Connect with us

Africa & Middle East

အပစ်အခတ်ရပ်စဲမှုများကြားမှ နိုးထလာသော တီဟီရန်

အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ တော်လှန်ရေးရင်ပြင်တွင် စုဝေးပွဲတက်ရောက်နေသော အမျိုးသားတစ်ဦးကို ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ဧပြီ ၈ ရက်သည် အီရန်နှင့် အမေရိကန် အပစ်အခတ်ရပ်စဲရန် သဘောတူသည့် ပထမနေ့ဖြစ်သည်။
ထိုနေ့နံနက်ပိုင်းတွင် သတင်းထောက်က ကားဖြင့် အီရန်နိုင်ငံ မြို့တော်တီဟီရန် မြို့တွင်းသို့ သွားရောက်ခဲ့ရာ ဘတ်စ်ကားများ ပုံမှန်ပြေးဆွဲနေမှု၊ လမ်းမထက်တွင် ယာဉ်နှင့် လမ်းသွားလမ်းလာ များပြားလာမှု၊ လမ်းမဘေးရှိဆိုင်ခန်းများ ပုံမှန်ဖွင့်လှစ်မှုတို့ကို တွေ့မြင်ခဲ့ရသည်။ ထိုအချိန်တွင် နှစ်ဖက်က အပစ်ရပ်ရန် သဘောတူညီပြီးသည်မှာ ၆ နာရီကြာသာ ရှိသေးသည်။

မြို့လယ်ရှိ ဘာသာရေးအဆောက်အဦတစ်နေရာတွင် ပြည်သူများက ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနား ကျင်းပ၍ လူအများက တည်ကြည်လေးနက်မှုများဖြင့် ကွယ်လွန်သွားပြီဖြစ်သော အီရန်အဆင့်မြင့်ခေါင်းဆောင် ခါမေနီအား အောက်မေ့ဂုဏ်ပြုနေကြသည်။
အီရန်နိုင်ငံသား Asadorian က လွန်ခဲ့သည့် ရက်ပေါင်း ၄၀ သည် အီရန်ပြည်သူများအတွက် အလွန်ခက်ခဲကြမ်းတမ်းခဲ့ကြောင်း၊ လူများစွာက ကြီးမားသောနာကျင်မှုကို ခံစားနေရပြီး ယင်းအတွက် အသက်ပေးဆပ်ခဲ့ရသူများလည်းရှိကြောင်း၊ သို့သော်လူအများသည် အစဉ်အမြဲ စိတ်ဓာတ်ကြံ့ခိုင်စွာထားရကြောင်း သတင်းထောက်ကို ပြောကြားခဲ့သည်။ Asadorian က ၎င်းအနေဖြင့် ငြိမ်းချမ်းရေးကို ရေရှည်ထိန်းထားနိုင်ပြီး တရားမမျှတမှုများ ပပျောက်သွားကာ အီရန်ပြည်သူများက မိသားစုဥယျာဉ် ပြန်လည်တည်ဆောက်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လူငယ်ဖြစ်သူ Bahamani က စစ်မီးနှင့် သေဆုံးမှုအန္တရာယ်များအား ရင်ဆိုင်ရချိန်တွင် ၎င်းအတွင်းစိတ်၌ ကြောက်လန့်မှုများရှိသော်လည်း ပုံမှန်အလုပ်သွားအလုပ်ပြန် ပြုလုပ်ရကြောင်း၊ “လက်ရှိအခြေအနေက မသဲကွဲသေးတော့ အမေရိကန်နဲ့ အစ္စရေးကို အပြည့်အဝယုံလို့မရသေးဘူး၊ ငြိမ်းချမ်းရေးကို အစစ်အမှန် ဖော်ဆောင်နိုင်ဖို့ပဲ မျှော်လင့်မိတယ်” ဟု ပြောကြားခဲ့သည်။

မြို့ခံတစ်ဦးဖြစ်သူအက်ဆန် ရေဇာဗန်ဒ်က “အမေရိကန်က ဘယ်တော့မှ ကတိမတည်ဘူး၊ စေ့စပ်ညှိနှိုင်းတဲ့အခါလည်း အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ယုံကြည်မှုကို ဖျက်ဆီးတယ်” ဟု ဆိုသည်။
နောက်ထပ်ဒေသခံ အာဇက်ရို့ဒ်ကလည်း စစ်ပွဲ အမြန်ဆုံး ပြီးဆုံးရန် မျှော်လင့်လျက်ရှိသည်။ အီရန်ပြည်သူများ၏ ခုခံဆန့်ကျင်သည့် စိတ်ဓာတ်ကို ကမ္ဘာတစ်ဝန်းထံ သက်သေပြုနိုင်ခဲ့ပြီး အမေရိကန်နှင့် အစ္စရေးသည် “အင်အားကြီးတဲ့ပုံစံပေါက်ရုံပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
နေ့လယ် ၁၂ နာရီခန့်တွင် တီဟီရန် တော်လှန်ရေးရင်ပြင်၌ ပြည်သူများက အီရန်နိုင်ငံအလံများနှင့် ကွယ်လွန်ပြီးသော ထိပ်တန်းခေါင်းဆောင် ပုံများကို ကိုင်ဆောင်ကာ စုဝေးပွဲတွင် ပါဝင်ခဲ့ကြသည်ကို သတင်းထောက်က တွေ့ရှိခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့ဘက်က ဦးစွာ ထိုးစစ်ဆင်ခဲ့ပြီး ပဋိပက္ခကို စတင်ခဲ့ကြောင်း၊ အီရန်ပြည်သူများသည် စစ်ပွဲနှင့် စတေးရန် မကြောက်ရွံ့ကြောင်း ဒေသခံ Shams က ပြောကြားသည်။

အမေရိကန်က အီရန်၏ တံတားနှင့် လမ်းများကို ပေါက်ကွဲဖျက်ဆီးမည်ဟု ကြားသိသည့်အခါ အီရန်ပြည်သူများသည် ဆန္ဒအလျောက် လူများဖွဲ့စည်း၍ ကာကွယ်ခဲ့ကြကြောင်း Shams က သတင်းထောက်အား ပြောကြားခဲ့သည်။
“ရန်သူက သဘောတူညီချက် အကြိမ်ကြိမ် ချိုးဖောက်ပြီး အသစ်တဖန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်။ ဂါဇာကမ်းမြောင်က အပြစ်မဲ့ပြည်သူတွေကို ကြည့်ပါ၊ ဗင်နီဇွဲလားကို ကြည့်ပါ၊ ဒါတွေ အားလုံးဟာ အမေရိကန်ရဲ့ အနိုင်ကျင့်မှု ရလဒ်တွေပါ။ ယခု ဒေါ်နယ် ထရမ့်က ကပ်ဘေးတွေကို အီရန်အပေါ် ထပ်ပြီး တင်ပေးနေတယ်” ဟု ၎င်းက ပြောကြားသည်။

အီရန် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သူ နာဂျက်စ်ရှမ်စ်က လွန်ခဲ့သည့်ဇွန်လက “၁၂ ရက်ကြာစစ်ပွဲ” ပြီးနောက် ရန်လိုမှုများသည် အလွယ်တကူ ပျောက်ကွယ်သွားမည်မဟုတ်သည်ကို ၎င်းတို့သိရှိခဲ့ကြောင်း၊ ယခုအခါ အပစ်အခတ်ရပ်စဲရေးရရှိထားသော်လည်း “အီရန်ပြည်သူတွေအနေနဲ့ အဆုံးထိရင်ဆိုင်သွားဖို့ အသင့်ပြင်ထားရမယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
现场直击|当德黑兰在停火中醒来
新华社德黑兰4月8日电 现场直击|当德黑兰在停火中醒来   新华社记者沙达提
8日是伊朗和美国同意停火的第一天。
当天上午,记者乘车来到首都德黑兰市区,看到公共汽车正常运行,街上车辆与行人增多,路边商铺照常营业。此时,距双方同意停火刚过去6个多小时。
在市中心的一处宗教场所,民众正举行悼念活动,缅怀已故伊朗最高领袖哈梅内伊,人们神情肃穆。
伊朗公民阿萨多里安告诉记者,过去的40天,对伊朗人民来说异常艰难,人们承受着巨大痛苦,有人为此献出生命。但人们始终保持坚韧。阿萨多里安说,他希望和平能够持久,不公终将消散,让伊朗人民重建家园。
青年巴赫曼尼说,面对战火和死亡的危险,他内心有恐惧,但仍照常上下班。“眼下局势仍不明朗,不能完全轻信美国和以色列,只希望能够真正实现和平。”
市民埃桑·雷扎万德认为,“美国从不信守承诺,谈判时常出尔反尔、背信弃义。”
当地人阿扎德·罗兹期盼战争早日彻底结束,伊朗人民的抵抗精神已向全世界证明,美国和以色列“只是看上去强大”。
12时许,记者在德黑兰革命广场看到,民众手持伊朗国旗和已故最高领袖画像参加集会。当地人沙姆斯说,美国及以色列率先发动攻击、挑起冲突,伊朗人民无惧战争与牺牲。
沙姆斯告诉记者,当听说美国要炸毁伊朗的桥梁与道路时,伊朗民众自发组成“人链”守护。“敌人屡屡撕毁协议、重新发动袭击。看看加沙地带的无辜民众,看看委内瑞拉,一切都是美国霸凌的结果。如今特朗普又将灾难加于伊朗。”
伊朗科技大学学生纳尔吉斯·沙姆斯说,经历去年6月“12日战争”后,我们就知道,很多敌意不会轻易消散。如今达成停火,但“伊朗人民必须准备战斗到最后”。(完)
图说:4月8日,一名男子在伊朗首都德黑兰革命广场参加集会。新华社记者 沙达提 摄