Connect with us

Asia

တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနား ဘာရိန်းနိုင်ငံတွင် ကျင်းပ

ဘာရိန်းနိုင်ငံ Sakhir ရှိ Exhibition World Bahrain ၌ ကျင်းပသော တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားတွင် အနုပညာရှင်များ ဖျော်ဖြေနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Bahrain Asian Youth Games Organizing Committee/Handout via Xinhua)

မနန်မာ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားကို ဘာရိန်းနိုင်ငံ၌ အောက်တိုဘာ ၂၂ ရက် ညပိုင်းတွင် ကျင်းပခဲ့ရာ အာရှနိုင်ငံနှင့် ဒေသ ၄၅ ခုမှ လူငယ်အားကစားသမား ၄,၀၀၀ ကျော် စုစည်းကာ ဤ လူငယ်နှင့် အိပ်မက်တို့၏ အားကစားပွဲကြီးသို့ လှမ်းချီခဲ့ကြသည်။

ယခုအကြိမ် အာရှလူငယ်အားကစားပွဲ၏ပမာဏမှာ စံချိန်သစ်တင်ရာ ပြိုင်ပွဲအစီအစဉ်ကြီး ၂၆ ခု၊ အစီအစဉ်ငယ် ၂၃၂ ခု ထားရှိသလို အားကစားသမား စုစုပေါင်း ၄,၀၇၄ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းတို့အနက် အမျိုးသား အားကစားသမား ၂,၄၂၅ ဦး၊ အမျိုးသမီး အားကစားသမား ၁,၆၉၄ ဦး ပါဝင်သည်။

ဖွင့်ပွဲအခမ်းအနားကို ဘာရိန်းနိုင်ငံ Sakhir ဒေသ Exhibition World Bahrainတွင် ကျင်းပခဲ့သည်။ ဘာရိန်းဘုရင်ကိုယ်စားလှယ်၊ ဘာရိန်း အားကစားရေးရာ အထွေထွေအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ Shaikh Nasser Bin Hamad Al Khalifa က ယခုအကြိမ် အာရှလူငယ်အားကစားပွဲ တရားဝင်စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

ဘာရိန်း လူငယ်နှင့် အားကစားရေးရာ အဆင့်မြင့်ကောင်စီ ပထမ ဒုတိယဥက္ကဋ္ဌ Shaikh Khalid bin Hamad Al Khalifa က အမှာစကားပြောကြားရာတွင် အားကစားသည် ဆက်သွယ်ရေးပေါင်းကူးတံတားဖြစ်သလို အာရှလူငယ်မျိုးဆက်များ၏ အိပ်မက် စဉ်ဆက်မပြတ် ဖော်ဆောင်ရန် နှိုးဆော်ပေးသည့် အင်အားလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အာရှလူငယ်အားကစားပွဲဟာ အားကစားပွဲကြီးတစ်ခု ဖြစ်ရုံသာမက အနာဂတ် အိုလံပစ်အားကစားချန်ပီယံများ ဖော်ထုတ်ရာ အရေးကြီးတဲ့ပလက်ဖောင်း ပိုပြီးဖြစ်တယ်” ၊ “ဒီအကြိမ် ပြိုင်ပွဲတွေက အာရှအားကစား ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းမှာ အလှည့်အပြောင်းဖြစ်လာရုံသာမက အချိန်တိုအတွင်း ဘာရိန်းရဲ့ ကြီးမားတဲ့ နိုင်ငံတကာပွဲစဉ်တွေကို တာဝန်ယူကျင်းပနိုင်စွမ်းကိုလည်း ဖော်ပြလိုက်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ် ”ဟု Shaikh Khalid bin Hamad Al Khalifa က ဆိုသည်။ အာရှအိုလံပစ်ကောင်စီ၏ ယုံကြည်မှုအပေါ် ကျေးဇူးတင်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အာရှအိုလံပစ်ကောင်စီ ပထမ ဒုတိယ ဥက္ကဋ္ဌ ဟော့ကျန့်ထိန်က အမှာစကားပြောကြားရာတွင် ဘာရိန်းနိုင်ငံ၏ ပွဲစီစဉ်ကျင်းပမှုလုပ်ငန်းများအပေါ် အထူးတန်ဖိုးထားချီးကျူးပြောကြားခဲ့သလို ၈ လသာကြာမြင့်သော အချိန်တိုအတွင်းတွင် ပြိုင်ပွဲများအား “ပြန်လည်ရှင်သန်အားကောင်းစေ” သည့်အပေါ် ဘာရိန်းနိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

“ဒါက ပမာဏာအကြီးဆုံး အာရှလူငယ်အားကစားပွဲဖြစ်ပြီး အာရှတိုက်ရဲ့ သွေးစည်ညီညွတ်မှုနှင့် သွက်လက်မှုစွမ်းအားရဲ့ ပြယုဂ်ဖြစ်တယ်” ၊ “အသက် ၁၄ နှစ်ကနေ ၁၇ နှစ် အရွယ်ဟာ အံ့ဖွယ်ဖြစ်စေတဲ့ စမှတ်ဖြစ်တယ်၊ အနာဂတ် အာရှတိုက်သာမက အိုလံပစ် ချန်ပီယံများစွာရဲ့ ခရီးစဉ်က ၂၀၂၅ ခုနှစ် ဘာရိန်းက စတင်လိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဟော့ကျန့်ထိန်က ပရိသတ်များ၊ စေတနာ့ဝန်ထမ်းများ၊ မီဒီယာများနှင့် ကမကထလုပ်ပေးသူများအား ကျေးဇူးတင်ရှိကြောင်း အထူးတလည်ပြောကြားခဲ့ပြီး ၎င်းတို့၏ ထောက်ခံအားပေးမှုသည် ပြိုင်ပွဲအောင်မြင်ရေး၏ အဓိကအာမခံချက် ဖြစ်ကြောင်း ဆိုသည်။

ယခုအကြိမ် အာရှလူငယ်အားကစားပွဲကို တရုတ်ကိုယ်စားလှယ်အဖွဲ့က လူပေါင်း ၄၃၅ ဦး စေလွှတ်၍ ပါဝင်ယှဉ်ပြိုင်စေခဲ့ရာ ၎င်းတို့အနက် အမျိုးသမီး အားကစားသမား ၁၄၈ ဦးနှင့် အမျိုးသား အားကစားသမား ၁၄၅ ဦး ပါဝင်သော အားကစားသမား ၂၉၃ ဦးသည် ပြိုင်ပွဲအစီအစဉ်ကြီး ၂၀ ခုနှင့် အစီအစဉ်ငယ် ၁၉၁ ခုတွင် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့၏ အလံကိုင်အဖြစ် တိုက်ကွမ်ဒို အားကစားသမား ဝမ်ဝန်ကျွင့်နှင့် လက်ပစ်ဘောအားကစားသမား ကျုရီးဖန်တို့က တာဝန်ထမ်းဆောင်ခဲ့သည်။ (Xinhua)

ဘာရိန်းနိုင်ငံ Sakhir ရှိ Exhibition World Bahrain ၌ ကျင်းပသော တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားတွင် အနုပညာရှင်များ ဖျော်ဖြေနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Bahrain Asian Youth Games Organizing Committee/Handout via Xinhua)

ဘာရိန်းနိုင်ငံ Sakhir ရှိ Exhibition World Bahrain ၌ ကျင်းပသော တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားတွင် အနုပညာရှင်များ ဖျော်ဖြေနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Bahrain Asian Youth Games Organizing Committee/Handout via Xinhua)

တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားကို Exhibition World Bahrain ၌ ကျင်းပရာ မီးရှူးတိုင်ကိုင်ဆောင်သူများက မီးရှူးတိုင် လက်ဆင့်ကမ်းနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Bahrain Asian Youth Games Organizing Committee/Handout via Xinhua)

တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားကို Exhibition World Bahrain ၌ ကျင်းပရာ တရုတ်ကိုယ်စားလှယ်အဖွဲ့ ဝင်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Bahrain Asian Youth Games Organizing Committee/Handout via Xinhua)

——————-
(Chinese Version)
第三届亚洲青年运动会在巴林开幕
新华社巴林麦纳麦10月22日电(记者王海洲)第三届亚洲青年运动会22日晚在巴林王国开幕,来自45个亚洲国家和地区的4000余名青年运动员齐聚一堂,共赴这场青春与梦想的体育盛会。
本届亚青会整体规模创历届新高,共设26个大项、232个小项,共有4074名运动员参赛,其中男运动员2425人、女运动员1649人。
开幕式在巴林萨基尔地区的巴林国际会展中心举行。巴林国王代表、巴林体育总局主席纳赛尔·本·哈马德·阿勒哈利法宣布本届亚青会正式开幕。
巴林青年与体育高级委员会第一副主席哈立德·本·哈马德·阿勒哈利法在致辞中表示,体育是沟通的桥梁,也是激励亚洲青年一代不断追梦的力量。
“亚青会不仅是一场体育盛事,更是发掘未来奥运冠军的重要平台。”哈立德说,“我们相信,本届赛事将成为亚洲体育发展道路上的一个转折点,也展现出巴林在短时间内承办大型洲际赛事的能力。”他也对亚奥理事会的信任表示感谢。
亚奥理事会第一副主席霍震霆在致辞中高度评价了巴林的筹办工作,并感谢巴林在短短8个月时间内让赛事“重焕生机”。“这是规模最大的亚青会,象征着亚洲的团结与活力。”他说,“14至17岁的年龄段是传奇诞生的起点,未来许多亚洲乃至奥运冠军的征程,将从2025年的巴林开始。”
霍震霆还特别向观众、志愿者、媒体和赞助商表示感谢,称他们的支持是赛事成功的重要保障。
本届亚青会,中国代表团共派出435人参赛,其中运动员293名,包括148名女子运动员和145名男子运动员,将参加20个大项、191个小项的比赛。跆拳道运动员王文俊和手球运动员祝一凡担任中国代表团开幕式旗手。(完)
1,2,3. Artists perform during the opening ceremony of the 3rd Asian Youth Games at Exhibition World Bahrain in Sakhir, Bahrain, Oct. 22, 2025. (Bahrain Asian Youth Games Organizing Committee/Handout via Xinhua)
4. 10月22日,火炬手在开幕式上传递火炬。 当日,第三届亚洲青年运动会开幕式在巴林国际会展中心举行。 新华社发(巴林亚青会组委会供图)
5,6,7. 10月22日,中国代表团入场。当日,第三届亚洲青年运动会开幕式在巴林国际会展中心举行。 新华社发(巴林亚青会组委会供图)