Connect with us

Asia

လက်ရှိတွင် နီပါးရ်ဗိုင်းရပ်စ် အတည်ပြုလူနာ ၂ ဦးသာရှိဟု အိန္ဒိယအစိုးရ ဆို

နယူးဒေလီ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကျန်းမာရေးနှင့် မိသားစုဖူလုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်၍ အဆိုပါနိုင်ငံ အမျိုးသားရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အထိ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်၌ စုစုပေါင်း နီပါးဗိုင်းရပ်စ် အတည်ပြုလူနာ ၂ ဦးသာရှိကြောင်း၊ အခြားသူများ၏ စမ်းသပ်မှုရလဒ်အားလုံးမှာ ကူးစက်ခံရမှုမရှိကြောင်း ပြောကြားခဲ့သည်။

အထက်ပါ အတည်ပြုလူနာ ၂ ဦး တွေ့ရှိပြီးနောက် အိန္ဒိယအစိုးရက အများပြည်သူကျန်းမာရေး တုံ့ပြန်မှုအစီအမံများ လျင်မြန်စွာလုပ်ဆောင်ခဲ့ပြီး အတည်ပြုလူနာနှင့် ပတ်သက်မှုရှိသော အနီးကပ် နေထိုင်ထိတွေ့ခဲ့သူ စုစုပေါင်း ၁၉၆ ဦးအား အတည်ပြုခြေရာခံမိကြောင်း၊ အနီးကပ် နေထိုင်ထိတွေ့ခဲ့သူအားလုံးသည် စောင့်ကြည့်တိုင်းတာမှုနှင့် စမ်းသပ်စစ်‌ဆေးမှု ခံယူပြီးဖြစ်ရာ ၎င်းတို့သည် လက်ရှိတွင် ရောဂါလက္ခဏာမရှိသလို နီပါးရ်ဗိုင်းရပ်စ် စမ်းသပ်မှုရလဒ်အားလုံးသည်လည်း ကူးစက်မရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးအရအနေဖြင့် စောင့်ကြည့်တိုင်းတာမှုမြှင့်တင်ခြင်း၊ ဓာတ်ခွဲစမ်းသပ်ခန်းတွင် စမ်းသပ်ခြင်းနှင့် လက်တွေ့စုံစမ်းစစ်ဆေးခြင်း စသည့်အစီအမံများကို လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ သက်ဆိုင်ရာလူနာများကို အချိန်မီထိန်းချုပ်နိုင်ခြင်းအား သေချာစွာလုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိအထိ အသစ်ထပ်တိုးသော နီပါးရ်ဗိုင်းရပ်စ် အတည်ပြုလူနာ မတွေ့ရှိသေးကြောင်း၊ အိန္ဒိအစိုးရအနေဖြင့် လိုအပ်သော အများပြည်သူကျန်းမာရေး အစီအမံများ လုပ်ဆောင်နိုင်ရန် ရောဂါအခြေအနေ ဖြစ်ပေါ်တိုးတက်မှုအား ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

နီပါးရ်ဗိုင်းရပ်စ်သည် Paramyxoviridae မျိုးရင်း Henipavirus မျိုးစုဖြစ်ပြီး RNA ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည်။ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာပေါ်ထွက်လာသော ရောဂါပျိုးချိန်သည် ပုံမှန်အားဖြင့် ၄ ရက်မှ ၁၄ ရက်အထိဖြစ်ပြီး အကြာဆုံးအနေဖြင့် ၄၅ ရက်အထိ ရှိနိုင်ကြောင်း၊ ကပ်ရောဂါဖြစ်ပွားသည့်ဒေသ၌ ကူးစက်ရောဂါဗေဒဆိုင်ရာ စောင့်ကြည့်မှုနှင့် ကုသပေးနိုင်မှုစွမ်းရည် ကွာခြားမှုကြောင့် ကူးစက်ခံရသူ၏ သေဆုံးနှုန်းသည် ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စသည့် အဖွဲ့အစည်းများ၏ မိတ်ဆက်ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် နီပါးရ်ဗိုင်းရပ်စ်အား သီးသန့်ရည်ရွယ်သည့် အထူးကုသဆေးနှင့် ကာကွယ်ဆေးများ မရှိသေးပေ။ ကြိုတင်ကာကွယ်သည့်အစီအမံများတွင် အသီးမစားသုံးမီ သေချာစွာဆေးကြော၍ အခွံခွာရန်၊ ရောဂါဖြစ်ပွားသော တိရစ္ဆာန်နှင့် ၎င်း၏တစ်သျှူးများအား စီမံရာ၌ အကာအကွယ်ဝတ်စုံဝတ်ဆင်၍ လက်အိတ်ဝတ်ဆင်ရန်၊ ကူးစက်ခံရသူနှင့် အကာအကွယ်မပါဘဲ အနီးကပ်ထိတွေ့နေထိုင်ခြင်းအား ရှောင်ကြဉ်ရန်တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

—————–
(Chinese Version)
印度政府说目前仅确诊两例尼帕病毒病病例
新华社新德里1月28日电 印度卫生和家庭福利部27日发布声明说,来自该国国家疾病控制中心的数据显示,自2025年12月至今,印度东部西孟加拉邦累计报告了两例尼帕病毒病确诊病例,其余人检测结果均为阴性。
声明说,在上述两例病例确诊后,印度政府迅速采取公共卫生应对措施,共识别并追踪到与确诊病例相关的196名密切接触者。所有密切接触者已接受监测和检测,他们目前均无症状,并且尼帕病毒检测结果全部为阴性。
声明说,印度政府已采取了加强监测、实验室检测和实地调查等措施,确保了相关病例得到及时控制。截至目前,未发现新增尼帕病毒病病例。印度政府将持续关注疫情发展,以便采取必要的公共卫生措施。
尼帕病毒属于副粘病毒科亨尼帕病毒属,是一种RNA病毒。世界卫生组织等机构介绍,尼帕病毒病从感染到出现症状的潜伏期一般为4至14天,最长可达45天。因疫情暴发地区流行病学监测和临床治疗能力差异,感染者死亡率在40%至75%不等。
目前尚无针对尼帕病毒病的特效药和疫苗。预防措施包括食用水果前彻底清洗并去皮;处理患病动物及其组织时,应穿防护服并佩戴手套;避免与感染者进行无防护的密切接触等。(完)