Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေးသင်္ဘောအုပ်စု ရောက်ရှိလာမည်ကို တားဆီးသွားမည်ဟု အစ္စရေး ဆို

လစ်ဗျားနိုင်ငံ ထရီပိုလီတွင် ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်သည့် သင်္ဘောတစ်စင်းအား လူအများက နှုတ်ဆက်နေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေးသင်္ဘောအုပ်စု ရောက်ရှိလာမည်ကို တားဆီးသွားမည်ဟု အစ္စရေး ဆို
ဂျေရုဆလမ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်သည့် Global Resilient Fleet (GSF) သင်္ဘောအုပ်စု ရောက်ရှိလာမည်ကို အစ္စရေးအနေဖြင့် တားဆီးသွားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

အဆိုပါကူညီထောက်ပံ့ရေးသင်္ဘောအုပ်စုသည် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) မှ ဖွဲ့စည်းစီစဉ်ခြင်းဖြစ်ပြီး ၎င်းအတွက် ဝန်ဆောင်မှုပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ အစ္စရေးအနေဖြင့် လက်ရှိ အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ သင်္ဘောများ ဝင်ရောက်ခွင့်ပြုမည် မဟုတ်သလို ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တရားဝင် ပင်လယ်ရေကြောင်း ပိတ်ဆို့မှုအား ထိုးဖောက်ခွင့်ပြုမည်လည်း မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အစ္စရေးတောင်ပိုင်းရှိ Ashkelon မြို့ ဆိပ်ကမ်းတစ်နေရာတွင် သင်္ဘောအုပ်စုကမ်းကပ်၍ ကုန်ချရန်၊ ကူညီထောက်ပံ့ရေးပစ္စည်းများကို အစ္စရေး၏ညှိနှိုင်းဆောင်ရွက်မှုဖြင့် ဂါဇာကမ်းမြောင်ဒေသသို့ တစ်ဆင့်ပို့ဆောင်ရန် အစ္စရေးဘက်က တိုက်တွန်းကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။

Global Resilient Fleet (GSF) သင်္ဘောအုပ်စုကို သင်္ဘောအစင်း ၂၀ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖွဲ့ဝင်များမှာ နိုင်ငံနှင့်ဒေသပေါင်း ၄၄ ခုမှ လာခြင်းဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ ပိတ်ဆို့မှုများကို ထိုးဖောက်ရန်ကြိုးပမ်းခြင်း ဖြစ်သည်။ သင်္ဘောအုပ်စုသည် မူလက ဩဂုတ်လ ၃၁ ရက်တွင် စပိန်နိုင်ငံ Barcelona ဆိပ်ကမ်းမှ စတင်ထွက်ခွာရန် စီစဉ်ထားသော်လည်း ဆိုးရွားသည့်ရာသီဥတုကြောင့် ပြန်လည်ကမ်းကပ်ခဲ့ရပြီး စက်တင်ဘာ ၁ ရက်တွင် နောက်ထပ်တစ်ဖန် ထွက်ခွာခဲ့ခြင်းဖြစ်သည်။

ယခုလ ၈ ရက်နှင့် ၉ ရက်တွင် Global Resilient Fleet (GSF) သင်္ဘောအုပ်စုမှ သင်္ဘောနှစ်စင်းသည် တူနီးရှားဆိပ်ကမ်းတွင် ရပ်နားစဉ် မီးလောင်မှု ဆက်တိုက်ဖြစ်ပွားခဲ့သည်။ တူနီးရှားအစိုးရဘက်က ပထမဖြစ်ရပ်သည် သင်္ဘောအုပ်စုစီစဉ်သူပြောကြားသကဲ့သို့ အစ္စရေး၏ ဒရုန်းယာဉ်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွားမှုခြင်းဖြစ်သည်ဆိုသည့်အပေါ် ငြင်းဆိုခဲ့သော်လည်း ဒုတိယ ဖြစ်ရပ်မှာ “ကြိုတင်စီစဉ်တိုက်ခိုက်ခြင်း” ဖြစ်သည်ဟု ယူဆသတ်မှတ်ခဲ့သည်။ Global Resilient Fleet (GSF) သင်္ဘောအုပ်စုသည် အစ္စရေး၏ တားဆီးခြင်းခံရမည်ဟု နိုင်ငံတကာမီဒီယာများက ကြိုတင်ခန့်မှန်းကြသည်။

ဇွန် ၉ ရက်က အစ္စရေးစစ်တပ်သည် အများပိုင်ပင်လယ်ပြင်တွင် ဂါဇာကမ်းမြောင်ဒေသသို့ ခုတ်မောင်းနေသည့် Madleen ကူညီထောက်ပံ့ရေး သင်္ဘောကို အတင်းအဓမ္မကြားဖြတ်ဟန့်တား၍ အစ္စရေးသို့ ခေါ်ဆောင်သွားခဲ့ပြီး သင်္ဘော၌လိုက်ပါသူ ၁၂ ဦးအား ဖမ်းဆီး၍ အတင်းဖိအားပေးကာ နေရပ်သို့ ပြန်ပို့ခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသထိန်းချုပ်ခွင့်ကို ဟားမက်စ်တို့ သိမ်းယူပြီးသည့်အချိန်မှစ၍ အစ္စရေးတို့က ဂါဇာကို ပင်လယ်ရေကြောင်း ပိတ်ဆို့မှုများ တောက်လျှောက်လုပ်ဆောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် မေလတွင် အစ္စရေးလက်နက်ကိုင်အင်အားစုက ဂါဇာကမ်းမြောင်ဒေသသို့ မောင်းနှင်နေသည့် တူကီယဲ ကူညီကယ်ဆယ်ရေးသင်္ဘော MV Mavi Marmara ကို ကြားဖြတ်ဟန့်တားခဲ့ရာ တူကီယဲနိုင်ငံသား ၁၀ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ (Xinhua)

လစ်ဗျားနိုင်ငံ ထရီပိုလီတွင် ဂါဇာသို့ လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်သည့် သင်္ဘောတစ်စင်း စတင်ထွက်ခွာရန် ပြင်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
以色列称将阻止人道援助船队抵达加沙地带
新华社耶路撒冷9月22日电(记者路一凡 王卓伦)以色列外交部22日发表声明说,以方将阻止向加沙地带运送人道主义物资的“全球坚韧船队”抵达加沙地带。
声明称,这一援助船队由巴勒斯坦伊斯兰抵抗运动(哈马斯)“组织,旨在为其服务”。以色列不允许船只进入当前交战区域,也不允许其突破以方对加沙地带实施的“合法”海上封锁。
声明说,以方呼吁船队在以南部城市阿什凯隆一处码头停靠并卸货,使援助物资在以方协调下转运至加沙地带。
“全球坚韧船队”由约20艘船组成,成员来自44个国家和地区,寻求打破以色列对加沙地带的封锁。船队原计划8月31日从西班牙巴塞罗那港口起航,但因恶劣天气返港,9月1日再次启航。
本月8日和9日,“全球坚韧船队”两艘船在突尼斯港口停泊时接连起火。突尼斯官方否认首起事件如船队组织者所说是以色列无人机袭击导致,但认定第二起为“有预谋袭击”。国际媒体预计,“全球坚韧船队”将被以军拦截。
6月9日,以军在公海强行拦截驶往加沙地带的“马德琳”号援助船并将其拖至以色列,以方逮捕并强制遣返12名乘员。
自哈马斯2007年夺取加沙地带的控制权以来,以色列一直对加沙实施海上封锁。2010年5月,以军武力拦截驶往加沙地带的土耳其救援船“蓝色马尔马拉”号,造成10名土耳其人丧生。(完)
1. 9月21日,在利比亚的黎波里,人们为一艘向加沙运送人道主义救援物资的船只送行。新华社发(哈姆扎·图尔基亚摄)
2. 9月21日,在利比亚的黎波里,一艘向加沙运送人道主义救援物资的船只准备启航。新华社发(哈姆扎·图尔基亚摄)