Connect with us

North America

ဗင်နီဇွဲလားတွင် လျှို့ဝှက်စစ်ဆင်ရေး လုပ်ဆောင်ရန် စီအိုင်အေအား ခွင့်ပြုထားဟု ထရမ့် ပြော

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ သတင်းထောက်များအား ရှင်းလင်းပြောကြားနေသည့် အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရမ့်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် ဗင်နီဇွဲလားနိုင်ငံတွင် လျှို့ဝှက်စစ်ဆင်ရေးများ လုပ်ဆောင်ရန် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ) အား ခွင့်ပြုထားသည်ဟု အောက်တိုဘာ ၁၅ ရက်က ပြောကြားခဲ့ရာ ယင်းအား ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ်စ် မာဒူရိုက ပြစ်တင်ရှုတ်ချခဲ့သည်။
ဗင်နီဇွဲလားအစိုးရအနေဖြင့် အကျဉ်းသားများနှင့် စိတ်ဝေဒနာရှင်များကို လွှတ်ပေးကာ အမေရိကန်နိုင်ငံထဲသို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်စေသလို မူးယစ်ဆေးဝါး ပမာဏအများအပြားကိုလည်း မှောင်ခိုကူးနေသည်ဟု အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ၌ ထရမ့်က စွပ်စွဲခဲ့သည်။
“သူတို့ဟာ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေကို အမေရိကန်နိုင်ငံဘက်ကို ရှင်းထုတ်နေပြီး ထောင်ပေါင်းများစွာရှိတဲ့ အကျဉ်းသားတွေနဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွေ၊ စိတ်ကျန်းမာရေး ဆေးရုံတွေက လူနာတွေကို လွှတ်ပေးနေတယ်” ထရမ့်က အထောက်အထားပြသခြင်းမရှိဘဲ စွပ်စွဲပြောဆိုခဲ့သည်။
၎င်းအနေဖြင့် မာဒူရိုကို လုပ်ကြံရန် စီအိုင်အေအား ခွင့်ပြုထားခြင်းရှိမရှိ မေးမြန်းရာတွင် ထရမ့်က ထိုမေးခွန်းအား ဖြေကြားခြင်းမပြုဘဲ “ဗင်နီဇွဲလားဟာ အကြီးအကျယ် အကျပ်ရိုက်နေပြီလို့ ကျွန်တော်ထင်တယ်” ဟုသာ ပြောကြားခဲ့သည်။
အမေရိကန် အစိုးရအနေဖြင့် ဗင်နီဇွဲလားအား မြေပြင်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စဉ်းစားနေသည်ဟု ထရမ့်က ဆက်လက်ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ပင်လယ်ရေလမ်းကြောင်းကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပြီမို့ မြေပြင်နည်းလမ်းကို အသေအချာ စဉ်းစားနေပါတယ်” ဟု ၎င်းက ဆိုသည်။
ထရမ့်က အထက်ပါအတိုင်း ပြောကြားခဲ့ပြီး မရှေးမနှောင်းမှာပင် မာဒူရိုက ယင်းသည် စီအိုင်အေက ကြိုးကိုင်စီစဉ်သည့် အာဏာသိမ်းမှုဖြစ်သည်ဟု ရှုတ်ချခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
လတ်တလော ခွင့်ပြုချက်အရ စီအိုင်အေအနေဖြင့် ဗင်နီဇွဲလားနိုင်ငံနှင့် ကာရေဘီယံဒေသတွင် တိုက်ခိုက်ရေးမစ်ရှင်များ လုပ်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ ယင်းဒေသ၌ အမေရိကန်၏ ပိုမိုကျယ်ပြန့်သော စစ်ဆင်ရေးများတွင်လည်း ပူးပေါင်းပါဝင်နိုင်မည်ဖြစ်ကြောင်း နယူးယောက်တိုင်းမ် (NYT) သတင်းစာက ဖော်ပြခဲ့သည်။
ထရမ့်အစိုးရ၏ တာဝန်ရှိသူများက နောက်ဆုံးအဆင့် ရည်ရွယ်ချက်မှာ မာဒူရိုကို ရာထူးမှဖယ်ရှားရေးပင်ဖြစ်ကြောင်း လျှို့ဝှက်စွာ ရှင်းရှင်းလင်းလင်းပြောဆိုထားကြောင်း၊ လက်ရှိတွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့်၊ စစ်သင်္ဘော ရှစ်စင်းနှင့် ရေငုပ်သင်္ဘော တစ်စင်းတို့အား ကာရေဘီယံဒေသ၌ တပ်ဖြန့်ထားကာ အများစုမှာ ပွာတိုရီကိုကျွန်းတွင် အခြေစိုက်ကြောင်း နယူးယောက်တိုင်းမ်က ဆိုသည်။
အမေရိကန်အနေဖြင့် စက်တင်ဘာလမှစ၍ ဗင်နီဇွဲလားနိုင်ငံအနီး နိုင်ငံတကာ ရေပိုင်နက်ထဲတွင် မူးယစ်မှောင်ခိုကူးနေသည်ဟုဆိုသော ရေယာဉ်ငယ်ငါးစင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး အဆိုပါ ရေယာဉ်ငယ်များပေါ်တွင် လိုက်ပါလာသူ ၂၇ ဦးကိုလည်း သုတ်သင်နိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။
အမေရိကန်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော မူးယစ်ဂိုဏ်းများနှင့် ဖြစ်ပွားသည့် နိုင်ငံတကာအဆင့်မဟုတ်သော လက်နက်ကိုင်ပဋိပက္ခတစ်ခု၌ ပါဝင်နေကြောင်း အိမ်ဖြူတော်က ယခုလအစောပိုင်းတွင် ကွန်ဂရက်လွှတ်တော်ထံ အကြောင်းကြားခဲ့ကာ မည်သည့်အဖွဲ့အစည်းများ ဖြစ်သည်ကိုမူ ထုတ်ဖော်ကြေညာခဲ့ခြင်းမရှိပေ။
ကိုကင်းပမာဏအချို့အား သယ်ဆောင်ရာတွင် ဗင်နီဇွဲလားကိုဖြတ်၍ တောင်အမေရိကမှ ထွက်ခွာလာခြင်း ဖြစ်သော်လည်း ဗင်နီဇွဲလားနိုင်ငံမှာ အမေရိကန်သို့ ဦးတည်သော မူးယစ်ဆေးများ၏ အဓိကရင်းမြစ်မဟုတ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါးထိန်းချုပ်မှု ကြီးကြပ်ရေးဌာနက ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ အမေရိကန်၏ လုပ်ရပ်များမှာ အစိုးရအပြောင်းအလဲဖြစ်စေရန် ကြိုးပမ်းမှုနှင့် လက်တင်အမေရိကတွင် စစ်ရေးအရ ချဲ့ထွင်မှုဖြစ်သည်ဟု မာဒူရိုက အကြိမ်ကြိမ် ရှုတ်ချပြောဆိုထားသည်။
သမိုင်းကြောင်းအရ စီအိုင်အေမှာ လက်တင်အမေရိကဒေသတစ်လွှား အာဏာသိမ်းမှုနှင့် လျှို့ဝှက်စစ်ဆင်ရေး အများအပြားတွင် ပါဝင်ခဲ့သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Trump says he has authorized CIA to conduct covert operations in Venezuela
WASHINGTON, Oct. 15 (Xinhua) — U.S. President Donald Trump said Wednesday he has authorized the U.S. Central Intelligence Agency (CIA) to conduct covert operations in Venezuela, a move that was decried by Venezuelan President Nicolas Maduro.
Speaking to reporters at the White House, Trump accused Caracas of releasing prisoners and mental patients to illegally cross into the United States and of smuggling large volumes of narcotics.
“They have emptied their prisons into the United States of America” and “allowed thousands and thousands of prisoners” and “people from mental institutions, insane asylums,” Trump accused, without offering evidence.
Asked whether he had authorized the CIA to kill Maduro, Trump refused to answer, saying, “I think Venezuela is feeling heat.”
Trump added that his administration is considering strikes against Venezuela on land. “We are certainly looking at land now because we’ve got the sea very well under control,” he said.
Shortly after Trump’s comments, Maduro decried what he called “coups d’etat orchestrated by the CIA,” according to media reports.
According to The New York Times (NYT), the new authorization allows the CIA to conduct lethal missions in Venezuela and the Caribbean, as well as to coordinate with broader U.S. military operations in the region.
Officials with the Trump administration “have been clear, privately, that the end goal is to drive Mr. Maduro from power,” reported the NYT, adding that roughly 10,000 U.S. troops, eight warships, and one submarine are currently deployed in the Caribbean, mostly based in Puerto Rico.
Since September, the White House has announced five U.S. strikes that destroyed five alleged drug-trafficking boats in the international waters near Venezuela, killing 27 people aboard in total.
Earlier this month, the White House informed Congress that the U.S. is engaged in a “non-international armed conflict” with drug cartels designated as terrorist groups, without naming them.
While some cocaine leaves South America through Venezuela, the country is not a main source of U.S.-bound drugs, according to a 2020 report from the U.S. Drug Enforcement Administration. Maduro has repeatedly condemned Washington’s actions as an attempt at regime change and military expansion in Latin America.
Historically, the CIA has been notoriously involved in numerous coups and covert operations across Latin America.
English Caption
U.S. President Donald Trump speaks to reporters at the White House in Washington, D.C., the United States, Sept. 30, 2025. (Xinhua/Hu Yousong)