Asia
အင်ဒိုနီးရှားနိုင်ငံ လုပ်ငန်းများ တိုးချဲ့တိုးတက်မှုအတွက် တရုတ်လုပ်ငန်းကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုများ အားဖြည့်ပေး
ဆူရာဘာရာ (အင်ဒိုနီးရှား)၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
တရုတ်လုပ်ငန်းကုမ္ပဏီ ရင်းနှီးမြှုပ်နှံသော အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး မယ်လမင်းစီမံကိန်းသည် အင်ဒိုနီးရှားနိုင်ငံ ကုန်ထုတ်လုပ်ငန်းများ ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးမှတ်ကျောက်တိုင်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးညှိနှိုင်းမှုဝန်ကြီး Airlangga Hartarto က ဧပြီ ၈ ရက်တွင် ပြောကြားခဲ့သည်။
Airlangga Hartarto က ထိုနေ့တွင်ကျင်းပသော စီမံကိန်းအုတ်မြစ်ချအခမ်းအနား၌ ဗီဒီယိုမိန့်ခွန်း ပြောကြားရာတွင် အဆိုပါစီမံကိန်းသည် အင်ဒိုနီးရှားတွင် ထုတ်လုပ်သော သဘာဝဓာတ်ငွေ့အား အမိုးနီးယားအရည်အဖြစ် ထုတ်လုပ်ကာ ထိုမှတစ်ဆင့် ကုန်ချောလုပ်ငန်းများအဖြစ် တိုးချဲ့လာမည်ဖြစ်ကြောင်း၊ ယင်းသည် စိုက်ပျိုးရေး၊ ဓာတုစက်မှုလုပ်ငန်းနှင့် အခြားသော မဟာဗျူဟာမြောက် ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း အင်တိုက်အားတိုက် ပံ့ပိုးပေးမည့်တစ်ချိန်တည်းတွင် တင်ပို့မှုအတွက်လည်း အခွင့်အလမ်းဖန်တီးပေး၍ ကမ္ဘာ့ဈေးကွက်တွင် အင်ဒိုနီးရှား၏ယှဉ်ပြိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းကို Sichuan Golden Elephant Sincerity Chemical ကုမ္ပဏီလီမိတက်၏ အင်ဒိုနီးရှားကုမ္ပဏီခွဲ PT GEABH Joint Technology မှ ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် Gresik အထူးစီးပွားရေးဇုန်၌ တည်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်း ၆၀၀ ခန့်ဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံ မယ်လမင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး လုပ်ငန်းကွင်းဆက်တစ်ခုလုံး ပြည့်စုံသည့် ဂေဟစနစ်ကို တည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်လူထုန်က အခမ်းအနား၌ အမှာစကားပြောကြားရာတွင် စွမ်းအင်ဓာတုစက်မှု ကုန်ထုတ်လုပ်ငန်းကွင်းဆက်သည် စွမ်းအင်အရင်းအမြစ်နှင့် စိုက်ပျိုးရေးထုတ်လုပ်မှုအား ချိတ်ဆက်ပေးသည့် အရေးကြီးအချက်အချာအနေဖြင့် မဟာဗျူဟာမြောက် အနက်အဓိပ္ပာယ်သည်လည်း တစ်နေ့တခြား သိသာထင်ရှားလာကြောင်း၊ အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်မှုသည် အင်ဒိုနီးရှား စွမ်းအင်ဓာတုစက်မှု ကုန်ထုတ်လုပ်ငန်းကွင်းဆက်၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းအား တစ်ဆင့်တိုး မြှင့်တင်ပေးပြီး ဓာတ်မြေဩဇာ စသည့် အဓိကထုတ်ကုန်များအား အမှီအခိုကင်းစွာကိုယ်တိုင်ပံ့ပိုးပေးနိုင်မှုစွမ်းရည်ကို တိုးမြှင့်ကာ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်၍ အင်ဒိုနီးရှား စက်မှုလုပ်ငန်းအသွင်ပြောင်းမှု လုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်သော အကျိုးထမ်းဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
中企投资助力印尼产业延伸发展
新华社印度尼西亚泗水4月8日电(记者曹凯 李嘉聪)印度尼西亚经济统筹部长艾尔朗加·哈尔塔托8日表示,中企投资的印尼首个三聚氰胺项目是印尼产业下游化发展的重要里程碑。
艾尔朗加当天在项目开工仪式视频致辞中表示,该项目将印尼生产的天然气加工成液氨,并进一步向下游产业延伸,将有力支持农业、化工及其他战略性制造业,同时也为出口创造机遇,提升印尼在全球市场的竞争力。
该项目由四川金象赛瑞化工股份有限公司印尼控股公司嘉埠联合科技有限公司投资,位于东爪哇省锦石经济特区,投资约6亿美元,将填补印尼三聚氰胺市场空白,构建全链条生态体系。
中国驻印尼大使王鲁彤在现场致辞中表示,能源化工产业链作为连接能源资源与农业生产的重要纽带,战略意义日益凸显。该项目的实施将进一步提升印尼能源化工产业链的发展水平,增强化肥等关键产品的自主供应能力,促进区域经济发展,为印尼工业化进程作出积极贡献。(完)
图说:4月8日,嘉埠联合科技有限公司投资的印尼首个三聚氰胺项目在东爪哇省锦石经济特区举行开工仪式。新华社记者 李嘉聪 摄
