Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ရီးရဲလ်မက်ဒရစ်က ပါချူကာအား အနိုင်ယူကာ FIFA Intercontinental ဖလား ဆွတ်ခူး
ဒီဇင်ဘာ ၁၈ ရက်က ယှဥ်ပြိုင်ကစားခဲ့သည့် ၂၀၂၄ ခုနှစ် FIFA Intercontinental ဖလားပြိုင်ပွဲတွင် စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းက မက္ကဆီကိုကလပ် ပါချူကာအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့သည်။ ရီးရဲလ်အသင်းအတွက် အနိုင်ဂိုးများကို ဗင်နီစီယက်စ် ဂျူနီယာနှင့် ကီလီယန် အမ်ဘာပေတို့က သွင်းယူပေးခဲ့သည်။
ပွဲချိန် ၃၇ မိနစ်တွင် ဗင်နီစီယက်စ် ဂျူနီယာက ပါချူကာအသင်း ဂိုးသမားအား လိမ်ခေါက်ကျော်ဖြတ်၍ အမ်ဘာပေ၏ အဖွင့်ဂိုးအတွက် ဖန်တီးပေးခဲ့သည်။ ထို့နောက် ရိုဒရီဂိုက ပွဲချိန် ၅၃ မိနစ်တွင် ဂိုးဧရိယာအစပ်နားမှ ကန်သွင်းယူ၍ ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သလို ပွဲချိန်နှောင်းပိုင်းတွင် လူးကပ်စ် ဗက်ဇ်ကေးကြောင့် ရရှိသော ပင်နယ်တီအား ဗင်နီစီယက်စ်က အပိုင်ကန်သွင်း၍ တတိယအနိုင်ဂိုးကို သွင်းယူခဲ့သည်။
ရီးရဲလ်အသင်းအတွက် ဆုဖလား ၁၅ လုံးအထိ ရယူပေးခဲ့သည့် နည်းပြ ကာလိုအန်ဆလော့တီမှာ ဆုဖလား ၁၄ လုံး ရယူပေးခဲ့သည့် ရီးရဲလ်နည်းပြဟောင်း မီဂွယ်မူနော့ဇ်အား ကျော်ဖြတ်၍ အသင်း၏ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြ ဖြစ်လာခဲ့သည်။
…..
— ကော်ရင်သီယန်စ်အသင်းတွင် မိမိအိမ်ကဲ့သို့ ခံစားမိဟု ဒီပိုင်း ပြောကြား
ဘရာဇီးကလပ် ကော်ရင်သီယန်စ်အသင်းနှင့်အတူ အဖွင့်လှပခဲ့သည့် နယ်သာလန် တိုက်စစ်မှူး မမ်းဖစ်စ် ဒီပိုင်းက ဘရာဇီး ဘောလုံးလောကအား ချီးကျူးပြောဆိုခဲ့သည်။ အသက် ၃၀ အရွယ် မန်ချက်စတာယူနိုက်တက်နှင့် ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဒီပိုင်းသည် ယခုနှစ် စက်တင်ဘာလ၌ ဆော်ပေါ်လိုအခြေစိုက် ကော်ရင်သီယန်စ်အသင်းထံ ပြောင်းရွှေ့လာပြီးနောက် ၁၄ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူထားသည်။
“ကော်ရင်သီယန်စ်အသင်းက ဘရာဇီးမှာ သိပ်ကောင်းတဲ့ အသင်းတစ်သင်းပါ။ အကြီးကျယ်ဆုံးအသင်းပေါ့ဗျာ။ အခုထိ ကျွန်တော်တို့ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ပြီး ကျွန်တော့်အိမ်မှာ နေရသလိုပဲ ခံစားမိပါတယ်” ဟု ဒီပိုင်းက ဆိုသည်။
…..
— ဆားဘီးယားလူငယ်များက ဟဲပေပြည်နယ်၏ ဆောင်းရာသီအားကစားနည်းများကို လာရောက်လေ့လာ
HBIS Group Serbia ကုမ္ပဏီမှ ဝန်ထမ်းများ၏ သားသမီးများ၊ ဘဲလ်ဂရိတ်တက္ကသိုလ်၊ နိုဗီဆက်ဒ်တက္ကသိုလ်၊ Nis တက္ကသိုလ်တို့မှ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ပါဝင်သော ဆားဘီးယားလူငယ် လေ့လာရေးအဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံ၏ ဆောင်းရာသီအားကစားလုပ်ငန်းအား သုတေသနပြု လေ့လာကာ ဆောင်းရာသီအိုလံပစ် ယဥ်ကျေးမှုအား ကိုယ်တိုင်ကြုံတွေ့ခံစားရန်အတွက် တရုတ်နိုင်ငံ ဟဲပေပြည်နယ် ချုံလီခရိုင်သို့ ဒီဇင်ဘာ ၁၇ ရက်၌ ရောက်ရှိလာခဲ့သည်။ (Xinhua)

 


…………………………………..

(English Version)
Real Madrid wins over Pachuca to lift FIFA Intercontinental Cup
Vinicius Jr. and Kylian Mbappe both scored for Real Madrid as the Spanish club cruised through Pachuca from Mexico 3-0 to lift the 2024 FIFA Intercontinental Cup trophy here on Wednesday.
In the 37th minute, Vinicius Jr. dribbled over Pachuca’s goalkeeper and assisted Mbappe to score an open goal. Rodrygo fired from the edge of the box to double the lead for Real Madrid in the 53rd minute before Vinicius Jr. sealed the 3-0 victory with a late penalty created by Lucas Vazquez.
Winning 15 titles with Real Madrid, Carlo Ancelotti became the most decorated coach in the club’s history, surpassing Miguel Munoz, who had won 14 trophies.
…..
Depay: I feel at home at Corinthians
Dutch striker Memphis Depay has praised Brazilian football after a successful start to his spell with Corinthians. The 30-year-old former Manchester United and Barcelona forward has scored seven times in 14 matches for the Sao Paulo club, whom he joined on a free transfer in September.
“Corinthians are a great team in Brazil, the biggest,” he said. “So far, we’ve been doing very well, and I feel like I’m at home.”
…..
Serbian youths experience winter sports in Hebei
A study group of Serbian youths, comprising children of employees of HBIS Group Serbia and teachers and students of the University of Belgrade, University of Novi Sad and University of Nis, came Tuesday to Chongli District, Hebei Province, to conduct research on China’s winter sports industry and experience the culture of the Winter Olympics.