International Organizations
ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အဆင့်မြင့်အထူးအစည်းအဝေး ကျင်းပ၊ ကုလသမဂ္ဂ အခန်းကဏ္ဍအား မြှင့်တင်ရန် တိုက်တွန်း

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အဆင့်မြင့်အထူးအစည်းအဝေးအား စက်တင်ဘာ ၂၂ ရက်တွင် ကုလသမဂ္ဂ ရုံးချုပ်၌ ကျင်းပခဲ့သည်။ အစည်းအဝေးတက်ရောက်လာသော ဘက်အသီးသီးက နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူအပေါ် ကတိကဝတ်အား ထပ်မံပြောကြားခဲ့ပြီး အတူလက်တွဲ ရှေ့သို့ချီတက်ကာ ကုလသမဂ္ဂ အခန်းကဏ္ဍအား မြှင့်တင်ရန် အလေးထား ပြောကြားခဲ့ကြသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူသည် “ယခင်က မရှိခဲ့ဖူးသည့် တိုက်ခိုက်မှု ခံနေရ” ကြောင်း၊ စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှု၊ ရာသီဥတုပြောင်းလဲမှု စသည်တို့သည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို ပြင်းထန်စွာ စမ်းသပ်နေကြောင်း ပြောကြားခဲ့သည်။ “ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ဆို ကျွန်တော်တို့က ကုလသမဂ္ဂရဲ့ ရပ်တည်မှုကို ကာကွယ်ရမှာသာမက ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကိုလည်း မြှင့်တင်ရပါမယ်” ဟု ၎င်းက အလေးထား ပြောကြားခဲ့သည်။
ဂူတာရက်စ်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံး အတူလှုပ်ရှား၍ “အနာဂတ်စာချုပ် (Pact for the Future)” နှင့် “ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် ၈၀ ပြည့် ပြုပြင်ပြောင်းလဲမှု အစီအမံ” စသည့် အရေးကြီးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်မှုကို တွန်းအားပေးရန် တိုက်တွန်းခဲ့သည်။ “ရှေ့သို့ချီတက်ဖို့ တစ်ခုတည်းသောလမ်းက အတူလက်တွဲချီတက်မှုပါပဲ။ ကျွန်တော်တို့က ရှင်းလင်းသော၊ ရဲဝံ့သောနှင့် ခိုင်မာသော အယူအဆဖြင့် ဒီအခိုက်အတန့်ကို ကြိုဆိုပြီး ငြိမ်းချမ်းရေးအပေါ် ကတိကဝတ်ကို အကောင်အထည်ဖော်ကြပါစို့” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
၈၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Annalena Baerbock က ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် ၈၀ ပြည့်သည် အဓိကအချိုးအကွေ့တစ်ခုတွင် ရောက်ရှိနေကြောင်း၊ “ကျွန်မတို့က မှန်ကန်တဲ့လမ်းကို ရွေးချယ်ပြီး ကျွန်မတို့ အတူလက်တွဲ ရှေ့သို့ချီတက်နိုင်တာကို ကမ္ဘာကြီးထံ သက်သေပြရပါမယ်” ဟု ဆိုခဲ့သည်။ အတူလက်တွဲ ရှေ့သို့ချီတက်ခြင်းသည် ဆောင်ပုဒ်သာမက ခက်ခဲစွာရရှိထားသည့် အမှန်တရား ပို၍ပင်ဖြစ်သလို နောက်ထပ် နှစ် ၈၀ အပေါ် ကတိပြုမှုလည်းဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
လစ်ဗျားနိုင်ငံ သမ္မတဟောင်း Ellen Johnson Sirleaf က ပါဝင်ဆွေးနွေးရာ၌ “ဆွေစဉ်မျိုးဆက် နောင်လာနောက်သားတွေ စစ်ပွဲ၏အဆိပ်အတောက်နှိပ်စက်မှုဒဏ်ကို မခံရအောင် ကာကွယ်ဖို့အတွက် တည်ဆောက်ထားတဲ့ နိုင်ငံတကာ ဘက်ပေါင်းစုံဖွဲ့စည်းပုံက လုပ်ဆောင်ချက် မကောင်းမွန်သလို သိပ္ပံနည်းပညာတွန်းအားက ကမ္ဘာကြီးကို သယ်ဆောင်လာတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် တစ်ကမ္ဘာလုံးက ပူးပေါင်းအင်အား မဖြစ်တည်လာသေးတာကို ကျွန်မတို့ ဝန်ခံရပါမယ်” ဟု ဆိုခဲ့သည်။ နိုင်ငံအသီးသီးက လက်တွေ့ကတိကဝတ်ပြု၍ အရပ်သားပြည်သူများကို ကာကွယ်ကာ လူငယ်များအတွက် အခွင့်အလမ်း ဖန်တီးပေးရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
နော်ဝေးနိုင်ငံ ဝန်ကြီးချုပ်ဟောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ်ဟောင်း Gro Harlem Brundtland ကမူ တစ်ကမ္ဘာလုံး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ၈၀ ရာခိုင်နှုန်းကျော်သည် လမ်းကြောင်းမှ လွဲချော်နေကြောင်း ထောက်ပြခဲ့သည်။ ကုလသမဂ္ဂသည် ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်ခြင်းနှင့် ကျားမတန်းတူညီတူရှိမှု စသည့်ကဏ္ဍများတွင် မပါမဖြစ် ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။ (Xinhua)

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အဆင့်မြင့်အထူးအစည်းအဝေးတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (အရှေ့) က မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
纪念联合国成立80周年高级别会议举行 呼吁强化联合国作用
新华社联合国9月22日电(记者杨士龙)纪念联合国成立80周年高级别会议22日在联合国总部举行。与会各方强调,要重申对多边主义以及联合国宪章宗旨和原则的承诺,携手共进,强化联合国作用。
联合国秘书长安东尼奥·古特雷斯指出,联合国宪章宗旨和原则“正在遭受前所未有的攻击”,战争、饥饿、气候变化等都在严峻考验全球治理体系。他强调:“要应对这些挑战,我们不仅要捍卫联合国地位,更要强化联合国作用。”
古特雷斯呼吁联合国会员国共同行动,推动落实《未来契约》和“联合国80周年改革倡议”等重要议程。“前进的唯一道路就是携手共进。让我们以清醒、勇气和坚定的信念来迎接这一时刻,实现对和平的承诺。”
第80届联合国大会主席安娜莱娜·贝尔伯克表示,联合国成立80周年正值一个关键转折点,“我们必须选择正确的道路,向世界证明我们能够携手共进”。她强调,携手共进不仅是口号,更是得来不易的真理,也是对下一个80年的承诺。
利比里亚前总统埃伦·约翰逊-瑟利夫在发言中说:“我们必须承认,为保护子孙后代免受战争荼毒而建立的国际多边架构表现不佳,全球也尚未形成合力来应对科技驱动带给世界的挑战。”她敦促各国作出切实承诺,保护平民,为青年创造机会。
挪威前首相、世界卫生组织前总干事格罗·哈莱姆·布伦特兰指出,全球超过八成可持续发展目标正偏离轨道。她强调,联合国在应对气候变化与性别平等方面不可或缺。(完)
1、这是9月22日在位于纽约的联合国总部拍摄的纪念联合国成立80周年高级别会议现场。新华社记者 李睿 摄
2、9月22日,在位于纽约的联合国总部,联合国秘书长安东尼奥·古特雷斯(前)在纪念联合国成立80周年高级别会议上讲话。新华社记者 李睿 摄