Connect with us

Asia

တောင်ကိုရီးယား အစိုးရရှေ့နေဘက်က သမ္မတဟောင်း ယွန်းဆက်ယိုအား သေဒဏ်ပေးရန် တောင်းဆို

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် တရားရုံးကြားနာမှု တက်ရောက်နေသော တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆက်ယို (အနောက်တန်း၊ အပေါ်) အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- NEWSIS/Handout via Xinhua)

ဆိုးလ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အရေးပေါ် စစ်အုပ်ချုပ်ရေး ကိစ္စရပ်အား တာဝန်ယူစုံစမ်းစစ်ဆေးသည့် အထူးရှေ့နေအဖွဲ့က သမ္မတဟောင်း ယွန်းဆက်ယိုအား ပြည်တွင်းဆူပူသောင်းကျန်းမှုတွင် ပါဝင်ပတ်သက်မှုဖြင့် သေဒဏ်ပေးရန် တရားရုံး၌ ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက တောင်းဆိုခဲ့သည်။ အဆိုပါအမှုတွင် အခြားတရားခံတစ်ဦးဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယုံဟွန်းကိုလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ရန် တောင်းဆိုခဲ့သည်။
ပြည်တွင်းဆူပူသောင်းကျန်းမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ယွန်းဆက်ယို စသည့် လူပုဂ္ဂိုလ် ၈ ဦး၏ အပြီးသတ်ကြားနာမှုကို ဇန်နဝါရီ ၁၃ ရက်တွင် ဆိုးလ်ဗဟိုခရိုင်တရားရုံးရှိ အမှတ် ၄၁၇ ခုံရုံး၌ ပြန်လည်စတင်ခဲ့သည်။ ယွန်းဆက်ယို၏ သက်သေအထောက်အထားများ ပြန်လည်သုံးသပ်စိစစ်ခြင်း လုပ်ငန်းစဉ်သည် ၁၁ နာရီဆက်တိုက်ကြာမြင့်ခဲ့ပြီး ယင်းနောက် တရားလိုရှေ့နေဘက်က ၎င်း၏ သဘောထားထင်မြင်ချက်များကို တင်ပြပြီး ပြစ်ဒဏ်ချမှတ်ရန် အကြံပြုချက်များ ပေးခဲ့သည်။

ယင်းအမှု၏ အပြီးသတ်ကြားနာမှု လုပ်ငန်းစဉ်ကို ယခုလ ၉ ရက်တွင် ပြီးမြောက်ရန် စီစဉ်ထားသော်လည်း ထိုနေ့တွင် သက်သေအထောက်အထားများ ပြန်လည်သုံးသပ်စိစစ်ခြင်း လုပ်ငန်းစဉ်ကို ဦးစွာ လုပ်ဆောင်ခဲ့သော ကင်ယုံဟွန်း၏ ရှေ့နေက ကြားနာမှုတွင် “နှောင့်နှေးစေသည့် နည်းဗျူဟာ” သုံးခဲ့သောကြောင့် ယွန်းဆက်ယို၏ သက်သေအထောက်အထားများ ပြန်လည်သုံးသပ်စိစစ်ခြင်းနှင့် ပြင်ပက အာရုံစူးစိုက်မှုအမြင့်ဆုံးဖြစ်သည့် ပြစ်ဒဏ်ချမှတ်ရန် အကြံပြုချက် စသည့် လုပ်ငန်းစဉ်များ ပြီးမြောက်မှုမရှိခဲ့ပေ။ ယင်းနောက် တရားရုံးက အပြီးသတ်ကြားနာမှုကို ဇန်နဝါရီ ၁၃ ရက်တွင် ဆက်လက်လုပ်ဆောင်ရန် ကြေညာခဲ့သည်။

ဆိုးလ်ဗဟိုခရိုင်တရားရုံးရှိ အမှတ် ၄၁၇ ခုံရုံး၌ ယခင်က Chun Doo-hwan ၊ Roh Tae-woo ၊ Lee Myung-bak ၊ Park Geun-hye စသည့် တောင်ကိုရီးယားသမ္မတဟောင်း ၄ ဦး၏ သက်ဆိုင်ရာအမှုများကို စီရင်ဆုံးဖြတ်ခဲ့ဖူးသော်လည်း ယွန်းဆက်ယိုမှာ Chun Doo-hwan ၊ Roh Tae-woo ပြီးနောက် နှစ် ၃၀ နီးပါးအကြာမှ ပြည်တွင်းဆူပူသောင်းကျန်းမှုနှင့် ဆက်စပ်သော သံသယဖြင့် ပထမဆုံး ဤခုံရုံး၌ ရုံးတင်စစ်ဆေးခံရသော သမ္မတဟောင်းဖြစ်သည်။ ဤအမှု၏ ပထမအကြိမ် ကြားနာမှု အဆုံးအဖြတ်ကို ဖေဖော်ဝါရီလမကုန်မီ ကြေညာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………
(Chinese Version)
韩国检方要求判处前总统尹锡悦死刑
新华社首尔1月13日电(记者黄莹莹 孙一然)韩国负责调查紧急戒严事件的特检组13日晚以涉嫌内乱罪要求法院判处前总统尹锡悦死刑。同案被告、前国防部长官金龙显被要求判处无期徒刑。
尹锡悦等8人涉嫌内乱罪一案结案庭审13日在首尔中央地方法院417号法庭重新开庭。尹锡悦方面的证据审查程序持续11个小时,随后检方发表意见陈述并提出量刑建议。
该案结案庭审程序原计划本月9日完成,但当天由于首先进行证据审查程序的金龙显方辩护律师在庭审中采取“拖延战术”,导致尹锡悦方证据审查及外界最为关注的检方提出量刑建议等程序未能完成。随后,法庭宣布结案庭审于13日继续进行。
首尔中央地方法院417号法庭曾审理过全斗焕、卢泰愚、李明博和朴槿惠等4名韩国前总统相关案件,而尹锡悦是继全斗焕、卢泰愚之后,近30年来首位因内乱罪相关嫌疑坐上该法庭审判席的前总统。据悉,该案一审将于2月底前宣判。(完)
图说:1月13日,韩国前总统尹锡悦(后排上)在韩国首尔出席法院庭审。新华社/纽西斯通讯社