Connect with us

Asia

စင်ကာပူနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည်အရေအတွက် ၈ သန်းကျော်ရှိ

စင်ကာပူနိုင်ငံ မာရီနာဘေးသို့ လာရောက်လည်ပတ်သူများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည် အရေအတွက်သည် ယခုနှစ်ပထမနှစ်ဝက်တွင် ၈ ဒသမ ၂၄ သန်းရှိကြောင်း စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (STB) မှ ထုတ်ပြန်သော နောက်ဆုံးစာရင်းဇယားများအရ သိရသည်။
တရုတ်နိုင်ငံသည် ဇန်နဝါရီလမှ ဇွန်လအထိ စင်ကာပူနိုင်ငံ၏ အကြီးမားဆုံးခရီးသွားရင်းမြစ်ဖြစ်ပြီး တရုတ်နိုင်ငံမှ လာရောက်သည့် ခရီးသွား အရေအတွက် ၁ ဒသမ ၄၅ သန်းရှိကြောင်း သိရသည်။

အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှားနှင့် ဩစတြေးလျနိုင်ငံတို့မှ ခရီးသွားများလည်း အသီးသီးလာရောက်ခဲ့ကြောင်း သိရသည်။ စင်ကာပူနိုင်ငံသို့ လာရောက်လည်ပတ်သူအရေအတွက်သည် ဇွန်လအတွင်း ၁ ဒသမ ၂၅ သန်းရှိပြီး ယမန်နှစ်ကထက် ၁၀ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ယခုနှစ်အတွင်း နိုင်ငံခြားသားခရီးသည်ဝင်ရောက်မှု ၁၅ သန်းမှ ၁၆ သန်းအထိရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Singapore receives over 8 mln visitors in H1
SINGAPORE, July 10 (Xinhua) — Singapore recorded 8.24 million visitor arrivals in the first half of this year, according to the latest statistics released by the Singapore Tourism Board (STB).
The Chinese mainland was Singapore’s largest visitor source from January to June, with 1.45 million travelers, followed by Indonesia, India, Malaysia, and Australia.
The city-state received 1.25 million visitors in June, up 10.7 percent year-on-year.
The STB estimated international visitor arrivals to reach 15 million to 16 million this year. ■
Chinese tourists visit the Marina Bay in Singapore on Feb. 7, 2023. (Photo by Then Chih Wey/Xinhua)