Africa & Middle East
ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို အီဂျစ်နိုင်ငံ ရှမ်အယ်လ်-ရှိတ်ခ်မြို့၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုး

ရှမ်အယ်လ်-ရှိတ်ခ်၊ အီဂျစ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသစစ်ပွဲ အဆုံးသတ်ရေး ထိပ်သီးအစည်းအဝေးကို အီဂျစ်နိုင်ငံ ရှမ်အယ်လ်-ရှိတ်ခ်မြို့၌ အောက်တိုဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပြီး အစ္စရေးနှင့် ဟားမက်စ်တို့အကြား မကြာသေးမီက ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထိုထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များပါ တက်ရောက်လာခဲ့ကြသည့် ယင်းထိပ်သီးအစည်းအဝေးကို အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖာတာ အယ်လ်-စီစီနှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့က ပူးတွဲသဘာပတိများအဖြစ်တာဝန်ယူကျင်းပကြခြင်းဖြစ်သည်။
အဆိုပါထိပ်သီးအစည်းအဝေး၌ ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲများ အဆုံးသတ်ရေး၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ဖော်ဆောင်ရန် ကြိုးပမ်းမှုများ တိုးမြှင့်ရေးနှင့် ဒေသတွင်း လုံခြုံမှုနှင့် တည်ငြိမ်မှု အဆင့်သစ်တစ်ခုဆီသို့ ဖွင့်လှစ်ပေးရေး ဆွေးနွေးမည်ဖြစ်ကြောင်း အီဂျစ်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။
အီဂျစ်၊ ကာတာ၊ တူကီယဲနှင့် အမေရိကန်တို့မှ ကြားဝင်စေ့စပ်ပေးမှုဖြင့် အစ္စရေးနှင့် ဟားမက်စ်တို့ကြား အကြိတ်အနယ် ဆွေးနွေးမှုများကို ရှမ်အယ်လ်-ရှိတ်ခ်မြို့၌ သုံးရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ အောက်တိုဘာ ၁၀ ရက်၌ စတင်အသက်ဝင်လာခဲ့သည်။
အပစ်အခတ်ရပ်စဲရေးအစီအစဥ်၏ ပထမအဆင့်၌ ဂါဇာစီးတီး၊ ရာဖာ၊ ခန်ယွန်းနစ်နှင့် ဂါဇာမြောက်ပိုင်းတို့မှ အစ္စရေးတပ်များ ရုပ်သိမ်းရေး၊ အကူအညီများ ဝင်ရောက်နိုင်ရန်နယ်စပ်ဖြတ်သန်းဂိတ်ငါးခုကို ဖွင့်လှစ်ပေးရေးနှင့် ဓားစာခံနှင့် အကျဉ်းသားများကို ပြန်လွှတ်ပေးရေးတို့ ပါဝင်သည်။
ဟားမက်စ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်စဉ် ဖမ်းဆီးရမိခဲ့သည့် အသက်ရှင်ကျန်ရစ်သော ဓားစာခံ ၂၀ စလုံးကို လွှဲပြောင်းပေးခဲ့ကြောင်း အစောပိုင်း၌ ကြေညာခဲ့သည်။
ထိုစဉ် အစ္စရေးအာဏာပိုင်များက အဆိုပါအကျဥ်းသားများပြန်လွှတ်ပေးရေး သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် ပါလက်စတိုင်း အကျဉ်းသား ၂,၀၀၀ နီးပါးကို စတင်လွှတ်ပေးခဲ့သည်။
အစ္စရေးက နှစ်နှစ်ကျော်ကြာ စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဂါဇာဒေသမှာ အကြီးအကျယ် ပျက်စီးခဲ့ကာ လူပေါင်း ၆၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး အငတ်ဘေးကျရောက်ခဲ့ကြောင်း ဂါဇာဒေသ ကျန်းမာရေးအာဏာပိုင်များနှင့် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု စားနပ်ရိက္ခာရေးရာ ကျွမ်းကျင်သူများ၏ ပြောကြားချက်များအရ သိရသည်။ (Xinhua)

အီဂျစ်နိုင်ငံ ရှမ်အယ်လ်-ရှိတ်ခ်မြို့၌ ပြုလုပ်သည့် ဂါဇာကမ်းမြောင်ဒေသစစ်ပွဲ အဆုံးသတ်ရေး ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားနေသည့် အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖာတာ အယ်လ်-စီစီ (အလယ်) ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Egyptian Presidency/Handout via Xinhua)

အီဂျစ်နိုင်ငံ ရှမ်အယ်လ်-ရှိတ်ခ်မြို့၌ ပြုလုပ်သည့် ဂါဇာကမ်းမြောင်ဒေသစစ်ပွဲ အဆုံးသတ်ရေး ထိပ်သီးအစည်းအဝေးမတိုင်မီ အုပ်စုလိုက်မှတ်တမ်းဓာတ်ပုံ ရိုက်ကူးနေကြသည့် ခေါင်းဆောင်များနှင့် တာဝန်ရှိသူများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Egyptian Presidency /Handout via Xinhua)
…………………
(English Version)
Gaza ceasefire deal signed at summit in Egypt’s Sharm el-Sheikh
SHARM EL-SHEIKH, Egypt, Oct. 13 (Xinhua) — A summit on ending the Gaza war kicked off here Monday, which witnessed the signing of the recently-reached ceasefire deal between Israel and Hamas.
Gathering leaders from more than 20 countries as well as regional and international organizations, the summit is co-chaired by Egyptian President Abdel Fattah al-Sisi and his U.S. counterpart, Donald Trump.
The summit will discuss ending the war in the Gaza Strip, enhancing efforts to bring peace and stability to the Middle East, and ushering in a new phase of regional security and stability, according to the Egyptian presidency.
The ceasefire deal between Israel and Hamas entered into effect on Friday, following three days of intensive negotiations in Sharm el-Sheikh between the two sides mediated by Egypt, Qatar, Türkiye and the United States.
The first phase of the plan includes Israeli troop withdrawals from Gaza City, Rafah, Khan Younis, and the north, and the opening of five crossings for aid, and the exchange of hostages and prisoners.
Hamas announced earlier in the day that it had handed over all 20 of the remaining live hostages, who were captured during the attack on southern Israel on Oct. 7, 2023.
Meanwhile, Israeli authorities have begun releasing nearly 2,000 Palestinian prisoners as part of the exchange deal.
More than two years of Israeli military operations have devastated Gaza, killing over 67,000 people and triggering famine, according to Gaza’s health authorities and UN-backed food experts. ■
English Caption 1, 2
Egyptian President Abdel Fattah al-Sisi (C) addresses the summit on ending the Gaza war in Sharm el-Sheikh, Egypt, Oct. 13, 2025. (Egyptian Presidency/Handout via Xinhua)
English Caption 3
Leaders and officials pose for a group photo before the summit in Sharm el-Sheikh, Egypt, Oct. 13, 2025. (Egyptian Presidency/Handout via Xinhua)