看,亚洲经济体2025年将继续成为全球货物贸易增长的最大引擎,而北美地区今明两年将持续拖累全球贸易增长,欧洲对今年全球贸易增长也将产生轻微负面影响。
世贸组织总干事伊维拉指出,近期关税措施的全面影响在持续显现,关税不确定性使企业信心、投资和供应链持续承压,是全球贸易环境中最具破坏性的力量之一。(完)
图说:这是5月28日拍摄的德国汉堡港口与物流股份公司旗下汉堡港CTT集装箱码头景象。新华社记者张帆摄