Connect with us

Asia

ထိုင်းရွေးကောက်ပွဲ “လိမ္မော်၊ အပြာ၊ အနီ” ပါတီသုံးရပ် သုံးပွင့်ဆိုင် အားပြိုင်ပွဲ နီးကပ်လာပြီဖြစ်

ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဘွန်ဂျိုင်ထိုင်းပါတီ (BJT) ဝန်ကြီးချုပ်လောင်း အနူတင်က သီရိခေတ်မိဖုရားကြီး အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် မဲဆွယ်စည်းရုံးရေးမိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အောက်လွှတ်တော်ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပတော့မည်ဖြစ်ပြီး ဝန်ကြီးချုပ်အသစ်မည်သူဖြစ်လာမည်ဆိုသည်မှာ မကြာမီ ပေါ်ထွက်လာတော့မည်ဖြစ်သည်။ ယခုအကြိမ် ရွေးကောက်ပွဲ၏ထူးခြားချက်က ထင်ရှားသလို စိတ်ဝင်စားစောင့်ကြည့်ဖွယ်ရာများပေသည်။ လက်ရှိ လူထုသဘောထားစစ်တမ်းသုံးသပ်ချက်များအရ နိုင်ငံရေးပါတီတစ်ခုတည်းက လုံလောက်သည့် အမတ်နေရာရရှိပြီး သီးသန့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခြေမများဘဲ အစိုးရအဖွဲ့သစ်ထွက်ပေါ်ရန်မှာ “ပေါင်းစပ်ဖွဲ့စည်းခြင်း” ကိုလည်း အားထားရနိုင်ခြေရှိမည် ဖြစ်သည်။

စိတ်ဝင်စားစောင့်ကြည့်ဖွယ်ရာ အချက်အလက်သစ်များ

ထိုင်းရွေးကောက်ပွဲကော်မရှင်၏ စာရင်းများအရ ယခုအကြိမ်တွင် နိုင်ငံရေးပါတီပေါင်း ၅၇ ပါတီက အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဝန်ကြီးချုပ်လောင်း ၉၀ ကျော် အမည်စာရင်းတင်သွင်းပြီးဖြစ်ကြောင်း သိရသည်။ တရားဝင်မဲရလဒ်များကို ဧပြီ ၉ ရက် နောက်ဆုံးထား၍ ထုတ်ပြန်မည်ဖြစ်သည်။ လွှတ်တော်အသစ်အနေဖြင့် ၁၅ ရက်အတွင်း လွှတ်တော်အစည်းအဝေးခေါ်ယူ၍ လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ရမည်ဖြစ်ပြီး ထို့နောက် အောက်လွှတ်တော်က မဲခွဲ၍ ဝန်ကြီးချုပ်အသစ်အား ရွေးချယ်ရမည် ဖြစ်သည်။

ယခုအကြိမ် ရွေးကောက်ပွဲတွင် စိတ်ဝင်စားစောင့်ကြည့်ဖွယ်ရာ အချက်များစွာရှိသည်။ ပထမဦးဆုံးအချက်အနေဖြင့် ရွေးကောက်ပွဲနေ့တွင် ၂၀၁၇ ခုနှစ်က စစ်တပ်ဦးဆောင်ရေးဆွဲထားသော တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြင့် အစားထိုးရေး ခြေဥပြင်ဆင်မှုလုပ်ငန်းစဉ်အား လွှတ်တော်က စတင်ခွင့်ရှိ၊ မရှိအပေါ် ဆုံးဖြတ်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကို တစ်ပြိုင်နက်တည်း ကျင်းပသွားမည် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ယခုအကြိမ် ရွေးကောက်ပွဲမတိုင်မီ ထိုင်းနိုင်ငံရေးသည် ဆိုးရွာစွာ လှုပ်ခတ်ခဲ့ပြီး ပါတီဂိုဏ်းဂဏများ၏ တိုက်ခိုက်မှုများသည်လည်း ပြင်းထန်ခဲ့သည်။

၂၀၂၃ ခုနှစ် မေလက ကျင်းပခဲ့သည့် ယခင်ရွေးကောက်ပွဲတွင် ပြုပြင်ပြောင်းလဲရေး ထက်သန်သည့် ရှေ့သို့ချီပါတီ (MFP) သည် အောက်လွှတ်တော်တွင် ပထမအကြီးဆုံး ပါတီ ဖြစ်လာသော်လည်း စစ်တပ် ထိန်းချုပ်သည့် အထက်လွှတ်တော်၏ ကန့်ကွက်မှုကြောင့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့ပေ။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် မိသားစု ကျောထောက်နောက်ခံပေးထားသည့် ဖြူထိုင်းပါတီ (PTP) က အခြားသော အလယ်အလတ်၊ ရှေးရိုးစွဲဝါဒီ အင်အားစုများနှင့် ပူးတွဲကာ စစ်တပ်နှင့် ညှိနှိုင်းမှုသဘောတူညီချက်များ ရရှိခဲ့ပြီး ယင်းပါတီ၏ ဆေထာနှင့် ပေထုံတန် တို့က ဝန်ကြီးချုပ်များ ဖြစ်လာခဲ့ကြသည်။ သို့သော် ပေထုံတန်သည် လွန်ခဲ့သည့်နှစ် ဩဂုတ်လက ဖုန်းပြောဆိုမှုအသံဖိုင်ကိစ္စကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ခြေဥချိုးဖောက်သည်ဟု စီရင်ဆုံးဖြတ်ပြီး ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ထို့နောက် အာဏာရမဟာမိတ်အဖွဲ့ဝင်ဖြစ်ဖူးသည့် ဘွန်ဂျိုင်ထိုင်းပါတီ (BJT) ခေါင်းဆောင် အနူတင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ရှေ့သို့ချီပါတီ(MFP) မှ အသွင်ပြောင်းလာသည့် ပြည်သူ့ပါတီ (PPLE) က ခြေဥအသစ် မူကြမ်းကို လွှတ်တော်တွင် နှစ်ကြိမ်ဖတ်ကြားခဲ့ရာ အတည်ပြုခွင့် မရရှိခဲ့သောကြောင့် အနူတင်အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းရန် ကြိုးပမ်းခဲ့ရာ အနူတင်က အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကြိုတင်ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

နောက်တစ်ချက်အနေဖြင့် ယခုအကြိမ် အောက်လွှတ်တော်၌ ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ချိန်တွင် အထက်လွှတ်တော်က ပါဝင်မည် မဟုတ်တော့ပေ။ ၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံ ခြေဥအသွင်ကူးပြောင်းမှု ပြဋ္ဌာန်းချက်အရ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်က ဝန်ကြီးချုပ်အား အတူတကွရွေးချယ်ရမည်ဖြစ်ရာ ယင်းမှာ အမှန်စင်စစ်အားဖြင့် စစ်တပ်ကို ဝန်ကြီးချုပ်နေရာ ဆုံးဖြတ်ပိုင်ခွင့်ပေးထားခြင်း ဖြစ်သည်။ သို့သော် အဆိုပါ ပြဋ္ဌာန်းချက်က ၂၀၂၄ ခုနှစ် မေလ၌ သက်တမ်းကုန်ဆုံးပြီးဖြစ်ရာ ယင်းမှာ ၂၀၁၄ ခုနှစ်တွင် ထိုင်းစစ်တပ် အာဏာလွှဲပြောင်းရယူပြီးချိန်မှစ၍ စစ်တပ်ဦးဆောင်သည့် နိုင်ငံရေးအခင်းအကျင်း အဆုံးသတ်သွားပြီဖြစ်သည်ဟု အနက်အဓိပ္ပါယ်ရပေသည်။

“လိမ္မော်၊ အပြာ၊ အနီ” သုံးပွင့်ဆိုင် ထိပ်တိုက်အားပြိုင်မှု

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အောက်လွှတ်တော်ရွေးကောက်ပွဲ ကြိုတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပြီးသည့်အချိန်မှစ၍ ထိုင်းနိုင်ငံရှိ အဓိက နိုင်ငံရေးပါတီများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆွယ်စည်းရုံးမှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာခဲ့သည်။ ဖေဖော်ဝါရီ ၆ ရက် ညပိုင်းတွင် အဓိကနိုင်ငံရေးပါတီများက ဘန်ကောက်မြို့လယ်ရှိ နေရာအသီးသီးတွင် လူထုစုဝေးပွဲများကျင်းပပြီး ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးလုပ်ဆောင်ချက်များကို ဖော်ဆောင်ကာ ဆန္ဒမဲ အများအပြားရရှိနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။

ယခုအကြိမ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုသည် ဘွန်ဂျိုင်ထိုင်းပါတီ (BJT)၊ ပြည်သူ့ပါတီ (PPLE) ၊ ဖြူထိုင်းပါတီ (PTP) ဟူသော နိုင်ငံရေးပါတီကြီး သုံးခုကို ဗဟိုပြုသည့် အားပြိုင်မှုဖြစ်လာဦးမည် ဖြစ်ကြောင်း ဒေသလူထုသဘောထားက ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။ ၎င်းတို့အနက် ဘွန်ဂျိုင်ထိုင်းပါတီ (BJT) က ရှေးရိုးစွဲဝါဒီအနေဖြင့် အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးနှိုးဆွမှုဝါဒကို အဓိကထားမည်ဖြစ်ကြောင်း၊ ပြည်သူ့ပါတီ (PPLE) က ပြုပြင်ပြောင်းလဲရေး ထက်သန်သူအနေဖြင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲခြင်းနှင့် စစ်တပ်နှင့် တော်ဝင်မိသားစု၏ ဩဇာသက်ရောက်မှုကို လျှော့ချရန် အဓိက အဆိုပြုမည်ဖြစ်ကြောင်း၊ ဖြူထိုင်းပါတီ (PTP) ကမူ သက်ဆင် ကျောထောက်နောက်ခံပြုထားသည့် အမာခံပါတီအနေဖြင့် စီးပွားရေး ပြန်လည်ရှင်သန်လာရန် အဓိက အဆိုပြုမည် ဖြစ်ကြောင်း ယူဆကြသည်။
ထိုင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုဘွဲ့လွန်ကျောင်း (NIDA) ၏ မကြာသေးမီက ထုတ်ပြန်သည့် လူထုသဘောထားစစ်တမ်းတွင် ပြည်သူ့ပါတီ (PPLE) က ၃၃.၅၆ ရာခိုင်နှုန်း ထောက်ခံမှုဖြင့် ယာယီဦးဆောင်နေပြီး ၎င်းနောက်တွင် ဘွန်ဂျိုင်ထိုင်းပါတီ (BJT)၊ ဖြူထိုင်းပါတီ (PTP) က ၂၂.၇၆ ရာခိုင်နှုန်းနှင့် ၁၆.၉၂ ရာခိုင်နှုန်း ထောက်ခံမှု အသီးသီးရရှိထားကြောင်း ဖော်ပြထားသည်။ ဤပါတီသုံးရပ်သည် အမှတ်သင်္ကေတအရောင်များမှာ လိမ္မော်ရောင်၊ အပြာရောင်၊ အနီရောင် အသီးသီးဖြစ်ကြရာ ပညာရှင်အချို့က ယခုအကြိမ် ရွေးကောက်ပွဲယှဉ်ပြိုင်မှုအခင်းအကျင်းကို “လိမ္မော်၊ အပြာ၊ အနီ သုံးပွင့်ဆိုင် ထိပ်တိုက်အားပြိုင်မှု” ဟု ခေါ်ဝေါ်ကြသည်။
ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံမဟာဌာန ဒုတိယ ပါမောက္ခ Pitch Pongsawat က ပြည်သူ့ပါတီ (PPLE) အနေဖြင့် အောက်လွှတ်တော်၏ ပထမအကြီးဆုံးပါတီ ထပ်မံဖြစ်လာနိုင်ခြေရှိသော်လည်း ယင်းပါတီ၏ အတိုင်းထက်အလွန် ထက်သန်သည့် ပြုပြင်ပြောင်းလဲရေး ရပ်တည်ချက်က ၎င်း၏ ယခင်အသွင်ဖြစ်သော ရှေ့သို့ချီပါတီ (MFP) ကဲ့သို့ပင် အနိုင်ရသော်လည်း အစိုးရမဖွဲ့စည်းနိုင်သည့် လမ်းဟောင်းကို ပြန်လည်လျှောက်လှမ်းရနိုင်သည်ဟု ယူဆသည်။

ထိုင်းနိုင်ငံ အမျိုးသားတည်ဆောက်ရေး နိုင်ငံတကာ အင်စတီကျု (NBII) အကြီးအကဲ Chareonwongsak က ယခုအကြိမ် ရွေးကောက်ပွဲတွင် ဘွန်ဂျိုင်ထိုင်းပါတီ (BJT) သည် ပထမအကြီးဆုံးပါတီအဖြစ်သို့ ခုန်တက်သွားနိုင်ခြေရှိကြောင်း ခန့်မှန်းထားသည်။
ထိုပါတီသည် ဖြူထိုင်းပါတီ (PTP)၊ အခြားသော ပါတီငယ်များနှင့်အတူ အုပ်စုမတူသည့် ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခြေ အလွန်မြင့်မားပြီး ပြည်သူ့ပါတီ (PPLE) ကမူ အတိုက်အခံပါတီအဖြစ် ထပ်မံဖြစ်နိုင်ကြောင်း ၎င်းက ယူဆသည်။

အခြားပညာရှင်တစ်ဦးကမူ ဘွန်ဂျိုင်ထိုင်းပါတီ (BJT) ၏ ဝန်ကြီးချုပ်လောင်းအနေဖြင့် အနူတင်သည် ဒေသအင်အားကို စုစည်းမှု၊ နိုင်ငံရေးအရင်းအမြစ်ကို ထိန်းချုပ်မှုနှင့် အုပ်စုအဖွဲ့များအကြား ညှိနှိုင်းမှု စသည့်ကဏ္ဍများတွင် သိသာထင်ရှားသော အားသာချက်ရှိကြောင်း၊ ဘွန်ဂျိုင်ထိုင်းပါတီ (BJT) သည် အောက်လွှတ်တော်တွင် ပထမအကြီးဆုံးပါတီ ဖြစ်မလာစေကာမူ ၎င်းသည် ဝန်ကြီးချုပ်ရွေးချယ်မှုတွင် ယှဉ်ပြိုင်နိုင်စွမ်းအရှိဆုံးသူဖြစ်နေလျက်ပင်ရှိကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

တောင်းဆိုမှုများ ပို၍ လက်တွေ့ကျလာ

နိုင်ငံရေးပါတီကြီးများ၏ ပေါ်ပေါ်ထင်ထင် မဲဆွဲစည်းရုံးမှုအရှိန်အဟုန်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ ထိုင်းမဲဆန္ဒရှင်များ၏ စိတ်ခံစားချက်များက ပို၍ ကျိုးကြောင်းဆင်ခြင်မှု ရှိလာသည်။ ပြည်သူလူထုက နိုင်ငံရေးပါတီများနှင့် ဝန်ကြီးချုပ်လောင်းများအနေဖြင့် လူနေမှုဘဝကောင်းမွန်အောင် မြှင့်တင်ပေးနိုင်သော လက်တွေ့ မူဝါဒ ရှိ၊ မရှိကို ပို၍ အာရုံစိုက်လာကြကြောင်း၊ ၎င်းတို့က အစိုးရသစ်အနေဖြင့် လူနေမှုဘဝ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးသည့် လက်တွေ့အစီအမံများ ထုတ်ပြန်ရန်နှင့် စီးပွားရေးတိုးတက်မှုမောင်းနှင်အားအသစ်ကို အားစိုက်ဖော်ဆောင်ရန် ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ကြကြောင်း သုံးသပ်သူများက ယူဆကြသည်။

မကြာသေးမီကာလက လူထုသဘောထားစစ်တမ်း များစွာတွင် မဲဆန္ဒရှင် လေးပုံတစ်ပုံ နီးပါးက မည်သူ့ကို မဲပေးရန် မဆုံးဖြတ်ရသေးကြောင်း၊ ယင်းမှာ လက်ရှိ နိုင်ငံရေး ရွေးချယ်စရာများအပေါ် ထိုင်းပြည်သူလူထု၏ တွေဝေမှုနှင့် မကျေနပ်မှုများကို ထင်ဟပ်ပြသကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံ The Nation သတင်းစာ၏ ရွေးကောက်ပွဲမတိုင်မီ လူထုသဘောထားစစ်တမ်းတွင် အလုပ်အကိုင်နှင့် ဝင်ငွေ တိုးမြင့်ရေး၊ လူနေမှုစရိတ်လျှော့ချရေးသည် မဲဆန္ဒရှင်များက အစိုးရသစ်တက်လာပြီး ရက်ပေါင်း ၁၀၀ အတွင်း ဦးစားပေးဖြေရှင်းစေလိုသည့် ထိပ်တန်းကိစ္စရပ်ကြီးနှစ်ခုဖြစ်ပြီး ၎င်းနောက်တွင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးနှင့် မိသားစုကြွေးမြီဖိအားလျှော့ချရေး တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

မတူကွဲပြားသည့် မဲဆန္ဒရှင်အုပ်စုများကြားတွင် လူငယ်မဲဆန္ဒရှင်များ၏ လှုပ်ရှားမှုဦးတည်ရာက အထူးသတိပြုဖွယ်ကောင်းပေသည်။
ယခုနှစ်တွင် လူငယ်မဲဆန္ဒရှင် ၂.၃ သန်းခန့်သည် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ မဲပေးကြမည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းတို့သည် ပညာရေးကဏ္ဍ မျှတမှု၊ အလုပ်အကိုင်အခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အခြေခံလူမှုဖူလုံရေး စသည့်ကိစ္စရပ်များကို ပိုမိုဂရုပြုကြကြောင်း ထိုင်းနိုင်ငံ Bangkok Post သတင်းစာတွင် ထောက်ပြထားသည်။
ယခုအကြိမ် ရွေးကောက်ပွဲသည် “အလျှော့အတင်း လိုက်လျောမှု အားကောင်း” သည့် ညွန့်ပေါင်းအစိုးရတစ်ရပ်ကို ဆောင်ကြဉ်းပေးနိုင်ခြေ အလွန်များကြောင်း၊ အစိုးရသစ်အနေဖြင့် အလုပ်အကိုင်တိုးမြှင့်ရေး၊ ကုန်ဈေးနှုန်းလျှော့ချရေး၊ ကြွေးမြီလျှော့ချရေး စသည့် လူထုအဓိကဂရုပြုမှုများအပေါ် ထိထိရောက်တုံ့ပြန်နိုင်မည်လော၊ မဲဆွယ်စည်းရုံးသည့်ကတိကဝတ်များကို စဉ်ဆက်မပြတ်ဖြစ်သော ပြည်သူ့မူဝါဒများအဖြစ် အသွင်ပြောင်းနိုင်မည်လော ဆိုသည်မှာ ၎င်းအစိုးရ၏ အုပ်ချုပ်ရေးအလားအလာနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့အပေါ်တွင် များစွာ မူတည်ကြောင်း လူထုသဘောထားက ယူဆကြသည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ထိုင်း ပြည်သူ့ပါတီ (PPLE) မဲဆွယ်စည်းရုံးရေးဟောပြောပွဲအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အမျိုးသားအားကစားရုံရှိ မဲရုံတစ်နေရာတွင် ကြိုတင်မဲပေးရန် စောင့်ဆိုင်းနေသူများအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
国际观察丨泰国选举“橙蓝红”大战在即
新华社曼谷2月6日电 题:泰国选举“橙蓝红”大战在即   新华社记者常天童 陈倩慈
泰国国会下议院选举将于2月8日举行,新总理人选呼之欲出。本次选举特点鲜明,看点多多。依照目前民调分析,单一政党赢得足够席位并单独组阁的可能性不大,新内阁的出炉恐还得靠“排列组合”。
诸多新看点
据泰国选举委员会统计,此次共有57个政党角逐500个下议院席位,并已提名90多名总理候选人。正式计票结果最晚须在4月9日公布。新一届国会须在15天内召开会议并选举议长,然后由下议院投票选出新总理。
此次选举有诸多看点。首先,选举当天,将同步举行宪法公投,决定是否授权国会启动修宪程序,以新宪法取代2017年由军方主导制定的现行宪法。
其次,本次选举前,泰国政局剧烈动荡,党派斗争激烈。
在2023年5月的上届选举中,主张激进改革的远进党成为下议院第一大党,但因军方控制的上议院反对而未能成功组阁。前总理他信家族支持的为泰党联合其他稳健和保守势力与军方达成妥协,来自该党的赛塔和佩通坦先后出任总理。但佩通坦去年8月因一桩通话录音事件被宪法法院裁定违宪并被解除总理职务。随后,曾是执政联盟成员的自豪泰党领导人阿努廷出任总理。去年12月,脱胎于远进党的人民党因新宪法草案在国会二读未通过而试图对阿努廷政府提出不信任动议,阿努廷于是决定解散下议院提前选举。
再有,在本次国会下议院选举总理时,上议院将不再参与。根据2017年泰国宪法的过渡性条款,上议院与下议院共同选举总理,这事实上赋予军方决定总理的权力。但该条款已于2024年5月到期,意味着2014年泰国军事政变以来军方主导政治的局面已经结束。       “
“橙蓝红”鼎立
自去年12月宣布提前举行国会下议院选举以来,泰国各主要政党在全国密集造势。2月6日晚,主要政党在曼谷市中心不同地点举行大型集会,打出选前最后一张牌,争取尽可能多的选票。
当地舆论普遍认为,此次竞选仍将围绕自豪泰党、人民党、为泰党三大政党展开角逐。其中,自豪泰党作为保守派,主打国家安全与经济刺激政策;人民党作为激进改革派,主张结构性改革和削弱军方及王室影响;为泰党仍然以他信支持的党派为招牌,主要倡导经济复苏。
泰国国家发展管理研究生院日前发布的民调显示,人民党以33.56%的支持率暂时领先,紧随其后的自豪泰党、为泰党支持率分别为22.76%和16.92%。这三党分别以橙色、蓝色、红色为标志色,有专家称此次竞选格局为“橙蓝红鼎立”。
泰国朱拉隆功大学政治学院副教授比·蓬沙瓦认为,人民党有望再次成为下议院第一大党,但该党过于激进的改革立场可能使其重蹈其前身远进党胜选却无法组阁的覆辙。
泰国国家建设国际研究所院长江萨·差伦翁沙则预测,自豪泰党有可能在本次选举中跃升为第一大党。他认为,该党与为泰党及其他小党派成立跨阵营联合政府的可能性极高,而人民党则可能再次成为反对党。   另有专家指出,作为自豪泰党总理候选人,阿努廷在地方势力整合、政治资源掌控及跨阵营协调方面具备明显优势,即便自豪泰党未能成为下议院第一大党,他仍是最具竞争力的总理人选。
诉求更务实
与各大政党高调拉票造势形成反差的是,泰国选民整体情绪更趋理性。分析人士认为,民众更关注政党及总理候选人能否提出改善民生的务实性政策。他们普遍期待新政府能出台减轻生活负担的切实举措,并致力于打造新的经济增长引擎。
近期多项民调显示,近四分之一选民尚未决定投票对象,这反映出泰国民众对现有政治选项的犹豫与不满。泰国《民族报》选前民调显示,增加就业和收入、降低生活成本是选民希望新政府上任百日内优先解决的前两大问题,其次是打击腐败和缓解家庭债务压力。
在不同选民群体中,年轻选民的动向尤其值得关注。泰国《曼谷邮报》指出,今年预计约230万年轻选民将首次参加选举投票。他们更关注教育公平、就业机会、环境保护、基本福利等问题。
舆论认为,此次选举很可能带来一届“妥协色彩浓厚”的联合政府,而新政府能否有效回应增加就业、降低物价、减轻债务等民众核心关切,能否将竞选承诺转化为可持续的公共政策,将在很大程度上决定其执政前景与政治稳定性。(完)
1. 2月6日,泰国看守总理、自豪泰党总理候选人阿努廷在曼谷诗丽吉王后国家会议中心发表竞选演讲。 (配本社同题文字稿) 新华社发(拉亨摄)
2. 这是2月6日在泰国曼谷拍摄的泰国人民党选举集会现场。 (配本社同题文字稿) 新华社记者 孙玮彤 摄
3. 2月1日,选民在泰国曼谷国家体育馆的一处投票点排队等待参加提前投票。新华社记者孙玮彤摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.