Connect with us

Africa & Middle East

အမေရိကန် “USS Gerald R. Ford” လေယာဉ်တင်သင်္ဘော ဆုတ်ခွာသွားခြင်းက အမေရိကန်နှင့် အစ္စရေး၏ အဖြစ်မှန် အနေအထားကို ထင်ဟပ်နေသည်ဟု အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဆို

အစ္စရေးနိုင်ငံ Tel Aviv မြို့တွင် ကြီးမားသော ပေါက်ကွဲသံထွက်ပေါ်လာပြီးနောက် အဆောက်အဦ မီးလောင်နေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်ရေတပ် “USS Gerald R. Ford” လေယာဉ်တင်သင်္ဘောကို အနောက်တိုင်းမီဒီယာများ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်နေချိန်တွင် အနောက်အာရှဒေသသို့ စေလွှတ်ခဲ့ကြောင်း၊ သို့သော်လည်း ၎င်းဒေသ၌ အမေရိကန်စစ်တပ်အတွက် ပံ့ပိုးမှုမပေးနိုင်ဘဲ စစ်ပွဲဖြစ်ပွားရာနေရာမှ ဆုတ်ခွာသွားခဲ့ကြောင်း၊ ယင်းမှာ အမေရိကန်နှင့် အစ္စရေးတို့၏ “မျှော်လင့်ချက်မဲ့၍ အရှက်ရဖွယ်” အဖြစ်မှန် အနေအထားကို ထင်ဟပ်ပြသနေကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်ဟု အီရန် အစ္စလာမ်မစ်နိုင်ငံပိုင်သတင်းအေဂျင်စီ (IRNA) ၏ မတ် ၂၀ ရက် သတင်းများအရ သိရသည်။
အမေရိကန် ရေတပ် အင်စတီကျု (USNI) ဝက်ဘ်ဆိုက်က မတ် ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ အကြီးစား စစ်ရေးလှုပ်ရှားမှု၌ ပါဝင်သည့် “USS Gerald R. Ford” လေယာဉ်တင်သင်္ဘောသည် လွန်ခဲ့သည့်သီတင်းပတ်က မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းကြောင့် ပင်လယ်နီမှ ထွက်ခွာကာ ဂရိနိုင်ငံရှိ အမေရိကန် ရေတပ် အခြေစိုက်စခန်းသို့ မောင်းနှင်၍ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့သည်။ (Xinhua)
——————
(Chinese Version)
伊朗伊斯兰革命卫队:美“福特”号航母撤离反映美以真实处境
新华社德黑兰3月20日电 据伊朗伊斯兰共和国通讯社20日报道,伊朗伊斯兰革命卫队发表声明说,美国海军“福特”号航空母舰在西方媒体的广泛关注下派遣至西亚地区,却未能在该地区为美军提供支持,反而撤离战场,这反映出美国和以色列“绝望而屈辱”的真实处境。
美国海军学会新闻网17日报道,参与美国和以色列对伊朗大规模军事行动的“福特”号航母因上周发生火灾,准备离开红海,驶往位于希腊的美国海军基地接受维修。(完)
1. 2月28日晚,以色列特拉维夫市区传出巨大爆炸声,有建筑物冒出火光。 新华社记者 陈君清 摄