Latin America
အမေရိကန် ကျူးကျော်မှု ထောက်ခံသူများကို ရှာဖွေဖမ်းဆီးရန် ဗင်နီဇွဲလား အမိန့်ချ
ကရာကတ်စ်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားအစိုးရက ဇန်နဝါရီ ၅ ရက်တွင် တရားဝင် ဥပဒေအမိန့်တစ်ရပ် ပြဋ္ဌာန်းခဲ့ရာ အမေရိကန်၏ လက်နက်ကိုင်တိုက်ခိုက်ရေးကို လှုံ့ဆော်ခြင်း သို့မဟုတ် ထောက်ခံခြင်း ပြုသူများကို နိုင်ငံတစ်ဝန်း ချက်ချင်း ရှာဖွေဖမ်းဆီးပြီး ၎င်းတို့ကို တရားစီရင်ရေးစနစ်သို့ လွှဲပြောင်း စီရင်ရန် နိုင်ငံ၊ ပြည်နယ်နှင့် မြို့ အဆင့်အသီးသီးရှိ ရဲတပ်ဖွဲ့ဌာနအဖွဲ့အစည်းများကို တောင်းဆိုခဲ့သည်။
အဆိုပါဥပဒေအမိန့်တွင် အရေးပေါ် ကာကွယ်ရေးအစီအမံများစွာ သတ်မှတ်ထားရာ ဥပမာအားဖြင့် အများပြည်သူဝန်ဆောင်မှု အခြေခံအဆောက်အဦများ၊ ရေနံစက်မှုလုပ်ငန်းနှင့် အခြားသော နိုင်ငံ၏ အခြေခံစက်မှုလုပ်ငန်းများကို စစ်ရေးအသွင်စီမံခန့်ခွဲခြင်း၊ ကြည်း၊ ရေ၊ လေ နယ်စပ် ကင်းလှည့်စစ်ဆေးရေးနှင့် လုံခြုံရေးအာမခံချက်ကို မြှင့်တင်ခြင်း၊ နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် မြို့အသီးသီးတွင် “ဘက်စုံ ကာကွယ်ရေး ကွပ်ကဲမှုဌာနများ” ဖြန့်ကြက်ထားခြင်း စသည်တို့ ဖြစ်သည်။
ဗင်နီဇွဲလား နယ်မြေပိုင်နက်နှင့် ပြည်သူများအပေါ် အမေရိကန် စစ်ရေးအင်အားက လက်နက်ဖြင့် တိုက်ခိုက်ပြီး ဗင်နီဇွဲလား နယ်မြေပိုင်နက်ပြည့်စုံမှု၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ဆိုးရွားစွာ ထိပါးချိုးဖောက်ခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အခြေအနေ ကြေညာကြောင်း ဥပဒေအမိန့်တွင် ထောက်ပြထားသည်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်း ပုဒ်မ ၅၁ အရ တရားမဝင်မှုနှင့် ကျိုးကြောင်းဆီလျော်မှု အလျဉ်းမရှိသော လက်နက်ကိုင်တိုက်ခိုက်မှုအပေါ် ဗင်နီဇွဲလားတွင် မိမိကိုယ်ကို ခုခံကာကွယ်သည့် အခွင့်အရေးရှိကြောင်း၊ ဗင်နီဇွဲလား နယ်မြေပိုင်နက်နှင့် ပြည်သူများအပေါ် အမေရိကန်၏ ကျူးကျော်မှုကို တွန်းလှန်ရန် ယင်းအခွင့်အရေးကို မဆုတ်မနစ် အခိုင်အမာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥပဒေအမိန့်တွင် ထောက်ပြထားသည်။
အဆိုပါ ဥပဒေအမိန့်ကို ဗင်နီဇွဲလား သမ္မတ မာဒူရိုက ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်၏ အတင်းအဓမ္မ ထိန်းချုပ်မှု မခံရမီ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ယင်းနေ့နံနက်ပိုင်းတွင် ဗင်နီဇွဲလားကို အမေရိကန်က အကြီးစားစစ်ရေးတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အမေရိကန်စစ်တပ် အထူးတပ်ဖွဲ့များက ကရာကတ်စ်မြို့သို့ လျှပ်တစ်ပြက် ဝင်ရောက်ကာ မာဒူရို ဇနီးမောင်နှံအား အတင်းအဓမ္မ ထိန်းချုပ်၍ ၎င်းတို့အား အမေရိကန်သို့ ခေါ်ဆောင်ခဲ့သည်။ မာဒူရို ဇနီးမောင်နှံသည် ဇန်နဝါရီ ၅ ရက်က နယူးယောက်ရှိ ဖက်ဒရယ်တရားရုံးတွင် ရုံးထုတ်ခံရပြီး အမေရိကန်ဘက်၏ စွဲချက်အားလုံးကို ငြင်းဆိုခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စုဝေးဆန္ဒပြပွဲအတွင်း ပါဝင်သော ပြည်သူလူထုအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စုဝေးဆန္ဒပြပွဲအတွင်း ပါဝင်သော ပြည်သူလူထုအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————–
(Chinese Version)
委内瑞拉下令搜捕美国侵略支持者
新华社加拉加斯1月5日电 委内瑞拉政府5日正式颁布一项法令,要求国家、州和市各级警察机关立即在全国范围内搜索并抓捕所有涉及煽动或支持美国武装袭击的人员,并将其移交司法系统进行审判。
法令还规定多项紧急防御措施,如对公共服务基础设施、石油工业及其他国家基础工业实施军事化管理;加强陆、海、空边境的巡逻和安全保障;在全国各州市部署“综合防御指挥部”等。
法令指出,鉴于美国军事力量对委内瑞拉领土和人民实施武装袭击,严重侵犯委内瑞拉领土完整、主权和独立,宣布在全国范围内实施国家紧急状态。
法令指出,根据联合国宪章第51条,委内瑞拉拥有针对完全非法且无理的武装袭击进行自卫的固有权利,并将坚持不懈地行使该权利,以击退美国对委领土和人民的侵略。
这项法令是委内瑞拉总统马杜罗3日遭美方强行控制前签署的。当天凌晨,美国对委内瑞拉发起大规模军事打击,美军特种部队突入加拉加斯,强行控制马杜罗夫妇并把他们带至美国。马杜罗夫妇5日在纽约一家联邦法院出庭,拒绝美方一切指控。(完)
1. 1月3日,民众在委内瑞拉首都加拉加斯的总统府附近抗议。新华社发
2,3. 1月3日,在美国纽约,民众参加抗议集会。新华社记者 张凤国 摄
