Africa & Middle East
ဟော်မုဇ်ရေလက်ကြား ကျူးကျော်သူများကိုသာ မကြိုဆိုခြင်း ဖြစ်သည်ဟု အီရန် သမ္မတ ပြောကြား
တီဟီရန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)
ဟော်မုဇ်ရေလက်ကြားက အားလုံးအတွက် ဖွင့်ပေးထားကြောင်း၊ အီရန်၏ နယ်မြေပိုင်နက်ကို ကျူးကျော်သူများကိုသာ မကြိုဆိုခြင်းဖြစ်ကြောင်း အီရန် သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က မတ် ၂၂ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့သည်။
“အီရန်ကို မြေပုံက ဖျောက်လိုက်မည်” ဆိုသည့် စိတ်ကူးယဉ်မှုသည် ရာဇဝင်သမိုင်းကိုဖန်တီးသည့် လူမျိုးတစ်မျိုး၏ သန္နိဋ္ဌာန်ရှေ့တွင် ပေါ်လွင်လာသည့် စိတ်ပျက်မှုသက်သက်သာဖြစ်ကြောင်း မာဆော့ ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။
“ခြိမ်းခြောက်မှုနဲ့ ထိတ်လန့်တုန်လှုပ်စေမှုက ကျုပ်တို့ကို ပိုပြီး သွေးစည်းညီညွတ်စေမှာ ဖြစ်တယ်… ကျုပ်တို့က အဲဒီရူးသွပ်တဲ့ခြိမ်းခြောက်မှုကို စစ်မြေပြင်မှာ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
——————
(Chinese Version)
伊朗总统:霍尔木兹海峡唯独不欢迎侵略者
新华社德黑兰3月22日电(记者陈霄 沙达提)伊朗总统佩泽希齐扬22日在社交媒体发文说,霍尔木兹海峡对所有人开放,唯独不欢迎那些侵犯伊朗领土的侵略者。
佩泽希齐扬表示,所谓“将伊朗从地图上抹去”的幻想,不过是面对一个创造历史的民族的意志时所流露的绝望。“威胁和恐怖只会进一步巩固我们的团结……我们将坚定地在战场上应对这些疯狂的威胁。”(完)
1. 2019年4月30日,伊朗士兵在霍尔木兹海峡巡逻。新华社发(艾哈迈德·哈拉比萨斯摄)
