Connect with us

Africa & Middle East

အာဖဂန်နစ္စတန် အရှေ့ပိုင်း ငလျင်ကြောင့် လူ ၂၅၉ ဦး သေဆုံးကာ လူ ၅၀၀ ကျော် ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်ရှိ ဆေးရုံတစ်ရုံ၌ ငလျင်ကြောင့် ဒဏ်ရာရရှိထားသူတစ်ဦးကို ဝှီးချဲပေါ်တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ဒေသစံတော်ချိန် ဩဂုတ် ၃၁ ရက် ညပိုင်းတွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂၅၉ ဦး သေဆုံး၍ လူ ၅၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန် မီဒီယာများ၏ သတင်းအရ သိရသည်။ သတင်းထောက်တည်ရှိရာ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင်လည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရပြီး အချို့သောဒေသများ၌ အင်တာနက်များ ပြတ်တောက်သွားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Kunar ပြည်နယ် သဘာဝဘေးကယ်ဆယ်ရေး အဖွဲ့အစည်း အတည်ပြုချက်အရ ယခုအကြိမ် ငလျင်ကြောင့် အဆိုပါပြည်နယ်တွင် အနည်းဆုံး လူ ၂၉၅ ဦးသေဆုံး၍ လူ ၅၀၀ ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ Bakhtar News Agency စက်တင်ဘာ ၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါကိန်းဂဏန်းမှာ ကနဦးစာရင်းကောက်ယူမှု ကိန်းဂဏန်း ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့များက ဆက်သွယ်ရေး ကန့်သတ်ချက်ရှိသည့် ဝေးလံခေါင်သီသော ဒေသများသို့ သွားရောက်လျက်ရှိကာ ကပ်ဘေးသင့်အခြေအနေအား ဆက်လက်အကဲဖြတ် သွားမည်ဖြစ်ပြီး ငလျင်ဒဏ်သင့်ဒေသထံသို့ ကူညီမှုပေးသွားမည်ဖြစ်ကြောင်း ဒေသတွင်း အရာရှိက ဆိုခဲ့သည်။
ဒေသစံတော်ချိန် ဩဂုတ် ၃၁ ရက် ည ၁၁ နာရီ ၄၇ မိနစ်အထိ ငလျင်ကြောင့် အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ်တွင် လူ ၉ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန် နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန၏ သတင်းအရ သိရသည်။
အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့ (USGS) ငလျင်အချက်အလက်ကွန်ရက်၏ သတင်းအရ အာဖဂန်နစ္စတန်နိုင်ငံ၌ ဒေသစံတော်ချိန် ဩဂုတ် ၃၁ ရက် ည ၁၁ နာရီ ၄၇ မိနစ်တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက်သည် အဆိုပါနိုင်ငံ Nangarhar ပြည်နယ် မြို့တော် Jalalabad အရှေ့မြောက်ပိုင်း ၂၇ ကီလိုမီတာ အကွာတွင်ရှိကာ ငလျင်အနက်မှာ ၈ ကီလိုမီတာဖြစ်ကြောင်း သိရသည်။ (Xinhua)

———————
(Chinese Version)
阿富汗东部地震已致259人遇难500多人受伤
新华社喀布尔9月1日电(记者李昂 聂新宇)综合阿富汗媒体消息,当地时间8月31日夜间发生在阿富汗东部的6.0级地震已造成至少259人遇难、520人受伤。记者所在的阿富汗首都喀布尔震感明显,部分地区网络中断。
据阿富汗巴赫塔尔通讯社9月1日报道,该国东部库纳尔省救灾机构确认,此次地震已造成该省至少250人遇难、500人受伤。当地官员说,该数字为初步统计数字,救援队正赶往通讯受限的偏远地区,将继续评估受灾情况,并向灾区提供援助。
另据阿富汗国家广播电视台报道,截至当地时间8月31日23时47分,地震已造成东部楠格哈尔省9人死亡、20人受伤。
据美国地质调查局地震信息网消息,阿富汗当地时间8月31日23时47分发生6.0级地震。震中位于该国楠格哈尔省首府贾拉拉巴德东北方向27公里处,震源深度8公里。(完)

Caption – An injured person in wheelchair is pictured at a hospital in Kunar province, Afghanistan, Sept. 1, 2025. (Photo by Qazafi/Xinhua)