International Organizations
အစ္စရေးဝန်ကြီးချုပ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဆွေးနွေးပြောကြားစဉ် နိုင်ငံအများအပြား ကိုယ်စားလှယ်များ ဆန္ဒပြ ထွက်ခွာ

ကုလသမဂ္ဂ/ဂျေရုဆလမ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် စက်တင်ဘာ ၂၆ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန် အချေအတင်ဆွေးနွေးပွဲ၌ ဂါဇာကမ်းမြောင်ဒေသနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုအတွက် ရှင်းလင်းဆွေးနွေးခဲ့ရာတွင် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကို ဆန့်ကျင်ခြင်းသည် ၎င်းကိုယ်တိုင်နှင့် ၎င်းဦးဆောင်သော အာဏာရညွန့်ပေါင်းအဖွဲ့၏ မူဝါဒ ဖြစ်ရုံသာမက အစ္စရေး၏ “နိုင်ငံတော်မူဝါဒ” လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနေ့က နေတန်ယာဟုသည် ဆွေးနွေးပြောကြားမည့်စင်မြင့်ပေါ်သို့ ပထမဆုံးတက်လှမ်းခဲ့ခြင်းဖြစ်ပြီး ထိုင်ခုံများ၌ နေရာယူပြီးမကြာမီ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ် များစွာက မတ်တတ်ထ၍ အစည်းအဝေး နေရာအသီးသီးမှ ထွက်ခွာခြင်းဖြင့် ဆန္ဒပြခဲ့ကြရာ အချို့မှာ နေတန်ယာဟု၏ အရှေ့မှ ဖြတ်သန်း ထွက်ခွာခဲ့ကြခြင်းကြောင့် ကိုယ်စားလှယ်ထိုင်ခုံနေရာများစွာ ရုတ်ခြည်း လစ်လပ်သွားခဲ့သည်။
အစည်းအဝေးအခမ်းအနားမှ ထွက်ခွာသည့် ကိုယ်စားလှယ်များမှာ အာရပ်နိုင်ငံများ၊ အစ္စလာမ်မစ်နိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် ဥရောပနိုင်ငံအချို့ဖြစ်ကြောင်း၊ အစ္စရေးကိုယ်စားလှယ်အဖွဲ့နှင့် နေတန်ယာဟု ဖိတ်ကြားသည့် မိတ်ဆွေအဖွဲ့ကမူ အားလုံး မတ်တတ်ရပ်၍ ကျယ်လောင်စွာ လက်ခုပ်တီးကာ အာရုံလွှဲရန် ကြိုးပမ်းခဲ့ကြကြောင်း The Times of Israel သတင်းအရ သိရသည်။
နေတန်ယာဟု ဆွေးနွေးပြောကြားနေစဉ် ကြားနာသူနေရာ၌ ဘီးတပ်ကုလားထိုင်ဖြင့် ထိုင်နေသော ဖမ်းဆီးထိန်းသိမ်းထားခံရသည့် အစ္စရေးနိုင်ငံသား Bar Kuperstein ၏ ဖခင်ဖြစ်သူ Tal Kuperstein က ၎င်းကို နှစ်ကြိမ်တိုင် အော်ဟစ်ဆန္ဒပြခဲ့ရာ မကြာမီ လုံခြုံရေးက ခေါ်ဆောင်သွားခဲ့သည်။ အချို့ဖမ်းဆီးထိန်းသိမ်းခံရသည့် အစ္စရေး မိသားစုဝင်များက ဆန္ဒပြသူ ရာနှင့်ချီကို ဦးဆောင်၍ ကုလသမဂ္ဂရုံးချုပ်ပြင်ပ၌ ဆန္ဒပြကာ ဂါဇာကမ်းမြောင်၌ ဖမ်းဆီးခံထားရသည့် ၎င်းတို့၏ ဆွေမျိုးသားချင်းများကို နေတန်ယာဟုအစိုးရက လျစ်လျူရှုထားသည့်အပေါ် အပြစ်တင်ခဲ့ကြသည်။ ပါလက်စတိုင်း ထောက်ခံသည့် ဆန္ဒပြသူ ထောင်နှင့်ချီက နယူးယောက်တိုင်းမ်ရင်ပြင်အနီးတွင် စီတန်းလှည့်လည်ကာ နေတန်ယာဟုအား ဖမ်းဆီးရန် တောင်းဆိုခဲ့သည်။
နေတန်ယာဟုက အစ္စရေးအနေဖြင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ကို ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ ယင်းမှာ အစ္စရေးနှင့် အာရပ်နိုင်ငံများ ဆက်ဆံရေး ပုံမှန်အသွင်ပြောင်းမှုကို တွန်းအားပေးရာတွင် အထောက်အကူပြုမည် ဖြစ်ကြောင်း ပါဝင်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။ အစ္စရေးအနေဖြင့် ဆီးရီးယားနှင့် သေချာစေ့စပ်ဆွေးနွေးနေပြီဖြစ်သလို အစ္စရေးနှင့် လက်ဘနွန် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်မှာလည်း ဖြစ်နိုင်ကြောင်း၊ အစ္စရေးသည် အမေရိကန်နှင့် ဥရောပနိုင်ငံများကိုယ်စား ဟားမက်စ်၊ လက်ဘနွန် ဟစ်ဇ်ဘိုလာ၊ ယီမင် ဟူသီလက်နက်ကိုင်နှင့် အီရန်တို့ကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အနောက်နိုင်ငံအများအပြား၏ မကြာသေးမီကာလက ပါလက်စတိုင်းနိုင်ငံအပေါ် အသိအမှတ်ပြုမှုကို နေတန်ယာဟုက ဝေဖန်တိုက်ခိုက်ခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းက အစ္စရေးအပေါ် ပြစ်တင်ရှုတ်ချမှုကို “ဂျူးဆန့်ကျင်ရေး” စသည့် အကြောင်းရင်းအပေါ် အပြစ်ပုံချခဲ့သည်။
ပါလက်စတိုင်းနိုင်ငံ တည်ထောင်ခွင့်ပြုခြင်းသည် အစ္စရေးအတွက်ဆိုလျှင် “အမျိုးသားရေးသတ်သေမှု” နှင့် အလားတူကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့အပေါ် ငြင်းပယ်သည့်သဘောထားကို လက်ကိုင်ထားကြောင်း၊ ပါလက်စတိုင်းသားများသည် အစ္စရေး၏နံဘေးတွင် နိုင်ငံတည်ဆောက်ချင်မည်မဟုတ်သလို “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကိုလည်း ယုံကြည်မည်မဟုတ်ဘဲ “အစ္စရေးကို အစားထိုးသည့် ပါလက်စတိုင်းနိုင်ငံ” တစ်ခုကို လိုလားကြောင်း ၎င်းက ဆိုသည်။
သို့သော် ပါလက်စတိုင်း သမ္မတ Mahmoud Abbas က ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့သည် ၁၉၈၈ ခုနှစ်ကပင် အစ္စရေး၏ “ရှင်သန်ရပ်တည်ခွင့်” ကို အသိအမှတ်ပြုခဲ့သလို ၁၉၉၃ ခုနှစ်တွင်လည်း ထပ်မံအသိအမှတ်ပြုခဲ့ကြောင်း လွန်ခဲ့သည့်ရက်က ဗီဒီယိုလင့်ခ်ဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမက်စ်သည် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးအား လျှပ်တစ်ပြက်တိုက်ခိုက်သည့်အပေါ် အတိအလင်း ဆန့်ကျင်ကြောင်းလည်း Mahmoud Abbas က ပြောကြားခဲ့သည်။
ဟားမက်စ်ဘက်က စက်တင်ဘာ ၂၆ ရက် ကြေညာချက်ထုတ်ပြန်ရာတွင် နေတန်ယာဟု၏ “အထင်လွဲမှားမှုဖြစ်စေနိုင်” သည့် ပြောဆိုမှုများက “ပြောင်ပြောင်တင်းတင်း လိမ်ညာမှုနှင့် ရှေ့နောက်မညီမှုများ” ပါဝင်နေကြောင်း၊ နိုင်ငံအများအပြား ကိုယ်စားလှယ်များ အစည်းအဝေးမှ ဆန္ဒပြထွက်ခွာခြင်းက အစ္စရေး သပိတ်မှောက်ခံရခြင်းကို ပြသနေကြောင်း ဖော်ပြထားသည်။
အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသနယ်စပ်နှင့် ဂါဇာနယ်နိမိတ်အတွင်းရှိ အစ္စရေးစစ်တပ်စခန်းများတွင် ထရပ်ကားဖြင့် အသံချဲ့စက်များတပ်ဆင်ကာ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ နေတန်ယာဟု ပါဝင်ဆွေးနွေးပြောကြားချက်များကို ပြန်လည်ထုတ်လွှင့်ခဲ့သည့်အပြင် ဂါဇာတွင် နေထိုင်သူများထံသို့ ပြန်လည်ထုတ်လွှင့်သည့် လင့်ခ်များပါသည့် ဖုန်းမက်ဆေ့များ ပို့ခဲ့ကြောင်း အစ္စရေးမီဒီယာများ၏ သတင်းများအရ သိရသည်။
အစည်းအဝေးအစပိုင်း ပြောကြားချိန်တွင် နေတန်ယာဟုက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အစ္စရေးများနှင့် ဟားမက်စ်အဖွဲ့ဝင်များ၊ ဂါဇာ၌ နေထိုင်သူများထံသို့ ဟီဘရူးဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားဖြင့် သတင်းစကားအသံပေးခဲ့သည်။ ယင်းလုပ်ရပ်သည် အငြင်းပွားမှုဖြစ်စေခဲ့ရာ ရှေ့တန်းရောက် အစ္စရေးစစ်သည်မိခင်များအဖွဲ့ ကိုယ်စားလှယ်တစ်ဦးနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မိသားစုဝင်အများအပြားက အမျက်ထွက်ခဲ့ကြသည်။
အစ္စရေးအတိုက်အခံပါတီ “Yesh Atid” အကြီးအကဲ၊ ဝန်ကြီးချုပ်ဟောင်း Yair Lapid က ယင်းနေ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တင်၍ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နေတန်ယာဟု၏ ဆွေးနွေးချက်သည် “ညည်းညူမှုများနှင့် ပြည့်နှက်” နေပြီး “ငြီးငွေ့ဖွယ်ကောင်းသည့် ဟာသများနှင့်ပြည့်နှက်” နေကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ လွတ်မြောက်ရေး၊ စစ်ပွဲအဆုံးသတ်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတိကျသည့်နည်းလမ်း မရှိဘဲ အစ္စရေး၏အနေအထားကို ပို၍ ဆိုးရွားစေကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
以色列总理联大发言 多国代表退场抗议
新华社联合国/耶路撒冷9月26日电(记者潘云召 陈君清)以色列总理内塔尼亚胡26日在联合国大会一般性辩论发言,为以色列在加沙地带以及中东多国的军事行动辩解,称反对巴勒斯坦建国不仅是他本人及其领导执政联盟的政策,也是以色列的“国策”。
内塔尼亚胡当天第一个走上发言台,众多落座不久的联合国会员国代表立马起身离席,从不同方向退场抗议,数人径直从内塔尼亚胡面前走开。代表席顿时空空荡荡。据《以色列时报》报道,退场代表来自阿拉伯国家、伊斯兰国家、非洲国家以及一些欧洲国家。以色列代表团以及内塔尼亚胡请来的亲友团则全体起立,大声鼓掌,试图转移视线。
内塔尼亚胡发言时,旁听席上坐着轮椅的以色列被扣押人员巴尔·库珀斯坦的父亲塔勒两次冲其抗议喊叫,随后被保安带走。一些以色列被扣押人员家属带领数百名示威者在联合国总部外抗议,指责内塔尼亚胡政府忽视他们被扣在加沙地带的亲人。数以千计支持巴勒斯坦的示威者在纽约时报广场附近游行,要求逮捕内塔尼亚胡。
内塔尼亚胡发言称,以色列将消灭巴勒斯坦伊斯兰抵抗运动(哈马斯),这将有助于推动以色列与阿拉伯国家关系正常化。以色列已与叙利亚进行“认真谈判”,以色列与黎巴嫩实现和平“也是可能的”。他还说,以色列是在替美国和欧洲国家打击哈马斯、黎巴嫩真主党、也门胡塞武装和伊朗。
内塔尼亚胡还抨击多个西方国家近期承认巴勒斯坦国,把国际社会对以色列的谴责归咎于所谓“反犹主义”等因素。他声称允许巴勒斯坦建国对以色列来说相当于“民族自杀”,并对巴勒斯坦民族权力机构持否定态度,称巴勒斯坦人并不想在以色列旁边建立国家,也不相信“两国方案”,而是想要一个“取代以色列的巴勒斯坦国”。
然而,巴勒斯坦总统阿巴斯前一天以视频连线方式在联大一般性辩论上发言时表示,巴民族权力机构早在1988年就承认以色列的“生存权”,并于1993年再次承认。阿巴斯还明确反对哈马斯2023年10月7日从加沙地带对以色列发动的突袭。
哈马斯方面26日发表声明说,内塔尼亚胡的“误导性”发言包含一系列“公然的谎言和矛盾”,多国代表退场抗议显示以色列受到抵制。
据以色列媒体报道,以方沿加沙地带边境以及在加沙境内以军营地,用卡车布设高音喇叭,转播内塔尼亚胡联大发言,并向加沙居民发送包含转播链接的手机短信。内塔尼亚胡在发言开场时先后用希伯来语、英语对以色列被扣押人员和哈马斯成员、加沙居民隔空喊话。这一举动引发争议,一个代表前线以军士兵母亲的团体、多名被扣人员家属均表示愤怒。
以色列反对党“拥有未来”党领导人、前总理拉皮德当天在社交媒体发文说,内塔尼亚胡联大发言“满腹牢骚”“充斥令人厌倦的噱头”,没有就让被扣人员获释、结束战争提出明确方案,以色列的处境更加恶化。(完)
1. 9月26日,在位于纽约的联合国总部,以色列总理内塔尼亚胡在第80届联合国大会一般性辩论发言。众多联合国会员国代表起身离席,退场抗议。 新华社记者吴晓凌摄