North America
စည်းကြပ်ခွန် ကန်ဒေါ်လာ ဘီလီယံဆယ်ချီ ထရမ့်အစိုးရ ပြန်လည်ပေးအပ်ရန် နယူးယောက်ပြည်နယ်အစိုးရ တောင်းဆို
နယူးယောက်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ထရမ့်အစိုးရအနေဖြင့် နယူးယောက်ပြည်နယ် ဒေသခံပြည်သူများထံသို့ သွင်းကုန်ပစ္စည်း စည်းကြပ်ခွန် ကန်ဒေါ်လာ ၁၃.၅ ဘီလီယံခန့်အား ပြန်လည်ပေးအပ်ရန် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul က ဖေဖော်ဝါရီ ၂၄ ရက်တွင် တောင်းဆိုခဲ့သည်။
ယေးလ်တက္ကသိုလ် ဘတ်ဂျက်စမ်းသပ်ခန်း၏ ခန့်မှန်းတွက်ချက်မှုအရ ထရမ့်အစိုးရ ယမန်နှစ်မှ စတင်ဖော်ဆောင်သော စည်းကြပ်ခွန်မူဝါဒ အကျိုးသက်ရောက်မှုကြောင့် နယူးယောက်ပြည်နယ် မိသားစုတိုင်းသည် ပျမ်းမျှအားဖြင့် အရင်းအနှီး ကန်ဒေါ်လာ ၁,၇၅၁ အပိုကျခံရကြောင်း နယူးယောက်ပြည်နယ်အစိုးရက ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါစည်းကြပ်ခွန်သည် နယူးယောက်ပြည်နယ်မှ စားသုံးသူများ၊ ကုမ္ပဏီလုပ်ငန်းငယ်နှင့် တောင်သူများအပေါ် တစ်ဖက်လှည့်နည်းဖြင့် စည်းကြပ်ခွန်ကောက်ခံခြင်းဖြစ်ရာ သဘောထား မလျော်ကန်သလို တရားဥပဒေနှင့်လည်း မကိုက်ညီကြောင်း၊ “ဒါကလည်း စည်းကြပ်ခွန်ပမာဏ အပြည့်အဝ ပြန်လည်ပေးအပ်ဖို့ ကျွန်မတောင်းဆိုရတဲ့ အကြောင်းရင်းပါပဲ’” ဟု Kathy Hochul က ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်သည် ဖေဖော်ဝါရီ ၂၀ ရက်တွင် စီရင်ချက်ထုတ်ပြန်ခဲ့ရာ အမေရိကန် “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ” တွင် သမ္မတက စည်းကြပ်ခွန် ပမာဏအများအပြား ကောက်ခံရန် အခွင့်အာဏာအပ်နှင်းထားခြင်းမရှိဟု ယူဆသည်။ ယင်းသည် ထရမ့်အစိုးရ စည်းကြပ်ခွန်မူဝါဒတွင် ကြီးမားသောထိုးနှက်မှု တွေ့ကြုံရသည်ဟု ဆိုလိုခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်တွင် နယူးယောက်ပြည်နယ် အပါအဝင် အမေရိကန်၏ ပြည်နယ် ၁၂ ခုသည် မဟာမိတ်ဖွဲ့ပြီး အမေရိကန် နိုင်ငံတကာကုန်သွယ်ရေးတရားရုံး၌ ထရမ့်အစိုးရအား တရားစွဲဆို၍ ၎င်း၏စည်းကြပ်ခွန်မူဝါဒသည် တရားဥပဒေချိုးဖောက်ရာကျသည်ဟု စွဲချက်တင်ကာ တရားရုံးက “အလားတူစည်းကြပ်ခွန်” သည် တရားမဝင်ကြောင်း ထုတ်ပြန်ကြေညာပြီး အဆိုပါစည်းကြပ်ခွန် ဖော်ဆောင်မှုအား တားဆီးရန် တောင်းဆိုခဲ့သည်။ (Xinhua)
——————
(Chinese Version)
纽约州要求特朗普政府退还百亿美元关税
新华社纽约2月24日电(记者刘亚南)纽约州州长凯西·霍楚尔24日要求特朗普政府向该州居民退还约135亿美元的额外进口商品关税。
纽约州政府发布的声明说,据耶鲁大学预算实验室估算,受特朗普政府去年起实施的关税政策影响,每个纽约州家庭平均额外承担了约1751美元的成本。
霍楚尔说,这些关税是对纽约州消费者、小企业和农民变相收取的税收,既不合理也不合法,“这是我要求全额退还关税的原因。”
美国最高法院20日公布裁决,认定美国《国际紧急经济权力法》没有授权总统征收大规模关税。这意味着特朗普政府关税政策受到重大挫折。
去年4月23日,包括纽约州在内的美国12个州组成联盟,在美国国际贸易法院起诉特朗普政府,指控其关税政策违法,要求法院宣布“对等关税”非法并阻止其实施。(完)
图说:这是2025年12月2日在美国首都华盛顿拍摄的白宫。新华社记者胡友松摄
