Connect with us

North America

အီရန်ကို စွက်ဖက်မည့်အစီအစဉ်များအား အမေရိကန်အစိုးရ ဇန်နဝါရီ ၁၃ ရက်တွင် ဆွေးနွေးမည်ဟု အမေရိကန်မီဒီယာက ဆို

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့ အိမ်ဖြူတော်သို့ ပြန်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဆိုက်ဘာတိုက်ခိုက်မှု၊ ပိတ်ဆို့အရေးယူမှုနှင့် စစ်ရေးတိုက်ခိုက်မှု စသည်တို့အပါအဝင် အီရန်အပေါ် အမေရိကန်၏ နောက်တစ်ဆင့်အစီအမံများကို အမေရိကန် သမ္မတ ထရမ့်က အစိုးရအဆင့်မြင့်အရာရှိများနှင့် ဇန်နဝါရီ ၃ ရက်တွင် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း၊ သို့သော် ယင်းဆွေးနွေးပွဲတွင် ထရမ့်အနေဖြင့် နောက်ဆုံး ဆုံးဖြတ်ချက် ချမည်မဟုတ်ဟု ခန့်မှန်းရကြောင်း The Wall Street Journal က ဇန်နဝါရီ ၁၁ ရက်တွင် အမည်မဖော်လိုသော အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ ကာကွယ်ရေးဝန်ကြီး Pete Hegseth၊ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ Dan Caine တို့ ဆွေးနွေးပွဲတက်ရောက်မည်ဟု ခန့်မှန်းရပြီး အီရန်အစိုးရဆန့်ကျင်ရေးဝက်ဘ်ဆိုက်အရင်းအမြစ်များကို ထပ်တိုးခြင်း၊ အီရန် စစ်ရေးနှင့် အရပ်ဘက်သုံးပစ်မှတ်များကို ဦးတည်၍ လျှို့ဝှက် ဆိုက်ဘာလက်နက်များ ဖြန့်ကြက်ခြင်း၊ အီရန်အစိုးရအပေါ် ပိုမိုများပြားသော အရေးယူပိတ်ဆို့ခြင်းနှင့် စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ခြင်း စသည့် အစီအမံများကို ထရမ့်နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်၏ မည်သည့်တုံ့ပြန်မှုမဆို အရှေ့အလယ်ပိုင်းဒေသ အခြေအနေတင်းမာမှုကို ပို၍ ဆိုးရွားစေနိုင်ပြီး အမေရိကန်၊ အီရန်နှင့် အစ္စရေးတို့အကြား တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်စေနိုင်မည်ကို အမေရိကန်အစိုးရ အရာရှိအချို့က စိုးရိမ်ကြကြောင်း သတင်းတွင် ဖော်ပြထားသည်။

အကယ်၍ အီရန်အပေါ် အမေရိကန်က စစ်ရေးတိုက်ခိုက်မည်ဆိုလျှင် ပင်တဂွန်စစ်ဌာနချုပ်က အရင်းအမြစ်ဖြန့်ကြက်ရန်နှင့် စစ်အင်အားစုစည်းရန် လိုအပ်သလို အရှေ့အလယ်ပိုင်းဒေသတွင် တပ်စွဲထားသော အမေရိကန်စစ်တပ်အား ကာကွယ်ရန် လိုအပ်သေးကြောင်း၊ သို့သော် ပင်တဂွန်စစ်ဌာနချုပ်သည် ယမန်နှစ်က USS Gerald R. Ford လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုကို မြေထဲပင်လယ်မှ ကာရေဘီယံပင်လယ်သို့ ရွှေ့ပြောင်းထားခြင်းကြောင့် လက်ရှိ အမေရိကန် စစ်တပ်တွင် အရှေ့အလယ်ပိုင်းနှင့် ဥရောပတိုက်ဒေသ၌ လေယာဉ်တင်သင်္ဘောမရှိဖြစ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

အကယ်၍ အီရန်ကို အမေရိကန် စတင်တိုက်ခိုက်မည်ဆိုလျှင် အီရန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေးနှင့် အမေရိကန်၏ စစ်အခြေစိုက်စခန်းများကို “တရားဝင်ပစ်မှတ်များ” အဖြစ် ရှုမြင်ကာ တန်ပြန်တိုက်ခိုက်သွားမည် ဖြစ်သည်ဟု အီရန် လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း အခြားသတင်းများအရ သိရသည်။ (Xinhua)

——————-
(Chinese Version)
美媒称美国政府13日将讨论对伊朗干预方案
新华社华盛顿1月11日电(记者徐剑梅 黄强)美国《华尔街日报》11日援引匿名美国官员的话报道称,美国总统特朗普计划13日与政府高级官员讨论美国针对伊朗的下一步措施,包括网络攻击、实施制裁和军事打击等,但预计特朗普不会在会议上作出最终决定。
报道称,美国国务卿鲁比奥、国防部长赫格塞思和美军参谋长联席会议主席凯恩预计将出席会议,与特朗普讨论增加反伊朗政府网络消息源、针对伊朗军事和民用目标部署秘密网络武器、对伊朗政权实施更多制裁以及进行军事打击等措施。
报道说,美国政府一些官员担忧,美国的任何回应都可能加剧中东地区紧张局势,并有可能引发美国、伊朗以及以色列之间的直接对抗。
报道说,若美国对伊朗进行军事打击,五角大楼需要部署资源和调动兵力,还需要保护驻扎在中东地区的美军。但五角大楼去年将“杰拉尔德·R·福特”号航母打击群从地中海调往加勒比海,导致目前美军在中东和欧洲地区没有航母。
另据报道,伊朗议长卡利巴夫11日说,如果美国对伊朗发动打击,伊朗将把以色列以及美国在中东地区的军事基地视为“合法目标”予以还击。(完)
1. 2025年11月30日,在美国首都华盛顿白宫,美国总统特朗普和夫人梅拉尼娅返抵白宫。新华社记者 胡友松 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.