North America
စည်းကြပ်ခွန်စစ်ပွဲက အမေရိကန်လယ်သမားများကို ညှဉ်းပန်းလျက်ရှိ၊ အမေရိကန် စိုက်ပျိုးရေးနယ်ပယ်က စည်းကြပ်ခွန်စစ်ပွဲ၏ ထိခိုက်နစ်နာမှုများကို ညည်းတွားပြောဆို
လော့စ်အိန်ဂျယ်လိစ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
“အမေရိကန်လယ်သမားများ ဒေဝါလီခံသည့် အရေအတွက် ဆတိုးမြင့်တက်လာပြီ”၊ “အမေရိကန် စိုက်ပျိုးရေးကဏ္ဍ စီးပွားရေးအခြေအနေ ဆက်တိုက်ဆိုးရွားလျက်ရှိသည်” ၊ “အမေရိကန် စိုက်ပျိုးရေး ကျယ်ကျယ်ပြန့်ပြန့် ပြိုလဲတော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်” …
အမေရိကန် စိုက်ပျိုးရေးကဏ္ဍ ကိုယ်စားလှယ်များက ယခုရက်ပိုင်းတွင် အမေရိကန်လွှတ်တော်သို့ ပေးပို့သော စာလွှာ၌ ဒေါ်နယ်ထရမ့် အစိုးရ၏ အခွန်မူဝါဒများကြောင့် အမေရိကန် စိုက်ပျိုးရေး ကဏ္ဍအပေါ် ဧရာမကြီးမားသော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပုံကို ထိုသို့ ဖော်ပြထားသည်။
အဆိုပါစာလွှာကို ဖေဖော်ဝါရီ ၃ ရက်တွင် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ပဲပုပ်အသင်း၊ အမေရိကန်နိုင်ငံလုံးဆိုင်ရာ ပြောင်းဖူးစိုက်ပျိုးသူများအသင်း၊ အမေရိကန်နိုင်ငံလုံးဆိုင်ရာ မုယောစပါး စိုက်ပျိုးသူများအသင်း၊ အမေရိကန်နိုင်ငံလုံးဆိုင်ရာ ဝက်သားထုတ်လုပ်သူများကောင်စီ၊ အမေရိကန်နိုင်ငံလုံးဆိုင်ရာ နို့ထွက်ပစ္စည်းလုပ်ငန်းအဖွဲ့ချုပ်၊ အမေရိကန် ကောက်ပဲသီးနှံအသင်းချုပ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲလောင်စာအသင်း၏ ဥက္ကဋ္ဌဟောင်းနှင့် အမှုဆောင်အရာရှိချုပ် တို့အပါအဝင် အမေရိကန် စိုက်ပျိုးရေးလောကမှ ဝါရင့်ခေါင်းဆောင်၊ အမှုဆောင်၊ ပညာရှင်နှင့် အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အရာရှိဟောင်း ၂၇ ဦး ပူးတွဲလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
စည်းကြပ်ခွန်မူဝါဒက “စိုက်ပျိုးရေးကဏ္ဍ အရင်းအနှီးကုန်ကျစရိတ်များကို မြင့်တက်အောင် လူက မြင့်တက်အောင် လုပ်ဆောင်နေခြင်း၊ အမေရိကန်တောင်သူလယ်သမားများ၏ အိတ်ကပ်ထဲမှ ပိုက်ဆံကို တိုက်ရိုက်လုယူခြင်းက လုံးဝအဓိပ္ပာယ်မဲ့သည်” ဟု ၎င်းတို့၏ စာလွှာတွင် ထောက်ပြထားသည်။
ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်းအစိတ်အပိုင်း စသည့် စိုက်ပျိုးရေးသွင်းအားစုများအပေါ် ထရမ့်အစိုးရက စည်းကြပ်ခွန်ကောက်ခံနေခြင်းမှာ လယ်သမားများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ကို တိုက်ရိုက်မြင့်တက်စေပြီး ကုန်စည်ပစ္စည်းများ၏ဈေးနှုန်းထက် ထုတ်လုပ်မှုအရင်းအနှီးကို များစွာ မြင့်မားစေကြောင်း၊ အဆိုပါစည်းကြပ်ခွန်မူဝါဒများ၏ စနစ်တကျမရှိခြင်းနှင့် တိကျသည့်ပစ်မှတ်ထားမှုမရှိခြင်းက “အမေရိကန် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်နိုးကြားတိုးတက်စေမည် မဟုတ်သည့်အပြင် အမေရိကန်လယ်ယာစိုက်ပျိုးရေးကဏ္ဍ စီးပွားရေးကိုပင် အကြီးအကျယ် အထိနာစေမည်” ဖြစ်ကြောင်း ၎င်းတို့က ယူဆကြသည်။
စည်းကြပ်ခွန်ထပ်တိုးခြင်းနှင့် နိုင်ငံအသီးသီးက တန်ပြန်ဆောင်ရွက်ခြင်းတို့ကြောင့် အမေရိကန် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်ခွင့် ဆုံးရှုံးမည်ကို အထူးစိုးရိမ်ကြောင်း အဆိုပါစာလွှာတွင် ဖော်ပြထားသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က စံချိန်တင်ခဲ့သည့် စိုက်ပျိုးရေးကဏ္ဍ ကုန်သွယ်ရေးပိုလျှံငွေနှင့် လယ်ယာဝင်ငွေတို့နှင့် နှိုင်းယှဉ်ပါက အမေရိကန်သည် ယခုအခါ သမိုင်းဝင် စိုက်ပျိုးရေးကဏ္ဍ ကုန်သွယ်ရေးလိုငွေပြမှုနှင့် ရင်ဆိုင်နေကြောင်း စာလွှာတွင် ထောက်ပြထားသည်။ စာလွှာတွင် ပဲပုပ်ကို ဥပမာထား၍ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ၏ ဆိုးကျိုးသက်ရောက်မှုကို အထူးဖော်ပြထားသည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်၏ ပဲပုပ်တင်ပို့မှုက ကမ္ဘာ့တင်ပို့မှုဈေးကွက်တစ်ခုလုံး၏ ၄၇ ရာခိုင်နှုန်းရှိပြီး ယနေ့အခါတွင်မူ ယင်းအချိုးအစားမှာ ၂၄.၄ ရာခိုင်နှုန်းသာ ကျန်ရှိတော့ရာ ဈေးကွက်ဝေစုသည် ထက်ဝက်နီးပါး ကျဆင်းခဲ့ကြောင်း သိရသည်။
အခြားသော အမေရိကန် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကလည်း အလားတူပင် ထိခိုက်နစ်နာမှုနှင့် ကြုံတွေ့ခဲ့သည်။ ဘရာဇီးသည် ယနေ့အခါ ပဲပုပ်၊ ဂွမ်း၊ အမဲသားနှင် ကြက်သား တင်ပို့သည့် ထိပ်တန်းနိုင်ငံဖြစ်လာသည်။ အာဂျင်တီးနား၊ ဩစတြေးလျ စသည့်နိုင်ငံများကလည်း ဈေးကွက်၏လစ်လပ်မှုကို အခွင့်ကောင်းယူ၍ နေရာယူခဲ့ကြသည်။ “အမေရိကန်ကို ယုံကြည်စိတ်ချရသော ကုန်စည်ထောက်ပံ့သည့်နိုင်ငံအဖြစ် မရှုမြင်ကြတော့ကြောင်း” စာလွှာတွင် ထောက်ပြထားသည်။
ယခုနှစ်တွင် အမေရိကန် လယ်ယာစိုက်ခင်းများ၏ ထက်ဝက်ခန့်သာ အမြတ်အစွန်းဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း စာလွှာတွင် ဖွင့်ဟထားသည်။
“အမေရိကန်လယ်သမားများ ပြင်းပြင်းထန်ထန် ထိုးနှက်ခံနေရချိန်တွင် ကျေးလက်ဒေသတစ်ခုလုံး၏ စီးပွားရေးက ရိုက်ခတ်မှုဒဏ်ကို ခံစားနေရကြောင်း၊ စာသင်ကျောင်း၊ ဘုရားကျောင်းမှသည် ကျေးလက်ဒေသမြို့နယ်များရှိ လုပ်ငန်းအမျိုးမျိုးအထိ ယင်းဒဏ်မှ ကင်းလွတ်သည်ဟူ၍မရှိကြောင်း” ဖော်ပြထားသည်။
အမေရိကန်လွှတ်တော်အနေဖြင့် “မှားယွင်းချွတ်ချော်မှုများကို အချိန်မီပြင်ဆင်ရန်”၊ “စိုက်ပျိုးရေးသွင်းအားစု အားလုံးအပေါ် ချက်ချင်း အခွန်ကင်းလွတ်ပေးရန်၊ စိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုဈေးကွက်အား ကမောက်ကမ ဖြစ်စေသော စည်းကြပ်ခွန်များကို ချက်ချင်း ဖယ်ရှားရန်” ၊ အမေရိကန် လယ်ယာစိုက်ပျိုးရေးကဏ္ဍ စီးပွားရေး၏ တည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်မှုကို ပြန်လည်ကောင်းမွန်စေရေးအား အမြန်ဆုံး လှုပ်ရှားဆောင်ရွက်ရန် စာလွှာတွင် တိုက်တွန်းထားသည်။
ထိုမတိုင်မီ အမေရိကန် လယ်ယာစိုက်ပျိုးရေးအဖွဲ့အစည်း ၅၆ ခုက ဇန်နဝါရီ ၁၅ ရက်တွင် လွှတ်တော်ရှိ ပါတီနှစ်ရပ် ခေါင်းဆောင်များကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ရာ အမေရိကန် ကျေးလက်ဒေသများတွင် ကြုံတွေ့လျက်ရှိသော “စီးပွားရေးအကျပ်အတည်းများ” အကြောင်း၊ “အမေရိကန်လယ်သမားများ၊ မွေးမြူရေးသမားများနှင့် စိုက်ပျိုးသူများက အလွန်အမင်းဆိုးရွားလှသည့် စီးပွားရေးဖိအားများကို ရင်ဆိုင်နေရကြောင်း၊ ယင်းဖိအားများက အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာနများ၏ ရေရှည်ရှင်သန်ရပ်တည်နိုင်စွမ်းကို ခြိမ်းခြောက်လျက်ရှိကြောင်း” ၊ လယ်သမားများအနေဖြင့်လည်း ဝင်ငွေအလားအလာနှင့် ဈေးကွက်ဝင်ရောက်ခွင့်၏ မရေရာမှုများကို ပြင်းထန်စွာ ခံစားနေရကြောင်း ထောက်ပြထားသည်။
အလားတူပင် “ထိတ်လန့်ဖွယ်ကောင်းသော အရေအတွက်ပမာဏရှိသည့် လယ်သမားများသည် ရင်းနှီးငွေထည့်ဝင်မှုကို အကြွေးမကျေနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်နေပြီး လယ်ယာလုပ်ငန်းများ ဒေဝါလီခံသည့်အရေအတွက် ဆက်တိုက်မြင့်တက်လာကြောင်း၊ လယ်သမားအများအပြားက လာမည့်ရာသီ သီးနှံထုတ်လုပ်မှုအတွက် ရင်းနှီးငွေစုဆောင်းရာတွင် ဧရာမကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း” စာလွှာတွင် ထောက်ပြထားသည်။
“လွန်ခဲ့သည့် သုံးနှစ်မှ လေးနှစ်တာ ကာလအတွင်း (အမေရိကန်) စိုက်ပျိုးရေးလုပ်ငန်း ထုတ်လုပ်မှုရင်းနှီးငွေသည် သမိုင်းစံချိန်မြင့်တွင် စဉ်ဆက်မပြတ်ရှိနေသော်လည်း ကောက်ပဲသီးနှံနှင့် အထူးသီးနှံဈေးနှုန်းများမှာမူ သမိုင်း၏အနိမ့်အဆင့်သို့ အရှိန်ဖြင့် ထိုးကျခဲ့သည်။ ယင်းမှာ အမေရိကန်လယ်သမားများကို အရှုံးပေါ်စေရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန်ဒေါ်လာ ၁၀၀ ဘီလီယံနီးပါး ဆုံးရှုံးစေခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန် စိုက်ပျိုးရေးကဏ္ဍ ကုန်သွယ်ရေးလိုငွေ အဆက်မပြတ် ကြီးထွားလာခြင်းနှင့် ကမ္ဘာ့စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းရောင်းချမှုတွင် အမေရိကန်၏ ဈေးကွက်ဝေစုက စဉ်ဆက်မပြတ် ကျဆင်းလာခြင်းတို့သည် ကမ္ဘာ့ဈေးကွက်တွင် (အမေရိကန် စိုက်ပျိုးရေးလုပ်ငန်း) နေ့စဉ်နှင့်အမျှ ပြင်းထန်သော ပြိုင်ဆိုင်မှုဖိအားများနှင့် ရင်ဆိုင်နေရသည်ကို ထင်ဟပ်ပြသနေသည်” ဟု ပေးစာတွင် ဖော်ပြထားသည်။
ရက်ပေါင်း ၂၀ ခြား၍ ပေးပို့သည့် ယင်းစာလွှာနှစ်စောင်တွင် အမေရိကန်လွှတ်တော်အနေဖြင့် “လက်ရှိ အရေးပေါ် လိုအပ်နေသော အကူအညီများကို ပံ့ပိုးပေးရန်” ၊ အမေရိကန် စိုက်ပျိုးရေးကဏ္ဍ စီးပွားရေး တည်ငြိမ်စေရန်၊ ကျေးလက်လူမှုအသိုက်အဝန်းအား ကာကွယ်ပေးရန် တိုက်တွန်းထားသည်။
၎င်းအနက်စာလွှာတစ်စောင်တွင် လက်မှတ်ရေးထိုးခဲ့သူ တစ်ဦး ဖြစ်သည့် အမေရိကန်နိုင်ငံလုံးဆိုင်ရာ ပြောင်းစိုက်ပျိုးသူများအသင်း၏ အမှုဆောင်အရာရှိချုပ်ဟောင်း Jon Doggett က “အမေရိကန် လယ်သမားတွေနဲ့ စိုက်ပျိုးရေးသမားတွေက ကမ္ဘာတစ်ဝန်း ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ ကမောက်ကမဖြစ်နေတဲ့ မူဝါဒပတ်ဝန်းကျင်အောက်မှာ ၎င်းတို့က ပြင်ပနဲ့ ယှဉ်ပြိုင်နိုင်စွမ်းမရှိကြတော့ဘူး” ဟု မီဒီယာများကို ပြောကြားခဲ့သည်။
အမေရိကန် အထက်လွှတ်တော် လယ်ယာစိုက်ပျိုးရေး၊ အာဟာရနှင့် သစ်တောရေးရာ ကော်မတီ ဥက္ကဋ္ဌ John Boozman က အမေရိကန် လယ်သမားများသည် “ငွေကြေးဆုံးရှုံးနေကြပြီး ဆုံးရှုံးမှုပမာဏက အလွန်များတယ်” ဟု မကြာသေးမီက ပြုလုပ်ခဲ့သော တယ်လီဖုန်းအစည်းအဝေးတွင် ဝန်ခံပြောကြားခဲ့သည်။
အမေရိကန်လယ်သမားများသည် ထရမ့်အစိုးရ၏ စည်းကြပ်ခွန်မူဝါဒကြောင့် “ဒေါသမီးလျှံတောက်လောင်” နေကြရာ ဒီမိုကရက်တစ်ပါတီအတွက် နိုင်ငံရေးအခွင့်အလမ်းများ သယ်ဆောင်လာပေးကြောင်း အမေရိကန် The Nation မဂ္ဂဇင်းက ဖော်ပြထားသည်။
ဖက်ဒရယ်အစိုးရအနေဖြင့် အမေရိကန်လယ်သမားများအတွက် ကန်ဒေါ်လာ ၁၂ ဘီလီယံ ပမာဏရှိသော အကူအညီများ ပံ့ပိုးပေးမည်ဟု ထရမ့်က လွန်ခဲ့သည့် ဒီဇင်ဘာလတွင် ကြေညာခဲ့သော်လည်း ယင်းကဲ့သို့ “အပေါ်ယံကုစားသည့်နည်းလမ်း” ဖြင့် အကျပ်အတည်းဖြေလျှော့ခြင်းက လယ်သမားများ၏ ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ခံစားရသည့် ဆုံးရှုံးမှု၏ သုံးပုံတစ်ပုံခန့်သာ ရှိကြောင်း အဆိုပါမီဒီယာက ထောက်ပြခဲ့သည်။
အရင်းအနှီးမြင့်မားလာခြင်း၊ ကောက်ပဲသီးနှံဈေးနှုန်းကျဆင်းလာခြင်းနှင့် ကုန်သွယ်ရေးစစ်ပွဲတို့၏ သက်ရောက်မှုများကြောင့် အမေရိကန် ကောက်ပဲသီးနှံစိုက်ပျိုးသူများက ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် အသားတင်ငွေသားဝင်ငွေ ကန်ဒေါ်လာ ၄.၄ ဘီလီယံအထိ ဆုံးရှုံးနိုင်ခြေရှိသည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြကြောင်း အမေရိကန် “Investigate Midwest” ဝက်ဘ်ဆိုက် ဆောင်းပါး၌ ဖော်ပြထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ လင်ကွန်းအထိမ်းအမှတ်ဗိမာန်အား ဆီးနှင်းကျနေချိန် လာရောက်ကြည့်ရှုသူများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
综述|关税战正在“斩杀”美国农民——美农业界痛诉关税战巨大伤害
新华社洛杉矶2月8日电 综述|关税战正在“斩杀”美国农民——美农业界痛诉关税战巨大伤害 新华社记者高山
“美国农民破产数量已翻倍”“美国农业经济状况持续恶化”“美国农业正面临广泛崩溃”……美国农业界代表人士近日在发给美国国会的信中,这样描述特朗普政府关税政策给美国农业造成的巨大伤害。
这封信于2月3日发送,由27位美国农业界资深领袖、高管、专家以及美国农业部前高官联名签署,包括美国大豆协会、美国全国玉米种植者协会、美国全国大麦种植者协会、美国全国猪肉生产商理事会、美国全国奶业联合会、美国谷物协会以及可再生燃料协会的前任主席和首席执行官。
他们在信中指出,关税政策“人为抬高农业投入成本、直接从美国农民口袋里抢钱,毫无道理”。他们认为,特朗普政府对化肥、农业化学品、农机零部件等农业投入品征收关税,直接推高农民生产成本,使生产成本远高于大宗商品价格。这些关税政策的随意性和缺乏针对性,“不仅未能振兴美国制造业,反而重创美国农业经济”。
这封信对加税和各国反制恐导致美国农产品国际市场准入的丧失尤为担忧。信件指出,与几年前创纪录的农业贸易顺差和农场收入相比,美国现在面临历史性的农业贸易逆差。信件以大豆为例特别指出对华贸易战的恶劣影响。2018年,美国整粒大豆占全球出口市场的47%;如今,这一比例仅剩24.4%,市场份额几乎腰斩。
其他美国农产品也遭遇了类似损失。巴西如今成为大豆、棉花、牛肉和鸡肉出口的佼佼者。阿根廷、澳大利亚等国也趁机填补市场空缺。信件指出,“美国已不再被视为一个可靠的供应国”。
此外,信中透露,今年美国将仅有勉强一半的农场能够实现盈利。“当美国农民遭受重创时,整个农村经济都会受到影响,从学校、教堂到各类乡镇企业,无一幸免。”
信件敦促美国国会“亡羊补牢”,“立即对所有农业投入品免征关税、废除扰乱农业出口市场的关税”,尽快采取行动恢复美国农业经济的稳定性和可持续性。
此前,56个美国农业组织在1月15日发给国会两党领袖的公开信中也指出,美国农村地区正经历“经济危机”,“美国农民、牧场主和种植者面临极端严峻的经济压力,这些压力正在威胁美国农业部门的长期生存能力”,农民也深感收入前景和市场准入的不确定性。
这封信同样指出,“数量惊人的(美国)农民已陷入资不抵债的境地,农场破产数量持续攀升,许多农民在为下一季作物生产筹措资金时可能面临巨大困难。”
信件说:“过去三到四年,(美国)农业生产投入成本持续处于历史高位,而农作物和特色作物价格却快速下跌至历史低位,这导致大量美国农民出现亏损,全国范围内损失接近1000亿美元。与此同时,美国农业贸易逆差不断扩大,以及美国在全球农产品销售中的市场份额持续下降,反映出(美国农业)在全球市场面临日益激烈的竞争压力。”
这两封相隔20天的信件都呼吁美国国会“提供当前急需的救助”,稳定美国农业经济,保护农村社区。
其中一封信函的签署人之一、美国全国玉米种植者协会前首席执行官乔恩·多格特对媒体表示:“美国农民和牧场主是有全球竞争力的,但在一套混乱的政策环境下,他们无法与外部世界竞争。”
美国参议院农业、营养与林业委员会主席约翰·布兹曼日前在一次电话会议中承认,美国农民“正在亏钱,而且亏得很多”。
美国《民族》杂志说,美国农民因特朗普政府的关税政策“怒火中烧”,给民主党带来政治机遇。该媒体指出,虽然特朗普在去年12月宣布联邦政府将为美国农民提供规模为120亿美元的救助,但这种“创可贴式”纾困仅相当于农民在2025年一年所遭受损失的约三分之一。
美国“调查中西部”组织网站文章说,由于成本上升、作物价格走低以及贸易战的影响,经济学家预计,美国农作物种植者可能在2025年至2026年作物年度面临最高可能达440亿美元的净现金收入损失。(完)
1. 这张资料照片显示的是美国首都华盛顿的美国国会大厦(2025年11月9日摄)。 新华社记者 胡友松 摄
2. 1月25日,人们冒雪参观美国首都华盛顿的林肯纪念堂。新华社记者 徐剑梅 摄
