International Organizations
လာလီဂါတွင် ဘာစီလိုနာက ဂီတာဖေးအား သက်သောင့်သက်သာ အနိုင်ရရှိကာ အဆင့်-၂ သို့ တက်လှမ်း၊ အက်သလက်တီကို နိုင်ပွဲနှင့်လွဲချော်

မက်ဒရစ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက ဂီတာဖေးအား အိမ်ကွင်း၌ ၃ ဂိုးပြတ် အနိုင်ရရှိကာ အမှတ်ပေးဇယား အဆင့်-၂ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
ပရိသတ် ၆,၀၀၀ ဝင်ဆံ့သည့် ယိုဟန်ခရိုက်ဖ် ဘောလုံးအားကစားကွင်း၌ တစ်ပတ်အတွင်း ဒုတိယအကြိမ် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် နည်းပြဟန်ဆီဖလစ်ခ်၏ အသင်းမှာ တစ်ပွဲလုံးကို စိုးမိုးထားနိုင်ခဲ့သည်။ မားကပ်စ် ရက်ရှ်ဖို့ဒ်နှင့် ဒါနီ အိုလ်မိုတို့၏ ဖန်တီးပေးမှုဖြင့် ဖယ်ရန် တောရက်စ်က နှစ်ဂိုးသွင်းယူနိုင်ခဲ့သလို ပွဲချိန် ၆၂ မိနစ်တွင် အိုလ်မိုက ရက်ရှ်ဖို့ဒ်၏ ဖန်တီးပေးမှုမှတစ်ဆင့် တတိယဂိုးသွင်းယူခဲ့သည်။ ဘောလုံးပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်းသာရှိခဲ့သည့် ဂီတာဖေးမှာ ဘာစီလိုနာအား ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိပေ။
အက်သလက်တီကို မက်ဒရစ်မှာမူ မာယော့ကာအား အဝေးကွင်း၌ တစ်ဂိုးစီသရေကျခဲ့သည့်အတွက် ချန်ပီယံပြေးလမ်းပေါ်တွင် နောက်ကောက်ကျနေပြီဖြစ်ကာ အမှတ်ပေးဇယားဦးဆောင်သူ ရီးရဲလ်မက်ဒရစ်နှင့် ကိုးမှတ်ကွာဟသွားပြီဖြစ်သည်။ မာယော့ကာဂိုးသမား လီယို ရိုမန်က ဟူလီယန် အယ်လ်ဗာရက်ဇ်၏ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သလို အခြား အရေးပါသော ဂိုးပေါက်ကာကွယ်မှုများကိုလည်း ပြုလုပ်နိုင်ခဲ့သည့်အတွက် ပွဲချိန် ၇၉ မိနစ်ရောက်မှသာ ကော်နာ ဂယ်လက်ဂါက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ သို့သော် အလက်ဇန်းဒါး ဆော်လော့သ် အနီကတ်ဖြင့် ထုတ်ပယ်ခံရသည့်အတွက် အက်သလက်တီကိုမှာ တစ်ယောက်လျော့ဖြင့် ဆက်လက်ကစားခဲ့ရပြီး မိနစ် ၉၀ ပြည့်ရန် ခြောက်မိနစ်အလိုတွင် ဗီဒက် မူရီကီက မာယော့ကာအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့သဖြင့် အက်သလက်တီကိုအသင်း နိုင်ပွဲနှင့် ဝေးကွာခဲ့ရသည်။
အခြားပွဲစဉ်များတွင် ရာယို ဗယ်လက်ကာနိုက ဆယ်လ်တာဗီဂိုနှင့် တစ်ဂိုးစီသရေကျခဲ့ပြီး ဘော်ဂျာ အီလစ်စီယက်စ်က ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဂျော့ဂျ် ဒီဖရူးတော့စ်က ချေပဂိုးပြန်လည်သွင်းယူခဲ့ခြင်းဖြစ်သည်။ တန်းတက်လာသည့် အယ်လ်ချီအသင်းကလည်း တာထွက်ကောင်းမွန်လျက်ရှိကာ ရီးရဲလ် အိုဗီယေဒိုအား အန်ဒရေ ဆေးလ်ဗား၏ သွင်းဂိုးနှင့်အတူ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အဆင့်-၅ သို့ ရောက်ရှိလာခဲ့သည်။
စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် အက်စပန်ညိုအသင်းတို့၏ ပွဲစဉ်၌ ရီးရဲလ်က အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရာသီသစ်၌ ငါးပွဲကစားခဲ့ရာတွင် ငါးပွဲလုံးအနိုင်ရရှိထားသည်။ အီဒါ မီလီတိုက အဝေးကန်ချက်ဖြင့် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်း ပွဲချိန်အစောပိုင်းတွင် ကီလီယန် အမ်ဘာပေက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။
အိုဆာဆူနာအသင်းမှာ ပွဲချိန် ၃၉ မိနစ်တွင် ဗယ်လန်တင် ရိုဆီယာ အထုတ်ခံရသဖြင့် တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော်လည်း အန်တေ ဘူဒီမီယာ၏ ပင်နယ်တီသွင်းဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။ သို့သော် ဂျော့ဂျ် မီကူတာဇီက ဗီလာရီးရဲလ်အတွက် ချေပဂိုးသွင်းယူခဲ့သလို ပွဲချိန်နှောင်းပိုင်းတွင် ပါပေ ဂူယီနှင့်ထိကာ လမ်းကြောင်းပြောင်း၍ ဂိုးဝင်သွားသဖြင့် ဗီလာရီးရဲလ်က အနိုင်ရရှိခဲ့သည်။
ဗလင်စီယာအသင်းနှင့် အက်သလက်တစ် ဘီဘာအိုအသင်းတို့၏ ပွဲစဉ်၌ ပွဲချိန် မိနစ် ၆၀ တွင် ဘီဘာအိုကစားသမား ဒါနီ ဗီဗီယန် ထုတ်ပယ်ခံခဲ့ရကာ အိမ်ရှင်ဗလင်စီယာအတွက် အနိုင်ဂိုးများကို ဘက်ပ်တစ်စတေး ဆန်တာမာရီယာနှင့် ဟူဂို ဒူရိုတို့က သွင်းယူခဲ့သည်။ ဆီဗီလာက အလာဗက်စ်ကို အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရူဘင် ဗာဂတ်စ်နှင့် အလက်ဆစ် ဆန်းချက်ဇ်တို့က အနိုင်ဂိုးများ သွင်းယူခဲ့သည်။ လီဗန်တေးအသင်းနှင့် ဂျီရိုနာအသင်း၏ ပွဲစဉ်တွင် အိမ်ရှင်ဂျီရိုနာအသင်းမှ အေဇယ် ဝစ်ဆယ်လ်နှင့် ဗစ်တာရိစ်တို့ ထုတ်ပယ်ခံရပြီးနောက် လီဗန်တေးက ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ကာ အက်တာယွန်း၊ ကားလို့စ် အယ်လ်ဗာရက်ဇ်၊ အီဗန် ရိုမဲရိုးနှင့် ဂိုဒူအင် ကိုယာလီပူးတို့က အနိုင်ဂိုးများကို အသီးသီးသွင်းယူခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ ယိုဟန်ခရိုက်ဖ် အားကစားကွင်း၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်က ဘာစီလိုနာအသင်းနှင့် ဂီတာဖေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်တွင် ဘာစီလိုနာ ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ ယိုဟန်ခရိုက်ဖ် အားကစားကွင်း၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်က ဘာစီလိုနာအသင်းနှင့် ဂီတာဖေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်တွင် ဘာစီလိုနာ ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် (ဝဲ) နှင့် ဂီတာဖေးကစားသမား အဲလက်စ် ဆန်ခရစ်စ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
Barca moves second after easy win but Atletico drops more points in La Liga
MADRID, Sept. 21 (Xinhua) — FC Barcelona climbed to second place in La Liga on Sunday with a 3-0 home win over Getafe.
Playing at the 6,000-capacity Johan Cruyff Stadium for the second time in a week, Hansi Flick’s side dominated throughout. Ferran Torres struck twice, set up by Marcus Rashford and Dani Olmo, before Olmo added the third in the 62nd minute from another Rashford assist. Getafe, with only 28 percent possession, rarely threatened.
Atletico Madrid fell further behind in the title race after a 1-1 draw away to Mallorca, leaving them nine points off leaders Real Madrid and seven behind Barca. Mallorca goalkeeper Leo Roman saved a Julian Alvarez penalty and made several key stops before Conor Gallagher finally broke through in the 79th minute. Atletico, reduced to 10 men after Alexander Sorloth’s red card, were denied victory when Vedat Muriqi equalized six minutes from time.
Elsewhere, Rayo Vallecano and Celta Vigo drew 1-1, with Borja Iglesias giving Celta the lead before Jorge de Frutos leveled. Elche continued their strong start after promotion, beating Real Oviedo 1-0 through an Andre Silva strike that lifted them to fifth place.
On Saturday, Real Madrid made it five wins from five with a 2-0 victory at home to Espanyol. Eder Militao opened with a long-range strike, and Kylian Mbappe doubled the lead early in the second half.
Osasuna led at Villarreal through Ante Budimir’s penalty despite going down to 10 men when Valentin Rosier was sent off in the 39th minute. Georges Mikautadze equalized before Villarreal claimed victory via a late deflection off Pape Gueye.
Athletic Bilbao’s Dani Vivian was sent off in the 60th minute of their defeat at Valencia, where Baptiste Santamaria and Hugo Duro scored for the hosts. Sevilla won 2-1 away to Alaves with goals from Ruben Vargas and Alexis Sanchez, while Levante cruised to a 4-0 win at Girona after the home side had Axel Witsel and Victor Reis dismissed. Etta Eyong, Carlos Alvarez, Ivan Romero and Koyalipou were all on target.
English Caption 1
Ferran Torres (front R) of FC Barcelona breaks through during the La liga football match between FC Barcelona and Getafe CF in Johan Cruyff Stadium, Barcelona, Spain, on Sept. 21, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Players of FC Barcelona celebrate scoring during the La liga football match between FC Barcelona and Getafe CF in Johan Cruyff Stadium, Barcelona, Spain, on Sept. 21, 2025. (Photo by Joan Gosa/Xinhua)
English Caption 3
Marcus Rashford (L) of FC Barcelona vies with Alex Sancris of Getafe CF during the La liga football match between FC Barcelona and Getafe CF in Johan Cruyff Stadium, Barcelona, Spain, on Sept. 21, 2025. (Photo by Joan Gosa/Xinhua)