Europe
မက်ခရွန်နှင့် အီရန်၊ အမေရိကန်၊ လက်ဘနွန်ခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်၊ အပစ်ရပ်မှုအတိုင်းအတာအတွင်း လက်ဘနွန်ပါဝင်သင့်ကြောင်း တိုက်တွန်း
ပဲရစ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က ၎င်းအနေဖြင့် ဧပြီ ၈ ရက်တွင် အီရန် သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်၊ အမေရိကန် သမ္မတ ထရမ့်တို့နှင့် သီးခြားစီဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ စစ်ပွဲတွင်ပါဝင်သည့် ဘက်အသီးသီးက လက်ဘနွန်အပါအဝင် ပဋိပက္ခဖြစ်ပွားသောဒေသအားလုံး၌ အပစ်ရပ်ရေးအကြောင်းအချက်အားလုံးကို ဘက်စုံလိုက်နာရန် တိုက်တွန်းခဲ့သည်ဟု လူမှုမီဒီယာတွင် ပို့စ်တင်၍ ပြောကြားခဲ့သည်။
ပဋိပက္ခဖြစ်ပွားသူများက ဒေသအားလုံးတွင် အပစ်ရပ်မှသာလျှင် အပစ်ရပ်မှု ယုံကြည်မှုရှိ၍ ရေရှည်ဖြစ်သည်ကို အာမခံနိုင်မည်ဖြစ်ကြောင်း၊ အပစ်ရပ်မှုသည် ဘက်စုံဆွေးနွေးညှိနှိုင်းမှုအတွက် လမ်းကြောင်းဖွင့်လှစ်ပေးသင့်ပြီး ထိုမှတစ်ဆင့် အရှေ့အလယ်ပိုင်းဒေသ လူအားလုံး၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးရမည်ဖြစ်ကြောင်း မက်ခရွန်က အလေးထားပြောကြားခဲ့သည်။
မက်ခရွန်က အခြားပို့စ်တစ်ခုတွင်လည်း ၎င်းအနေဖြင့် ထိုနေ့တွင် လက်ဘနွန်နိုင်ငံ သမ္မတ Joseph Aoun ၊ လက်ဘနွန်နိုင်ငံ ဝန်ကြီးချုပ် Nawaf Salam တို့နှင့်လည်း ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ ၎င်းအနေဖြင့် ဖုန်းဖြင့်ဆက်သွယ်ရာ၌ အစ္စရေးက ထိုနေ့တွင် လက်ဘနွန်နိုင်ငံအပေါ် ခွဲခြားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံးခဲ့ရာ အပစ်ရပ်မှု ဆက်တိုက်ဖြစ်မှုအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်စေသောကြောင့် အပစ်ရပ်မှုအတိုင်းအတာအတွင်း လက်ဘနွန် မဖြစ်မနေ ပါဝင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစ္စရေးက ဧပြီ ၈ ရက်တွင် လက်ဘနွန်နိုင်ငံ ဒေသအများအပြားသို့ အကြီးစားလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ လူ ၂၅၄ ဦးထက်မနည်းသေဆုံး၍ ၁,၁၆၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု လက်ဘနွန် အရပ်ဘက်ကာကွယ်ရေးဌာနက ဆိုကြောင်း လက်ဘနွန်အမျိုးသားသတင်းဌာန၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။
ထရမ့်သည် အီရန်အပေါ် သီတင်းပတ် နှစ်ပတ်ကြာ လေကြောင်းတိုက်ခိုက်မှု ယာယီရပ်နားကြောင်း ဧပြီ ၇ ရက်တွင် ကြေညာခဲ့သည်။ အစ္စရေးဘက်အနေဖြင့် ထရမ့်က အီရန်အပေါ် သီတင်းပတ်နှစ်ပတ် အပစ်ရပ်သည့် ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း၊ သို့သော် အပစ်ရပ်မှုတွင် လက်ဘနွန်မပါဝင်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဧပြီ ၈ ရက်တွင် ဆိုခဲ့သည်။ ထရမ့်ကလည်း ဧပြီ ၈ ရက်တွင် လက်ဘနွန်အား အမေရိကန်-အီရန်၏ ယာယီအပစ်ရပ်မှုအတိုင်းအတာအတွင်း ထည့်သွင်းထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
马克龙与伊美黎领导人通话 呼吁停火范围应包括黎巴嫩
新华社巴黎4月8日电(记者乔本孝)法国总统马克龙8日在社交媒体发文说,他当天分别与伊朗总统佩泽希齐扬、美国总统特朗普通电话,呼吁交战各方在包含黎巴嫩在内的所有冲突地区全面遵守停火条款。
马克龙强调,冲突方在所有地区停火,才能确保停火可信且持久。停火应为全面谈判开辟道路,进而保障中东所有人的安全。
马克龙在另一则帖文中说,他当天还同黎巴嫩总统约瑟夫·奥恩和黎总理纳瓦夫·萨拉姆通电话。他在通话中强烈谴责以色列当天对黎无差别空袭。他表示,空袭造成大量平民伤亡,直接威胁停火可持续性,停火范围必须包括黎巴嫩。
据黎巴嫩国家通讯社8日报道,黎巴嫩民防部门表示,以色列当天对黎巴嫩多地发动的大规模空袭已造成至少254人死亡、1165人受伤。
特朗普7日宣布暂停对伊朗的空袭,为期两周。以色列总理办公室8日称,以方支持特朗普对伊朗停火两周的决定,但停火不包括黎巴嫩。特朗普8日同样称黎巴嫩未被纳入美伊临时停火范围。(完)
图说:1月20日,法国总统马克龙在瑞士达沃斯举办的世界经济论坛2026年年会上讲话。新华社记者连漪摄
