Connect with us

Asia

ကိုရီးယားကျွန်းဆွယ်နှင့် ဒေသတွင်း၏ အင်အားဟန်ချက်ညီမှုအား ဖျက်ဆီးခြင်းကို လုံးဝဥဿုံခွင့်ပြုမည်မဟုတ်ဟု KCNA သတင်းဌာန ဖော်ပြ

ကင်ဂျုံအန်းက Choe Hyon ဖျက်သင်္ဘောပေါ်တွင် တပ်ဖွဲ့ဝင်များအား ကြည့်ရှုစစ်ဆေးနေသည်ကို မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) မှ ထုတ်ပြန်သည့် ရုပ်ပုံတွင် ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/KCNA)

ပြုံယမ်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်-ဂျပန်-တောင်ကိုရီးယားတို့၏ ယခုကာလများတွင် ကျင်းပသည့် နှစ်ဖက်နှင့် ဘက်စုံပူးတွဲစစ်ရေးလေ့ကျင့်မှုအား ပြစ်တင်ရှုတ်ချကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) က စက်တင်ဘာ ၁၃ ရက်တွင် သုံးသပ်ဖော်ပြထားခဲ့ရာ မြောက်ကိုရီးယားအနေဖြင့် ကိုရီးယားကျွန်းဆွယ်နှင့် ဒေသတွင်း၏ အင်အားဟန်ချက်ညီမှုအား ဖျက်ဆီးခြင်းကို လုံးဝဥဿုံခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆောင်းပါးတွင် အမေရိကန်ဦးဆောင်သည့် ရန်လိုသူအင်အားစုသည် နျူကလီးယားလက်နက် အသုံးပြုသည်ဟူသော အခြေအနေတွင် စစ်ရေးလှုပ်ရှားမှုများ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ကိုရီးယားကျွန်းဆွယ်နှင့် ဒေသတွင်း၏ လုံခြုံရေးပတ်ဝန်းကျင်ကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိကြောင်း၊ အမေရိကန်-ဂျပန် နှစ်နိုင်ငံသည် စက်တင်ဘာ ၁၁ ရက်မှစ၍ စစ်သည်အင်အားနှင့် နောက်ဆုံးပေါ်ပစ္စည်းကိရိယာများစွာကို ဖြည့်တင်းကာ သမိုင်းတွင် ပဏာမအကြီးဆုံးသော လက်တွေ့စစ်ရေးလှုပ်ရှားမှု “Resolute Dragon 25” လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့အပြင် အမေရိကန်-တောင်ကိုရီးယား နှစ်နိုင်ငံသည် စက်တင်ဘာ ၁၅ ရက်မှစ၍ ဘက်စုံနျူကလီးယားစစ်ပွဲကိုပုံတူပြုထားသော နျူကလီးယားစစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှု “Iron Mace” လုပ်ဆောင်ရန် စီစဉ်လျက်ရှိသလို အမေရိကန်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံကလည်း မကြာမီ တတိယအကြိမ်မြောက် “Freedom Blade” ပူးတွဲစစ်ရေးလှုပ်ရှားမှု ပြုလုပ်တော့မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန်-ဂျပန်၊ အမေရိကန်-တောင်ကိုရီးယား၊ အမေရိကန်-ဂျပန်-တောင်ကိုရီးယားတို့က မြောက်ကိုရီးယားနှင့် ဒေသတွင်းနိုင်ငံများကို ဦးတည်သည့် စစ်ရေးလှုပ်ရှားမှုများကို ကိုရီးယားကျွန်းဆွယ်နှင့် ၎င်းအနီးတစ်ဝိုက်ဒေသများတွင် အကြီးအကျယ်အသွင်ဖြင့် ဆောင်ရွက်ခြင်းသည် အမေရိကန် ဦးဆောင်သည့် အမေရိကန်-ဂျပန်-တောင်ကိုရီးယား နျူကလီးယားစစ်ရေးမဟာမိတ်များ ဘက်စုံလည်ပတ်ဆောင်ရွက်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို အတိအလင်း ဖော်ပြနေကြောင်း၊ ယင်းမှာ “ကိုရီးယားကျွန်းဆွယ်နှင့် ဒေသတွင်းလုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်သည့် သာမန်မဟုတ်သော အခြေအနေဖြစ်ပေါ်တိုးတက်ခြင်း” ဖြစ်ကြောင်း ဆောင်းပါးက ထောက်ပြခဲ့သည်။

လက်ရှိအခြေအနေက မြောက်ကိုရီးယားကို နျူကလီးယားလက်နက်အင်အားဖြင့် တိုက်ပွဲအသင့်အနေအထား ထိန်းသိမ်းထားရန် မဖြစ်မနေတွန်းအားပေးနေကြောင်း၊ အမေရိကန်-ဂျပန်-တောင်ကိုရီးယား၏ ကျူးကျော်မှုအသွင် စစ်ရေးလှုပ်ရှားမှုကို သာလွန်သည့် စစ်ရေးအင်အားတောင့်တင်းမှုဖြင့် ချေမှုန်းရန် မဖြစ်မနေလိုအပ်ကြောင်းလည်း ဆောင်းပါးတွင် ဖော်ပြထားသည်။ (Xinhua)
————————————————————————————–
(Chinese Version)
朝中社:绝不容许破坏朝鲜半岛和地区的实力平衡
新华社平壤9月13日电(记者冯亚松 王超)朝中社13日发表评论谴责美日韩近期举行的双边及多边联合军演,称朝鲜“绝不容许破坏朝鲜半岛和地区的实力平衡”。
文章说,以美国为首的敌对势力以使用核武器为前提,大力推行军事活动,严重威胁朝鲜半岛和地区的安全环境。美日两国从11日起投入大批兵力和最新装备,进行史上最大规模的实战演习“坚决之龙”。此外,美韩两国计划从15日起进行虚拟全面核战争的核作战演习“钉锤”,美日韩三方也即将进行第三次“自由之刃”联合军演。
文章指出,美日、美韩、美日韩针对朝鲜和地区国家的军事行动在朝鲜半岛及其周边地区爆发式地进行,清楚表明以美国为主的美日韩核军事同盟已进入全面运作阶段。这是“严重威胁朝鲜半岛和地区安全的不同寻常的事态发展”。
文章还说,当前情况迫切要求朝鲜更应保持核武力应战态势,有必要以绝对的军事强势彻底粉碎美日韩侵略性军事活动。(完)
1. 这是朝中社发布的金正恩在“崔贤”号驱逐舰上视察部队的画面。新华社/朝中社

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.