Asia
တာကာအိချိ အစိုးရ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်ဆီးခြင်းကို ကန့်ကွက်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် လူပေါင်း ၃၀,၀၀၀ စုဝေး
တိုကျို၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
ဂျပန်ပြည်သူလူထု အမြောက်အမြားသည် ဧပြီ ၈ ရက် ညပိုင်းတွင် တိုကျိုမြို့ရှိ အမျိုးသားလွှတ်တော်ရုံးရှေ့တွင် စုဝေးကာ ဆာနာအဲ တာကာအိချိအစိုးရ၏ တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်မှု၊ သေစေနိုင်သော လက်နက်များ တင်ပို့မှု တားမြစ်ချက်များကို ရုပ်သိမ်းရန် ကြိုးပမ်းမှု စသည့် ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်ဆီးသည့် လုပ်ရပ်များကို ကန့်ကွက်ခဲ့ကြသည်။
စုဝေးပွဲတွင် ဆန္ဒပြသူများက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉ ကို ကာကွယ်ပါ”၊ “စစ်ပွဲအလိုမရှိ” ၊ “တာကာအိချိ အစိုးရ ချက်ချင်းနုတ်ထွက်ပါ” စသည့် စာသားများရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ထားပြီး “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ကန့်ကွက်ပါတယ်” နှင့် “စစ်ဖြစ်ခြင်းကို ဆန့်ကျင်ပါတယ်” စသည့် ဆောင်ပုဒ်များ ကြွေးကြော်ကာ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ရန် တောင်းဆိုခဲ့ကြသည်။ (Xinhua)





……………………….
(Chinese Version)
日本东京3万人集会抗议高市政府破坏和平宪法
新华社照片,东京,2026年4月8日
4月8日晚,大批日本民众在位于东京的国会议事堂前集会,抗议高市早苗政府部署远程导弹、企图解禁杀伤性武器出口等破坏和平宪法的动向。
在集会现场,抗议者手持写有“守护宪法第九条”“不要战争”“高市政权即刻下台”等字样的标语,高喊“反对修宪”“反对战争”等口号,呼吁维护和平宪法。
新华社记者 贾浩成 摄
