Connect with us

North America

ဆာနာအဲ တာကာအိချိ၏ အမေရိကန် ခရီးစဉ် “အလိုလိုက်အကြိုက်ဆောင် သံတမန်ရေး” ဟု ဝေဖန်ခံရ

အမေရိကန်နိုင်ငံ အိမ်ဖြူတော်တွင် နိုင်ငံတော် ခရီးစဉ်ရောက်ရှိလာသော ဂျပန်နိုင်ငံဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -AFP)

တိုကျို/ ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၁၉ ရက်တွင် အိမ်ဖြူတော်သို့ ရောက်ရှိနေသော ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့် စပ်လျဉ်း၍ ပူးတွဲကြေညာမထုတ်ပြန်ခဲ့သော်လည်း ဆွေးနွေးမှုအတွင်း အသေးစိတ်အချက်အလက်နှင့် မြင်ကွင်းများစွာက အမေရိကန်-ဂျပန်ဆက်ဆံရေး၏ လက်ရှိအခြေအနေကို ဖော်ထုတ်ပြသခဲ့သည်။
နှစ်ဖက် သဘောထားဖော်ပြချက်များအရ တာကာအိချိသည် အဓိကကိစ္စရပ်များတွင် အမေရိကန်နှင့် ရှင်းလင်းပြတ်သားသော သဘောတူညီချက်မရရှိခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍများတွင် ထပ်တလဲလဲ အကြိုက်ဆောင်လိုက်လျောကာ အမေရိကန်အစိုးရအား ဖြည့်ဆည်းခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် ၎င်း၏ မျက်နှာချိုသွေးသည့် သဘောထားသည် အံ့အားသင့်စေခဲ့ကြောင်း၊ တာကာအိချိ၏ အမေရိကန်အပေါ် “အလိုလိုက်အကြိုက်ဆောင် သံတမန်ရေး” သည် ၎င်းအား အိမ်ဖြူတော်တွင် “ကသိကအောက်” ဖြစ်စေခဲ့သည်သာမက ဂျပန်ပြည်တွင်းတွင်လည်း အငြင်းပွားမှုနှင့် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ဂျပန်လူထုသဘောထားက ထောက်ပြခဲ့သည်။
အစွမ်းကုန် မျက်နှာချိုသွေးခဲ့သော်လည်း အရှက်ခွဲခံရခြင်း
တာကာအိချိ အမေရိကန် ခရီးစဉ် မသွားရောက်မီ ထရမ့်အဆိုပြုသော ဟော်မုဇ်ရေလက်ကြားသို့ စစ်သင်္ဘောများ စေလွှတ်၍ သင်္ဘောများသွားလားရေး စောင့်ရှောက်ပေးရန် တောင်းဆိုချက်နှင့် ပတ်သက်၍ ဂျပန်ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ခဲ့ကြသည်။ ဤလုပ်ရပ်သည် ငြိမ်းချမ်းရေး အခြေခံဥပဒေမူဘောင်ကို ချိုးဖောက်နိုင်ပြီး ဂျပန်အား အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်းသို့ ဆွဲခေါ်သွားနိုင်ကြောင်း ဂျပန် လူထုသဘောထားက ယေဘုယျအားဖြင့် ယူဆကြသည်။
တွေ့ဆုံဆွေးနွေးပွဲ စတင်ချိန်မှစ၍ တာကာအိချိသည် မီဒီယာများအရှေ့တွင်ပင် မျက်နှာသာရရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အလွဲလွဲအချော်ချော် “အဖြစ်အပျက်” ၃ ကြိမ် ဖြစ်ပွားခဲ့သည်။
ထရမ့်က အဖွင့်အမှာစကားတွင် ကြိုဆိုကြောင်း ပြောကြားပြီးနောက် တာကာအိချိက ထစ်ထစ်ငေါ့ငေ့ါ အင်္ဂလိပ်စကားဖြင့် ပြောဆိုရန် ကြိုးစားခဲ့ပြီး ထရမ့်က “ဘာသာပြန်သူ ရှိတယ်” ဟု ပြောကြားလိုက်မှသာ တာကာအိချိသည် ဂျပန်ဘာသာစကားဖြင့် ပြန်လည်ပြောင်းလဲပြောဆိုခဲ့သည်။
တာကာအိချိက ထရမ့်၏ အမည်ကိုလည်း “ဒေါ်နယ်” ဟု ခေါ်ဆိုကာ ဆက်ဆံရေး ရင်းနှီးမှုကို ပြသခဲ့သည်။ ၎င်းသည် အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အခြေအနေမှာ ဆိုးဆိုးရွားရွားရှိနေပြီး ကမ္ဘာ့စီးပွားရေးကို ပြင်းထန်စွာ ထိခိုက်ခဲ့သည်ဟု ပြောကြားခဲ့သော်လည်း နောက်တစ်ဖက်တွင်မူ “ဒေါ်နယ်သာလျှင် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်တယ်” ဟု ဆိုခဲ့သည်။ ဤပြောဆိုချက်သည် ဂျပန်ပြည်တွင်း ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့သည်။ အီရန်အပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်သည်ဟု ထရမ့်အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ရှိနေချိန်တွင် တာကာအိချိ၏ ဤပြောဆိုချက်များမှာ “ရှယ်စရာကောင်း” သည်ဟု ဂျပန်အင်တာနက်အသုံးပြုသူ အများအပြားက တိုက်ရိုက်ဖော်ပြခဲ့ကြသည်။
အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုများကို တာကာအိချိသည် ဝေဖန်စကားတစ်ခွန်းမျှမဆိုဘဲ ထရမ့်ကိုပင် ချီးမွမ်းခဲ့ရာ ထိုသို့သော အမေရိကန်နောက်လိုက် သံတမန်ရေးမှာ ဝမ်းနည်းစရာကောင်းကြောင်း အတိုက်အခံပါတီ ဂျပန်ကွန်မြူနစ်ပါတီကော်မတီဥက္ကဋ္ဌ Tomoko Tamura က ပြောကြားခဲ့သည်။ ယင်းအပေါ် ၎င်းက ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
ဤတွေ့ဆုံမှုတွင် “နာမည်ကြီး” အခိုက်အတန့်တစ်ခုလည်း ဖြစ်ပေါ်စေခဲ့သည်။ ဂျပန်သတင်းထောက်တစ်ဦးက အမေရိကန်သည် အီရန်ကို တိုက်ခိုက်ခြင်းမပြုမီ အဘယ်ကြောင့် ဂျပန် စသည့်မဟာမိတ်များကို အကြောင်းကြားခြင်းမပြုသနည်းဟု မေးမြန်းခဲ့ရာ ထရမ့်က ၁၉၄၁ ခုနှစ်တွင် ပုလဲဆိပ်ကမ်းအား ဂျပန်အလစ်အငိုက်တိုက်ခိုက်မှုကို ဥပမာပေးပြီး “ဂျပန်ထက် ဘယ်နိုင်ငံကမှ အလစ်အငိုက် တိုက်ခိုက်တာကို ပိုသိမှာမဟုတ်ဘူး” ဟု တည့်တိုး ပြောကြားခဲ့သည်။ ဤ “ငရဲဆန်သည့်ဟာသ” သည် တာကာအိချိအား အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားစေခဲ့ပြီး မအီမသာ မျက်နှာထားဖြစ်သွားသော်လည်း မည်သည့် တုံ့ပြန်ပြောကြားခြင်းမျှ မပြုခဲ့ပေ။
ယင်းက မဟာမိတ်အပေါ် ထရမ့်၏ အထက်စီးဆန်သော သဘောထားကို ထင်ရှားစေကြောင်း၊ ရည်ရွယ်ချက်မှာ “အရှက်ရစေခြင်း” သို့မဟုတ် “အားနည်းချက်ကို ဖော်ထုတ်ခြင်း” မှတစ်ဆင့် တစ်ဖက်လူအား မခံမရပ်နိုင်ဖြစ်စေပြီး စေ့စပ်ညှိနှိုင်းမှုများတွင် အသာစီးရရှိစေရန်ဖြစ်ကြောင်း အမေရိကန် မီဒီယာများက အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။
ယခင်က အမေရိကန်သမ္မတများသည် ဂျပန်ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပုလဲဆိပ်ကမ်းအကြောင်း ဆွေးနွေးခြင်းကို ယေဘုယျအားဖြင့် ရှောင်ရှားလေ့ရှိပြီး ထရမ့်၏ ဤပြောကြားချက်များသည် “ပုံမှန်မဟုတ်ဘဲ အံ့အားသင့်ထိတ်လန့်ဖွယ်” ဖြစ်ကြောင်း အမေရိကန် Brookings Institution ရှိ အာရှရေးရာမူဝါဒလေ့လာရေးစင်တာ အကြီးအကဲ Mireya Solis က ပြောကြားခဲ့သည်။
ရေကြောင်းစောင့်ရှောက်ရေး ကိစ္စရပ်တွင် နှစ်ဖက်၏ သဘောကွဲလွဲချက်များသည် ဖြေရှင်းမှု မရသေးဟန်ရှိသည်။ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် တာကာအိချိက ဂျပန်အနေဖြင့် “လုပ်ဆောင်နိုင်သည်” နှင့် “မလုပ်ဆောင်နိုင်သည်” ကို ထရမ့်ထံ ပြောကြားခဲ့ပြီး အမေရိကန်နှင့် နီးကပ်သော ညှိနှိုင်းမှုများ ထိန်းသိမ်းသွားမည်ဖြစ်သည်ဟုသာ မီဒီယာများထံ ပြောကြားခဲ့သည်။
ထရမ့်အစိုးရသည် ဂျပန်နိုင်ငံ “မလုပ်ဆောင်နိုင်သည့်အပိုင်း” ကို ဂရုမစိုက်သည်မှာ ထင်ရှားနေပြီး မကျေနပ်မှုကို အချိန်မရွေး ဖော်ပြနိုင်ခြေရှိကြောင်း ဂျပန် Meikai တက္ကသိုလ် ပါမောက္ခ Tetsuo Kotani က ယူဆခဲ့သည်။

အကျိုးစီးပွားများကို စတေးပြီး အဆက်မပြတ် လိုက်လျောခြင်း
ရေကြောင်းစောင့်ရှောက်ရေး ကိစ္စရပ်တွင် ထရမ့်၏ တောင်းဆိုမှုများ ဖြည့်ဆည်းရန် ခက်ခဲသောကြောင့် တာကာအိချိသည် စီးပွားရေးကဏ္ဍတွင် အစွမ်းကုန်ဖြည့်ဆည်းပေးရန် ရွေးချယ်ခဲ့သည်။
ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုအတွင်း ဂျပန်က ပိုမိုနည်းပါးသော စည်းကြပ်ခွန်အတွက် ကတိကဝတ်ပြုထားသော အမေရိကန်တွင် ကန်ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် မူဘောင်နှင့် စပ်လျဉ်း၍ နှစ်ဖက်သည် ဒုတိယအသုတ် စီမံကိန်း အရန်အစီအစဉ်ကို အတည်ပြုခဲ့သည်။ ယင်းစီမံကိန်းတွင် ဂျပန်ဘက်က အမေရိကန်၌ မျိုးဆက်သစ် အသေးစား မော်ဂျူလာ နျူကလီးယားဓာတ်ပေါင်းဖိုများနှင့် သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု စသည်တို့ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၇၃ ဘီလီယံအထိ ရှိသည်။
ထို့အပြင် တာကာအိချိသည် အမေရိကန် စွမ်းအင် ကုမ္ပဏီလုပ်ငန်းများ ထုတ်လုပ်မှုမြှင့်တင်ရေးကို အမေရိကန်ဘက်နှင့်အတူ တွန်းအားပေးလုပ်ဆောင်သွားပြီး တစ်ချိန်တည်းတွင် အမေရိကန်မှ ရေနံစိမ်းဝယ်ယူကာ ဂျပန်နိုင်ငံ အရန်သိုလှောင်မှုကို ဖြည့်တင်းမည်ဖြစ်ကြောင်း၊ နှစ်ဖက်သည် မြေရှား စသည့် အရေးပါသော သတ္ထုတူးဖော်ထုတ်လုပ်ရေးတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်တွင် ကြီးမားသော ရင်းနှီးမြှုပ်နှံများနှင့် စပ်လျဉ်း၍ ဂျပန်ပြည်တွင်းတွင် ကန့်ကွက်သံများစွာ အစဉ်အမြဲ ရှိနေသည်။ စည်းကြပ်ခွန်စာချုပ် တရားမျှတမှုမရှိဘဲ ဂျပန်နိုင်ငံ အကျိုးစီးပွားကို ဆုတ်ယုတ်စေသည်ဟု ကန့်ကွက်သူများက ယူဆကြသည်။ အမေရိကန် တရားရုံးချုပ်က ထရမ့်၏ “အလားတူ စည်းကြပ်ခွန်” အစီအမံဆိုသည်မှာ အကျုံးမဝင်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သော်လည်း ဂျပန်နိုင်ငံသည် အဘယ်ကြောင့် စည်းကြပ်ခွန်စာချုပ်အတွင်း ရင်းနှီးမြှုပ်နှံမည့်ကတိကဝတ်ကို ဆက်လက် လုပ်ဆောင်နေရသနည်း၊ ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ် ၉၀ ရာခိုင်နှုန်းနီးပါးကို အမေရိကန်က ပိုင်ဆိုင်မည့် ခွဲဝေမှုနည်းလမ်းသည် ကျိုးကြောင်းဆီလျော်မှုမရှိသည်မှာ ထင်ရှားကြောင်း ဂျပန်စီးပွားရေး ပညာရှင် Takashi Kadokura က ထောက်ပြခဲ့သည်။
အမေရိကန်အပေါ် ရင်းနှီးမြှုပ်နှံမှုများ စဉ်ဆက်မပြတ် တိုးချဲ့ခြင်းက ဂျပန်နိုင်ငံအပေါ် အကျိုးမရှိကြောင်း ဂျပန်ဝါရင့်သတင်းထောက် ရာမာတာက ထောက်ပြခဲ့သည်။ ထရမ့်အား တာကာအိချိ အလွန်အမင်း အကြိုက်ဆောင်လိုက်လျောခြင်းအပေါ် “နိုင်ငံကို ရောင်းစားတဲ့ သံတမန်ရေး” ဟု ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်များသည် ဂျပန်ပြည်သူများ၏ အကျိုးစီးပွားနှင့် သွေဖယ်နေပြီး လူထု ဝန်ထုပ်ဝန်ပိုးကို တိုးလာစေသည်ဟု ၎င်းက ယူဆခဲ့သည်။
အရင်းအနှီးကို သတိမမူဘဲ အကျိုးစီးပွား လက်ကမ်းပေးနေခြင်း
တာကာအိချိသည် လုံခြုံရေးကဏ္ဍတွင် အမေရိကန်အား “မရိုးသားသော ရည်ရွယ်ချက်ဖြင့် ဆက်လက် မျက်နှာချိုသွေး” နေခဲ့သည်။ ဒုံးကျည် ပူးတွဲသုတေသနပြုခြင်းနှင့် ထုတ်လုပ်ခြင်း အပါအဝင် “ကျယ်ပြန့်သော လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ” ကို မြှင့်တင်ရန် နှစ်ဖက်သဘောတူညီခဲ့ကြောင်း ၎င်းက ဆွေးနွေးမှုအပြီးတွင် မီဒီယာများထံ ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံမှ လက်နက် အမြောက်အမြား ဝယ်ယူရန် ဂျပန် ပြင်ဆင်နေသည့်အပေါ် ကြိုဆိုခဲ့ကြောင်း ထရမ့်က ညစာစားပွဲ၌ ပြောကြားခဲ့သည်ဟု ဂျပန် ကျိုဒိုသတင်းဌာန ဖော်ပြချက်အရ သိရသည်။
မကြာသေးမီနှစ်များတွင် ဂျပန်နိုင်ငံက စစ်ရေး လက်နက် တိုးချဲ့ပြင်ဆင်မှုများ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့ပြီး ယင်းအတွက် အမေရိကန်နှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ကြသည်။
ယခုနှစ် ဇန်နဝါရီလတွင် ဂျပန် စာရင်းစစ်ဘုတ်အဖွဲ့က မကြာသေးမီနှစ်များအတွင်း “အမြတ်အစွန်းဖြင့် စစ်ရေးကူညီခြင်း” မူဘောင်မှတစ်ဆင့် အမေရိကန်မှ ကာကွယ်ရေးဝန်ကြီးဌာန ဝယ်ယူခဲ့သော ပစ္စည်းကိရိယာများ စစ်ဆေးခဲ့သည်။ ၂၀၁၈ မှ ၂၀၂၃ ဘဏ္ဍာရေးနှစ်များအတွင်း နှစ်ဖက်အကြား စာချုပ်များ၏ စုစုပေါင်းတန်ဖိုးမှာ ဂျပန်ယန်း ၃.၅၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံခန့်) အထိ ရောက်ရှိခဲ့ကြောင်း ရလဒ်များက ဖော်ပြခဲ့ပြီး ဂျပန်လူထုအား ထိတ်လန့်ဆူညံမှုများ ဖြစ်ပေါ်စေခဲ့သည်။ Tokyo Shimbun သတင်းစာက “ဂျပန်နိုင်ငံက ဘာကြောင့် အခွန်ထမ်းပြည်သူတွေ သွေးချွေးနဲ့ရှာထားတဲ့ငွေ အမြောက်အမြားကို အမေရိကန်လက်နက်ဝယ်ဖို့ အဆက်မပြတ် သုံးနေရတာလဲ၊ ဒီလို ဆက်ပြီး ‘အလွန်အကျွံဝယ်’ ဖို့ သင့်ပါသလား” ဟု မေးခွန်းထုတ်ခဲ့သည်။
ယခုအကြိမ် ဂျပန်-အမေရိကန် ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင် နာရီအနည်းငယ်အလိုတွင် သောင်းနှင့်ချီရှိသော ဂျပန်လူထုတို့သည် တိုကျိုလမ်းမထက်တွင် စုဝေးခဲ့ကြပြီး ဂျပန်နိုင်ငံ၏ စစ်ရေး လက်နက် တိုးချဲ့ပြင်ဆင်မှုများကို ကန့်ကွက်ခဲ့ကြပြီး ယင်းသည် ဒေသတွင်း အခြေအနေမတည်ငြိမ်မှုကို ဖြစ်ပေါ်စေကာ ဂျပန်အား အန္တရာယ်များသော လမ်းကြောင်းပေါ်ရောက်စေမည်ဟု ယူဆကြသည်။
ဆာနာအဲတာကာအိချိ အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် မြှင့်တင်ခြင်း၊ ကာကွယ်ရေးစရိတ် တိုးမြှင့်ခြင်းနှင့် လက်နက်တင်ပို့မှု တိုးချဲ့ခြင်းတို့ကို အဆက်မပြတ် လုပ်ဆောင်ခဲ့ပြီး “ဟန့်တားမှုကို အားကောင်းစေခြင်း” ဆိုသည့်အတွက်နှင့် “အမေရိကန်အား ထက်ကြပ်မကွာ မှီခိုအားထားခြင်း”၊ “အမေရိကန်အား အလိုလိုက်အကြိုက်ဆောင်ခြင်း” များ ပြုလုပ်ခဲ့ရာ ယင်းမှာ “လုံးဝမှားယွင်းသော လမ်းကြောင်း” ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိဟောင်း Hitoshi Tanaka က ပြောကြားခဲ့သည်။ သံတမန်ရေးမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများနှင့် သက်ဆိုင်ရာ ယန္တရားများ ဖွဲ့စည်းထူထောင်ကာ မှားယွင်းသော သုံးသပ်ဆုံးဖြတ်မှု၊ မှားယွင်းသော လှုပ်ရှားမှုများကို တားဆီးခြင်းသည်သာလျှင် မှန်ကန်သော ဦးတည်ချက် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
国际观察|高市早苗访美,被批“谄媚外交”
新华社东京/华盛顿3月20日电 题:高市早苗访美,被批“谄媚外交”
新华社记者李子越 黄强
美国总统特朗普19日在白宫同到访的日本首相高市早苗举行会谈。双方没有就会谈发表联合声明,但会谈中不少细节和场面揭示了美日关系的现状。
日本舆论指出,从双方表态看,高市未能在核心议题上与美方形成清晰共识,同时在经济与安全领域一再让步迎合美国政府,她在会谈中的讨好姿态令人大跌眼镜。高市对美国的“谄媚外交”,不仅让自己在白宫“遇窘”,也在日本国内引发争议和担忧。
极力讨好,仍遭羞辱
高市访美之前,围绕特朗普提出的向霍尔木兹海峡派遣舰艇护航要求,日本国内反对声一片。日本舆论普遍认为,此举可能突破和平宪法框架、将日本卷入中东冲突。
会谈一开始,高市就当着媒体的面极力示好,却接连发生三次“状况”。
特朗普开场表示欢迎后,高市试图用磕磕巴巴的英文发言,直到特朗普说“有翻译”,高市才改回用日语发言。
高市还用特朗普的名字“唐纳德”相称以示关系亲密。她一方面称中东和全球安全形势严峻且世界经济受到严重影响,但一方面又说“只有唐纳德能给世界带来和平与繁荣”。这一发言迅速在日本国内引发批评。不少日本网民直言,在外界普遍批评特朗普违反国际法对伊朗发动袭击的背景下,高市的这番话“令人羞耻”。
在野党日本共产党委员长田村智子说,高市对美以攻击伊朗一句批评也没有,反而赞美特朗普,这种对美追随式外交实在令人遗憾。她对此表示抗议。
这次会谈还产生了一个“名场面”。当一名日本记者问到美国为何在袭击伊朗前未通知日本等盟友时,特朗普拿日本1941年偷袭珍珠港事件举例子,直言“没有哪个国家比日本更了解偷袭”。这个“地狱级笑话”让高市惊讶地睁大双眼,表情尴尬,未作出任何言语回应。
美国媒体解读,这凸显特朗普轻视盟友的傲慢态度,意在通过“羞辱”或“揭短”来令对方难堪,继而获取谈判优势。美国布鲁金斯学会亚洲政策研究中心主任米雷娅·索利斯说,以往美国总统在面对日本领导人时往往避免谈及珍珠港事件,特朗普的这番言论“非同寻常、令人震惊”。
双方在护航问题上的分歧似乎没能化解。高市在会谈后只是对媒体称,自己已向特朗普说明日本“能做到的”和“做不到的”,并将与美方保持密切沟通。日本明海大学教授小谷哲男认为,特朗普政府显然不会关心日本“做不到的部分”,可能随时表达不满。
出卖利益,不断迎合
在护航问题上难以满足特朗普诉求,高市选择在经济领域卖力迎合。
这次会谈期间,双方就日本为换取更低关税而承诺的对美5500亿美元投资框架,确认了第二批项目候选方案,包括日方投资在美建设新一代小型模块化核反应堆以及天然气发电设施等,投资总额高达730亿美元。
除此以外,高市还表示将与美方共同推动美国能源企业增产,同时从美国采购原油以补充日本储备。双方还将就开发稀土等重要矿产开展合作。
围绕对美巨额投资,日本国内一直存在大量反对声音。反对者认为,关税协议不公平,有损日本国家利益。日本经济学者门仓贵史指出,美国最高法院裁定特朗普所谓“对等关税”措施无效,日本为何仍要继续履行关税协议中的投资承诺?加之约九成投资的收益都归美方的分配方式显然不合理。
日本资深记者山田顺指出,持续扩大对美投资对日本自身不利。他批评高市过度迎合特朗普是“卖国外交”,认为此举背离日本国民利益、加重民众负担。
输送利益,不惜成本
高市还在安全领域继续对美国“别有用心地献媚”。她在会谈后对媒体说,双方同意推进包括导弹联合研发与生产在内的“广泛安全合作”。据日本共同社报道,特朗普在晚宴上对日本准备从美国大量采购武器装备表示欢迎。
近年来,日本持续扩军备武,为此加大与美国安全合作的力度。今年1月,日本会计检查院审计了防卫省近年来通过“有偿军事援助”框架从美国采购装备的情况。结果显示,2018至2023财年,双方合同总额高达3.55万亿日元(约合220亿美元),引发日本舆论哗然。《东京新闻》质问:“日本为何持续投入大量纳税人的血汗钱购买美国武器?是否应继续这种‘爆买’?”
就在这次日美领导人会谈前数小时,一万多名日本民众在东京街头集会,反对日本扩军备武,认为这将导致地区局势不稳定并让日本走上危险道路。
日本外务省前高级官员田中均表示,高市政府不断推动修宪、增加防卫费以及扩大武器出口,并为了所谓“强化威慑”而紧紧“依附美国”“献媚美国”,这是“完全错误的道路”。只有通过外交与周边国家构建相关机制,防止误判和错误行动,才是正确方向。(完)
图说:3月19日,美国总统特朗普在白宫会晤到访的日本首相高市早苗。法新社照片

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.