Africa & Middle East
အီရန်အရေး သံတမန်ရေး ဖြေရှင်းမှုနည်းလမ်းဖြင့် အဖြေရှာရန် ဥရောပသမဂ္ဂ တိုက်တွန်း
ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်က အီရန် အနီးတစ်ဝိုက်သို့ စစ်အင်အား အဆက်မပြတ် ဖြည့်တင်းနေချိန်တွင် အီရန်အရေးအတွက် သံတမန်ရေး ဖြေရှင်းမှုနည်းလမ်းဖြင့် အဖြေရှာရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Kaja Kallas က ဖေဖော်ဝါရီ ၂၃ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
Kaja Kallas က “ဒီဒေသမှာ စစ်ပွဲထပ်ဖြစ်ပွားဖို့ ကျွန်မတို့ မလိုလားပါဘူး၊ ဒီမှာ ပဋိပက္ခဖြစ်ပွားမှု အများကြီး ရှိနေပြီး ဖြစ်ပါတယ်” ဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီတွင် ပြောကြားခဲ့သည်။
အီရန်သည် “အင်အားအနည်းဆုံးအခိုက်အတန့်ကို ရောက်ရှိနေတယ်” ဟု Kaja Kallas က ပြောကြားခဲ့ပြီး “ဒီအခါအခွင့်ကို သုံးပြီး သံတမန်ရေး ဖြေရှင်းမှုနည်းလမ်းနဲ့ အဖြေရှာသင့်တယ်” ဟု ၎င်းက ဆိုသည်။
“လာမည့်ရက်အနည်းငယ်အတွင်း” အီရန်ကို တိုက်ခိုက်သွားမည်ဟု အမေရိကန် သမ္မတ ထရမ့်က ခြိမ်းခြောက်ခဲ့ကြောင်း အမေရိကန်မီဒီယာများ၏ ဖေဖော်ဝါရီ ၂၂ ရက် သတင်းများအရ သိရသည်။
အမေရိကန်နှင့် အီရန်၏ အသစ်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပရန် သတ်မှတ်ထားသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi က ဖေဖော်ဝါရီ ၂၂ ရက်တွင် အမေရိကန်မီဒီယာ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက်ထက် “ပိုမိုကောင်းမွန်သော သဘောတူညီချက်” ရရှိခြင်းသည် ဖြစ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သလို အီရန်အနေဖြင့် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုသည့် အခွင့်အရေးရှိကြောင်းလည်း ၎င်းက တစ်ချိန်တည်းတွင် အလေးထားပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
欧盟呼吁就伊朗问题寻求“外交解决方案”
新华社布鲁塞尔2月23日电(记者张璇)在美国不断向伊朗周边增兵之际,欧盟外交与安全政策高级代表卡娅·卡拉斯23日呼吁就伊朗问题寻求“外交解决方案”。
卡拉斯在欧盟外长会议前说:“我们不需要在这个地区再爆发一场战争,这里已经有很多冲突了。”
卡拉斯称伊朗“正处于最虚弱的时刻”,并表示“应当利用这一时机寻求外交解决方案”。
据美国媒体22日报道,美国总统特朗普威胁“在未来数日”对伊朗发动打击。
美国和伊朗新一轮谈判定于26日在瑞士日内瓦举行。伊朗外长阿拉格齐22日在接受美国媒体采访时表示,达成比2015年伊朗核问题全面协议“更好的协议”是可能的,他同时强调伊朗拥有和平利用核能的权利。(完)
1. 2月11日,在伊朗首都德黑兰,民众参加纪念伊朗伊斯兰革命胜利47周年集会。新华社记者 沙达提 摄
