Europe
ယူကရိန်း-အမေရိကန်-ရုရှား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ နယ်မြေပိုင်နက်ဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းမှုမရခဲ့
ကိဗ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ ယူကရိန်း၊ အမေရိကန်နှင့် ရုရှားကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲသည် ဖေဖော်ဝါရီ ၅ ရက်တွင်ပြီးဆုံးခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲ၌ နယ်မြေပိုင်နက်ဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းမှုမရခဲ့ကြောင်း RBC-Ukrainian သတင်းဌာန၏ ထိုနေ့ ဖော်ပြချက်အရ သိရသည်။
ယခုအကြိမ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များ ခွဲခြားထားနိုင်ရေး အလားအလာ၊ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးယန္တရားနှင့် ညှိနှိုင်းဆောင်ရွက်ရေးစင်တာတစ်ခု တည်ထောင်ရေး စသည်တို့ကို အဓိကထား ဆွေးနွေးခဲ့သော်လည်း အရေးကြီးသော နယ်မြေပိုင်နက်ဆိုင်ရာ ကိစ္စရပ်မှာမူ ဖြေရှင်းမှုမရရှိခဲ့ကြောင်း သတင်းရင်းမြစ်၏ စကားကို ကိုးကား၍ သတင်းဖော်ပြထားသည်။ ရုရှားဘက်က ယူကရိန်းတပ်ဖွဲ့များကို ဒွန်ဘက်စ်ဒေသမှ ဆုတ်ခွာရန် အခိုင်အမာ တောင်းဆိုခဲ့ပြီး ယူကရိန်းဘက်က လိုက်လျောရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးက “လောလောဆယ်မှာ ယာယီသိမ်းပိုက်ခံထားရတဲ့ အခြေအနေဖြစ်သော်ငြားလည်း ကျွန်တော်တို့ရဲ့နယ်မြေပိုင်နက်ဟာ ရာသက်ပန် ကျွန်တော်တို့အပိုင်ပါပဲ” ဟု ဖေဖော်ဝါရီ ၅ ရက်တွင် ကိဗ်မြို့၌ ပြောကြားခဲ့ကြောင်း ယူကရိန်း Interfax သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
ယူကရိန်း၊ အမေရိကန်နှင့် ရုရှား သုံးနိုင်ငံတို့မှ ကိုယ်စားလှယ်များပါဝင်သော လုံခြုံရေးကိစ္စရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက်တွင် ယူအေအီးနိုင်ငံ မြို့တော် အဘူဒါဘီတွင် ဆွေးနွေးပွဲအသစ်တစ်ကြိမ် ကျင်းပခဲ့ပြီး ယူကရိန်းအကျပ်အတည်းအတွက် နိုင်ငံရေးအရ ဖြေရှင်းရေးကို မြှင့်တင်ရန်နှင့်စပ်လျဉ်း၍ သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
乌美俄三方会谈未解决领土问题
新华社基辅2月5日电(记者李东旭)据RBC-乌克兰通讯社5日报道,乌克兰、美国和俄罗斯三方代表当天在阿联酋阿布扎比的会谈结束,会谈未解决领土问题。
报道援引消息人士的话说,此次三方会谈重点讨论俄乌军队脱离接触的可能性、停火监督机制和设立协调中心等,但关键的领土问题未解决。俄方坚持要求乌克兰军队撤离顿巴斯地区,乌方拒绝让步。
另据乌克兰国际文传电讯社报道,乌克兰总统泽连斯基5日在首都基辅说,“我们的领土永远属于我们,尽管目前处于暂时被占领的状态”。
由乌美俄三国代表组成的安全问题工作组4日开始在阿布扎比举行新一轮会谈,继续就推动政治解决乌克兰危机展开外交接触。(完)
图说:2月4日,由俄罗斯、美国、乌克兰三国代表组成的安全问题工作组在阿联酋首都阿布扎比举行新一轮会谈,继续就推动政治解决乌克兰危机展开外交接触。 新华社/阿联酋通讯社
