Connect with us

Asia

မြောက်ကိုရီးယားအား ရန်စရန် သို့မဟုတ် နှိုးဆွရန် ရည်ရွယ်ချက် မရှိဟု တောင်ကိုရီးယားက ဒရုန်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ ထပ်မံထုတ်ဖော်ပြောကြား

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရှိ အိမ်ပြာတော်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မကြာသေးမီရက်က ဖြစ်ပွားခဲ့သော ဒရုန်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ မြောက်ကိုရီးယားအား ရန်စရန် သို့မဟုတ် နှိုးဆွရန် ရည်ရွယ်ချက် မရှိကြောင်း တောင်ကိုရီးယားနိုင်ငံအစိုးရက ပြောကြားခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော် အမျိုးသားလုံခြုံရေးရုံး၏ ဇန်နဝါရီ ၁၁ ရက် သတင်းအရ သိရသည်။

ယခုအကြိမ်ဖြစ်ပွားခဲ့သော ဒရုန်းဖြစ်ရပ်အား စစ်တပ်မှ ကနေဦးစုံစမ်းစစ်ဆေးပြီးနောက် အစိုးရအနေဖြင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးတွဲစုံစမ်းစစ်ဆေးမှုမှတစ်ဆင့် အမှန်တရားကို ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုရလဒ်ကို အမြန်ဆုံးထုတ်ပြန်သွားမည်ဖြစ်ကြောင်း အိမ်ပြာတော် အမျိုးသားလုံခြုံရေးရုံးက ပြောကြားခဲ့သည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့အကြား တင်းမာမှုအခြေအနေကို ဖြေလျှော့ရန် တောင်ကိုရီးယားဘက်အနေဖြင့် လက်တွေ့ကျသော အစီအမံနှင့် ကြိုးပမ်းမှုများကို စဉ်ဆက်မပြတ်ဖော်ဆောင်သွားမည်ဖြစ်ပြီး အပြန်အလှန်ယုံကြည်မှုများ စုဆောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပြုံယမ်းမြို့ဝေဟင်၌ ဒရုန်းဝင်ရောက်ကျူးကျော်မှုပြီးနောက် နှစ်သစ်ကူးတွင် တောင်ကိုရီးယားက ဒရုန်းလွှတ်တင်၍ မြောက်ကိုရီးယားလေပိုင်နက်ကို ထိပါးခဲ့ရာ ပြင်းထန်သော ရန်စမှုကို ထပ်မံကျူးလွန်ခဲ့သည်ဟု မြောက်ကိုရီးယား ပြည်သူ့စစ် စစ်ဦးစီးချုပ်များရုံး ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၉ ရက်က ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) ၏ သတင်းဖော်ပြမှုအရ သိရသည်။
ယင်းမှာ “အမှန်တရား လုံးဝမဟုတ်ပါဘူး”၊ မြောက်ကိုရီးယား လူသိရှင်ကြား ချပြခဲ့သော ဓာတ်ပုံအတွင်းက ဒရုန်းမှာ တောင်ကိုရီးယားစစ်တပ် ပိုင်ဆိုင်သော ဒရုန်းအမျိုးအစားမဟုတ်သော်လည်း ယင်းနှင့်စပ်လျဉ်း၍ တောင်-မြောက်ကိုရီးယား ပူးတွဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဌာနက ဇန်နဝါရီ ၁၀ ရက်တွင် တုံ့ပြန်ဖြေကြားခဲ့သည်။

ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ ဒုတိယဝန်ကြီး Kim Yo Jong က မြောက်ကိုရီးယားအနေဖြင့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ဖော်ပြောကြားချက်များကို သတိပြုမိကြောင်း၊ သို့သော် တောင်ကိုရီးယားအနေဖြင့် တာဝန်လွှဲရှောင်ခြင်းမရှိဘဲ ဤဖြစ်ရပ်နှင့်စပ်လျဉ်း၍ တိကျသော ဖြေရှင်းချက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု KCNA ၏ ဇန်နဝါရီ ၁၁ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

…………………………….
(Chinese Version)
韩国就无人机事件再表态:无意挑衅或刺激朝鲜
新华社首尔1月11日电(记者黄昕欣)据韩国青瓦台国家安保室11日消息,针对日前发生的无人机事件,韩国政府表示无意挑衅或刺激朝鲜。
青瓦台国家安保室说,对于此次无人机事件,军方进行初步调查后,政府将通过军方和警方的联合调查查明真相,并迅速公开调查结果。韩方将持续采取实质性措施和努力,以缓和韩朝间紧张态势,并积累互信。
据朝中社10日报道,朝鲜人民军总参谋部发言人9日发表声明说,继2024年10月制造平壤上空无人机入侵事件后,韩国在新年伊始放飞无人机侵犯朝鲜领空,再次进行严重挑衅。
韩国国防部10日回应,这“绝非事实”,朝鲜公开照片中的无人机并非韩国军方持有的机型,可对此事进行韩朝联合调查。
据朝中社11日报道,朝鲜劳动党中央委员会副部长金与正10日发表谈话,表示朝方注意到韩国国防部的表态,但韩方不能逃避责任,必须就这一事件作出具体说明。(完)
图说:这是12月22日在韩国首尔拍摄的青瓦台。新华社记者 姚琪琳 摄