International Organizations
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် အမေရိကန်အား ဘက်ပေါင်းစုံက ပြစ်တင်ရှုတ်ချ
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားအပေါ် အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇန်နဝါရီ ၅ ရက်တွင် အရေးပေါ်အစည်းအဝေး ကျင်းပခဲ့သည်။ ရုရှား၊ ကိုလံဘီယာ၊ ဘရာဇီး၊ ချီလီနှင့် ကျူးဘား စသည့် နိုင်ငံများ၊ ဘက်မလိုက်လှုပ်ရှားမှုနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း ကာကွယ်ရေး မိတ်ဆွေအဖွဲ့ အဖွဲ့ဝင်များက အမေရိကန်နိုင်ငံအား ပြစ်တင်ရှုတ်ချခဲ့သည်။ အစည်းအဝေးတက်ရောက်သည့် နိုင်ငံအများစုက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပါအဝင် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာသင့်ကြောင်း အလေးထားပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က လုံခြုံရေးကောင်စီထံသို့ အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ဗင်နီဇွဲလားအပေါ် အမေရိကန်၏ ဇန်နဝါရီ ၃ ရက် စစ်ရေးလှုပ်ရှားမှုသည် နိုင်ငံတကာ ဥပဒေစည်းမျဉ်းကမ်းများကို လေးစားမှုမရှိကြောင်း၊ ထို့အပေါ် ၎င်းအနေဖြင့် အလွန် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေးကိစ္စရပ်များအား တာဝန်ယူရသည့် ကုလသမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် Rosemary DiCarlo က ကိုယ်စားဖတ်ကြားသော အမှာစကားတွင် ကုသမဂ္ဂပဋိညာဉ်စာတမ်း၌ မည်သည့်နိုင်ငံ၏ နယ်မြေပိုင်နက်ပြည့်စုံမှု သို့မဟုတ် နိုင်ငံရေးလွတ်လပ်မှုကိုမဆို လက်နက်အင်အားသုံးခြင်း သို့မဟုတ် လက်နက်အင်အားသုံးမည်ဟု ခြိမ်းခြောက်ခြင်းဖြင့် ကျူးကျော်ထိပါးမှုကို တားမြစ်ထားကြောင်း၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အကြောင်းအရာအားလုံးကို အဖွဲ့ဝင်နိုင်ငံတစ်ရပ်လုံးက ဆက်လက် အားထားလိုက်နာစောင့်ထိန်းမှုပေါ်တွင် မူတည်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်ဟု ဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ ကိုလံဘီယာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Leonor Zalabata က လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအနက် ပထမဆုံး ပါဝင်ဆွေးနွေးခဲ့ရာတွင် အမေရိကန်နိုင်ငံအား ပြစ်တင်ရှုတ်ချကြောင်း အတိအလင်းပြောကြားခဲ့သည်။ ဗင်နီဇွဲလားကို အမေရိကန် စစ်ရေးတိုက်ခိုက်မှုက ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာ၊ နိုင်ငံရေးလွတ်လပ်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို ကျူးကျော်ထိပါးခြင်း ဖြစ်ကြောင်း၊ တစ်ဖက်သတ် လက်နက်အင်အားအသုံးပြု၍ အခြားနိုင်ငံကို ကျူးကျော်ခြင်းသည် မည်သည့်အခြေအနေတွင်မဆို တရားဝင်မှုမရှိကြောင်း Leonor Zalabata က ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Vasily Nebenzya က ပါဝင်ဆွေးနွေးရာတွင် ဗင်နီဇွဲလားကို အမေရိကန် လက်နက်ကိုင်ကျူးကျော်သည့်အပေါ် ရုရှားအနေဖြင့် အခိုင်အမာ ကန့်ကွက်ကြောင်း၊ အမေရိကန်၏ လုပ်ရပ်သည် နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ဖျက်ဆီးလိုက်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားသည့် ဗင်နီဇွဲလား သမ္မတ မာဒူရိုနှင့် ၎င်း၏ဇနီးကို ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန်ကို ၎င်းက တိုက်တွန်းခဲ့သည်။ ဗင်နီဇွဲလား သဘာဝအရင်းအမြစ်ကို ထိန်းချုပ်ရန်နှင့် လက်တင်အမေရိကတိုက်တွင် ဗိုလ်ကျစိုးမိုးမှုဖော်ဆောင်ခြင်း ဟူသည့် အမေရိကန်၏ ဖုံးကွယ်မှုအလျဉ်းမရှိသော စစ်မှန်သည့် ရည်ရွယ်ချက်အပေါ် အံဩတုန်လှုပ်မိကြောင်း၊ အမေရိကန်သည် ခေတ်သစ်ကိုလိုနီဝါဒနှင့် အင်ပါယာဝါဒကို အရှိန်မြှင့်တင် လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ တောင်အာဖရိကနိုင်ငံ အမြဲတမ်း ဒုတိယကိုယ်စားလှယ် Jonathan Pasmore က ဗင်နီဇွဲလားအပေါ် အမေရိကန်၏ တစ်ဖက်သတ် စစ်ရေးလှုပ်ရှားမှုနှင့် ဗင်နီဇွဲလား သမ္မတ မာဒူရိုအား အတင်းအဓမ္မ ထိန်းချုပ်ခြင်းအပေါ် ပြစ်တင်ရှုတ်ချခဲ့ရာ ယင်းလုပ်ရပ်မှာ ဗင်နီဇွဲလား၏ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သလို “အာဏာအင်အားသည် အမှန်တရားဖြစ်သည်” ဟူသော မှားယွင်းသည့်လော့ဂျစ်ကို ထပ်မံမြှင့်တင်ခြင်းဖြစ်ရာ နိုင်ငံတကာ ဆက်ဆံရေးကို စည်းစနစ်မဲ့သောအန္တရာယ်အတွင်းသို့ သက်ဆင်းမှုနှင့် ရင်ဆိုင်ရစေကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ ဘရာဇီးနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် Sérgio França Danese က အမေရိကန်၏ လုပ်ရပ်သည် ဒေသတွင်းအတိုင်းအတာကို ကျော်လွန်ကာ နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးအတွက် အလွန်အမင်း အန္တရာယ်များသော ရှေ့ပြေးနမူနာ ဖြစ်စေကြောင်း သတိပေးပြောကြားလိုက်ပြီး အခြားနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြပိုင်နက်ပြည်စုံမှုနှင့် နိုင်ငံအဖွဲ့အစည်းဌာနအပေါ် လက်နက်ဖြင့် စွက်ဖက်ခြင်းကို မုချမသွေ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖိတ်ကြားချက်အရ လုံခြုံရေးကောင်စီတွင် ရှင်းလင်းတင်ပြသည့် အမေရိကန် စီးပွားရေးပညာရှင် Jeffrey David Sachs က လုံခြုံရေးကောင်စီ၏ တာဝန်မှာ မာဒူရို သို့မဟုတ် ဗင်နီဇွဲလားအစိုးရ၏ အနိုင်အရှုံးကို သုံးသပ်ခြင်းမဟုတ်ဘဲ နိုင်ငံတကာ ဥပဒေကို ကာကွယ်ခြင်း ဖြစ်ကြောင်း၊ အကယ်၍ နိုင်ငံတကာဥပဒေကို ကာကွယ်နိုင်ခြင်းမရှိပါက လူသားမျိုးနွယ်သည် ပျက်သုဉ်းခြင်းအန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် အရေးပေါ်အစည်းအဝေးသည် ကိုလံဘီယာနိုင်ငံ၏ တောင်းဆိုချက်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံကလည်း ဇန်နဝါရီ ၃ ရက်တွင် လုံခြုံရေးကောင်စီဥက္ကဋ္ဌထံသို့ စာလွှာပေးပို့ကာ အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရန် တောင်းဆိုခဲ့သည်။ (Xinhua)
——————–
(Chinese Version)
多方在联合国安理会紧急会议上谴责美国
新华社联合国1月5日电(记者尚绪谦)联合国安理会5日就美国军事打击委内瑞拉举行紧急公开会。俄罗斯、哥伦比亚、巴西、智利和古巴等国,以及不结盟运动和捍卫《联合国宪章》之友小组成员谴责美国。绝大多数参会国家强调,应遵守包括《联合国宪章》在内的国际法。
联合国秘书长古特雷斯向安理会通报局势时说,美国1月3日针对委内瑞拉的军事行动没有尊重国际法规则,他对此深表关切。在由负责政治事务的联合国副秘书长迪卡洛代为宣读的讲话中,古特雷斯说,《联合国宪章》禁止使用或威胁使用武力侵害任何国家的领土完整或政治独立。维护国际和平与安全取决于所有会员国继续致力于恪守《联合国宪章》的所有条款。
哥伦比亚常驻联合国代表莱昂诺尔·扎拉巴塔在安理会成员中第一个发言,明确谴责美国。扎拉巴塔说,美国军事打击委内瑞拉侵犯了委内瑞拉的主权、政治独立和领土完整。单方面使用武力侵略别国在任何情况下都不具正当性。
俄罗斯常驻联合国代表涅边贾在发言中说,俄罗斯坚决谴责美国武装侵略委内瑞拉,美国的行为破坏了所有国际关系准则。他敦促美国立即释放被强行带至美国的委总统马杜罗及其夫人。他说,俄罗斯对于美国毫不掩饰的真正目的——控制委内瑞拉自然资源和在拉丁美洲实施霸权——表示震惊。美国正在加速推进新殖民主义和帝国主义。
南非常驻联合国代理副代表乔纳森·帕斯摩尔谴责美国对委内瑞拉发动单边军事行动并强行控制委总统马杜罗,说该行径公然侵犯委主权,违反国际法,再次强化“强权即公理”的错误逻辑,国际关系面临陷入无序的风险。
巴西常驻联合国代表达内塞警告说,美国的做法超出了地区范围,对整个国际社会设立了一个极其危险的先例。必须强烈谴责对别国主权、领土完整以及国家机关的武装干预。
应邀向安理会作通报的美国经济学家杰弗里·萨克斯说,安理会的任务不是评价马杜罗或者委内瑞拉政府的得失,而是捍卫国际法,如果不能捍卫国际法,人类将面临灭绝危险。
此次紧急会议是应哥伦比亚的要求召开的,获得中国和俄罗斯的支持。委内瑞拉3日也致函安理会主席,要求召开紧急会议。(完)
1. 1月5日,在位于纽约的联合国总部,联合国安理会就委内瑞拉局势举行紧急会议。 新华社发(联合国供图/洛伊·费利佩摄)
